အရေးယူခံရဖို့ နီးစပ်လာပြီထင်တယ်

ကွန်မင့်တခုက သတ်ပုံဆိုတာ ဘာသာတရပ်ရဲ့ ဥပဒေပါပဲခင်ဗျာ။ အရင်ခေတ်က တမျိး ဒီခေတ် တမျိုး အမျိုးမျိုး ရေးချင်သလိုရေးပြီး ပြောင်းချင်သလို ပြောင်းလာရင်တော့ သတ်ပုံဥပဒေနဲ့ငြိစွန်းပါတယ်ခင်ဗျာ။ ဥပဒေကို အာဏာက လုပ်ချင်သလို လုပ်လို့များရသလား မသိ တဲ့။

သတ်ပုံဥပဒေကို လိုက်ရှာတာ ခုထိတော့ မတွေ့သေး။ မြန်မာစာအဖွဲ့ ဥပဒေတော့ တွေ့တယ်။
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီ
မြန်မာစာအဖွဲ့ ဥပဒေ
[၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁၁]
ရန်ကုန်မြို့၊ ၁၃၃၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက်။
(၁၉၇၅ ခုနှစ်၊ နိုဝင်္ဘ࿿ာလ ၁၂ ရက်။)
[ ပြင်ဆင် : 10.11.1981, 14.09.1989 ]

သည်အတိုင်းဆို အရေးယူခံရဖို့ နီးစပ်လာပြီထင်တယ်။ ဖေ့စ်ဘွတ် အကောင့်ရှိသူတွေကနေ စွဲဆိုကြမယ်ထင်ရတယ်။

ကျွန်တော့်ဘက်ကနေ ရှေ့နေလိုက်ပေးသူကလည်း မရှိလောက်။ သတ်ပုံသက်သေခံစာတွေကလည်း တထောင်လောက် ရှိတာ။

၁၉၉၀ တုန်းကလို မျက်ကွယ်စီရင်မယ် ထင်ရတယ်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၅ နှစ်တဲ့။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၂၀

တခြားကမ္ဘာက ချစ်သူရယ်

ရှေးတုန်းက ရုပ်ရှင်ပါ။ ခုခေတ်ဆိုရင် တခြားရေးလို့ အရေးယူခံရမှာ။

မင်းသားကျော်ဆွေနဲ့က နာမည်တလုံးတူနေတယ်။ စောစောစီးစီး ပြောထားမှ။ ကျွန်တော်ရိုက်တဲ့ရုပ်ရှင် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး