ပဲကြော်

တူမတယောက်က တင်ထားတာ။ သူ့အမေကြော်တာလားတော့ မသိ။ မေးကြည့်တယ်။ မတ်ချွဲလား၊ မတ်ပဲလား။ တခု တမတ်လား။

ကျွန်တော်တို့ကျောင်းသားဘဝမှာ အကြော်တခု ၁၀ပြား။ တမတ်ဖိုး ၃ ခုရတယ်။ ခုခေတ်တမတ်က ဘာမှ မသုံးမကျ။

တခြားတိုင်းပြည်တွေမှာနေရတော့ မြန်မာပြည်က ပဲအမျိုးမျိုးထက်မက စားရတယ်။ ကနေ့ ပဲထမင်းတဲ့။ အဆင်သင့် ရောထားပြီးသား အထုပ်ကို ချက်ရတာ။ လွယ်သတဲ့။ ကျွန်တော်ချက်တာ မဟုတ်။ ပဲနီကို အနေတော် ခွဲပြီးသား။

စွန်တာနီပဲကို ကျောက်ပြားဝိုင်းကြီးနှစ်ခုနဲ့ ကြိတ်တာမျိုး ဘယ်တိုင်းပြည်မှ မတွေ့ပါ။ ကိုယ့်ဆီမှာသာရှိတာ။

ပဲစားသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး