စာအုပ်ထုတ်ဝေခြင်းဒုက္ခ

ဆရာ ကလေးအတွက် ကျန်းမာရေး ဆောင်းပါးလေးတွေရှိရင် ဖတ်ချင်လို့ပါ။

မေးနည်းပါ ဘလော့မှာ ဖတ်လိုတာ ရှာဖတ်နိုင်။

ကလေးကျန်းမာရေးစာတွေ စာအုပ်ထုတ်မလို့ ကြိုးစားနေတယ်။ ကျွန်တော်တင်တဲ့စာတွေကို စာရိုက်ကျနေတာ သတ်ပုံလွဲနေတာတွေကို ပြင်ပေးနေသူတယောက်ကို စာစစ်အကူအညီတောင်းတာ အတော်လေး ပြီးနေပြီ။  စာအုပ်ထုတ်ပေးချင်ပါတယ်လို့ ပြောလာသူတယောက်နဲ့ ထုတ်မယ်။ နှစ်ဦးလုံးက ဖရင်းတွေ။ ဖရင်း မဟုတ်ကြသေးလို့ နေရာရှာပြီး ထည့်ထားတယ်။

နောက်စာတွေလည်း ထုတ်ချင်သေးတယ်။ ရေးပြီးသားတွေက အများကြီး။ စစ်အစိုးရခေတ်တုန်းက စာပေနယ်ထဲက မိတ်ဆွေတဦးက ကျွန်တော့်စာတွေကို စာအုပ်ထုတ်ပေးမယ်လို့ ကမ်းလှမ်းလာတယ်။ ကလောင်နာမည်မရှိတဲ့ ကျွန်တော်က နာမည်ဝှက်တခုပါရွေးတယ်။ စာတွေကို ပေါ်လစီသတ်ပုံနဲ့သာ ရိုက်ရမှာဖြစ်လို့ စာအုပ်မထုတ်ခဲ့ပါ။

နိုင်ငံရေးဘဝဇာတ်ကြောင်းလည်း ထုတ်မလို့ ဆုံးဖြတ်လိုက်ပြီ။ ဆရာမောင်စွမ်းရည်က အက်ဒစ်လုပ်ပေးမယ် ပြောထားတာ ၂ နှစ်ရှိပြီ။ ဆရာ့ကို အားနာနေတယ်။ အဲလိုစာမျိုးက အယ်ဒီတာကောင်းလိုတယ်။ ခုခေတ်မှာ အယ်ဒီတာကောင်း အတော်ကိုရှားတာ။

တိုင်းပြည်ကနေထွက်ပြေးစက ဗလာစာအုပ်တွေထဲမှာ ဒိုင်ယာရီရေးခဲ့တာတွေ ခုနစ်အုပ်လောက်ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး