Fruits အသီး

ဘာအသီးဖြစ်ဖြစ် ကောင်းတယ်။ အသီးတခုခုအကြောင်းရေးလိုက်ရင် အဲတာတခုသာ သိပ်ကောင်းပြီး ကျန်တာတွေက မစွံသလိုလို ထင်တတ်ကြတယ်။ အဲလို မဟုတ်ပါ။ လူအများစားသုံးတဲ့ အသီးတိုင်း ကောင်းတယ်။

ဘာကောင်းသလဲ ရေးနေတာ စာဆန်လွန်းတယ်။ လူတိုင်း နေ့စဉ် မနက်ည မသင့်တာတွေနဲ့ ကြုံနေရတာ များတယ်။ ဆေးတွေ သောက်နေကြရတယ်။ မသင့်တာတွေကို ပြေပျောက် လျော့ပါးစေနိုင်တဲ့ဓါတ် အသီးတွေထဲမှာပါတယ်။ ဓါတ်အမည် မရေးတော့ပါ။

နေ့တိုင်း အသီးတမျိုးမျိုး စားသင့်တယ်။ အဆန်းတွေ မဟုတ်ပါ။ ရာသီပေါ်အသီးတွေ ကောင်းတယ်။ ဈေးကြီးတိုင်းလည်း ပိုကောင်းမယ် မထင်ပါနဲ့။ လတ်ဆတ်သန့်ရှင်းတဲ့ အသီးတွေ ကောင်းတယ်။

လူအများစားသုံးတဲ့ အသီးတိုင်း ကောင်းတယ်။ နေ့တိုင်း အသီးတမျိုးမျိုးကို စားပါလေ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး