ဘွဲ့ရပညာတတ်

ဆရာရေ လူတိုင်းက ဘွဲ့ရ ပညာတတ်တွေချည်းပဲမဟုတ်ပါဘူး သိချင်လွန်းလို့ သူ တတ်သလောက်လေး ရေးပြီး မေးတာ ဖြစ်နိုင်ပါတယ် နားလည်ပေးလိုက်ပါ ဒီလောက်ထိ စာလုံးပေါင်းမှားနေတာ တမင်ရေးတာမဟုတ်လောက်ပါဘူး။ မှန်ကန်အာင်မရေးနိုင်တာပဲဖြစ်မှာပါ

ဟုတ်တယ်၊ မှန်အောင်မရေးတတ်သူတွေက များတယ်။ ကွန်မင့်ကနေရေးကြတဲ့ ဆင်ခြေတွေထဲမှာ အလွယ်ရေးလို့ လို့က များတယ်။ မြန်မာစာ ဘာကြောင့်မှားရသနည်း ၁၀ ချက်ရေးတင်ပြထားတယ်။ ဘွဲ့မရသူ အတော်ကို ရှားပါးတဲ့ခေတ်မှာ အတန်းပညာကြောင့်ဆိုတာ နည်းနည်းသာမှန်တယ်။

ဘွဲ့ရပညာတတ်အသုံးက အတော်ဟောင်းနေပြီ။ အဲလိုသုံးခဲ့ကြတဲ့ခေတ်မှာ မြန်မာစာကို မှန်အောင်ရေးခဲ့ကြပါတယ်။ လွတ်လပ်ရေးရခါစ ဆယ်စုနှစ်တွေမှာ ပေါ်ခဲ့တာ။ လက်ဝဲစာပေလည်းထွန်းကားချိန်က ပိုက်ဆံချမ်းသာသူတွေရဲ့ ဖေါက်ပြန်မှုတွေကို ထောက်ပြခဲ့တယ်။ ဆိုရှယ်လစ်ခေတ်ရောက်တော့ ပညာတတ်တွေကို နှိမ်ခဲ့တယ်။ အဲဒီအထိ မြန်မာစာမှန်အောင်ရေးကြတယ်။ စစ်အစိုးရ ဒုတိယမျိုးဆက်ကစပြီး သတ်ပုံကိုနိုင်ငံရေးလုပ်ရာကနေ ကနေ့အထိ သတ်ပုံတွေကို မှားစေထားတယ်။

ပညာတတ်ဘွဲ့ရလူကြီး (ခန့်ဖြိုး)
တနေ့တနေ့ ရုံးတက်
အလုပ်မပျက် မရှုပ်မယှက်
လူရိုးကြီး ဦးခန့်ဖြိုး။
သူဌေးများက သဘောကျလို့
စိတ်ကြိုက် ရာထူးလေးတက်လို့
တဖြည်းဖြည်း လစာတိုး။
အိုစာတောင်ပူစရာမလို
စုမိ ဆောင်းမိ ရှိပေမယ့်
အရွယ်လွန်ကာ တယောက်တည်း
ကျင်လည်နေ စာအုပ်ကြီးအတိုင်း ဘဝမို့ အိုး။

ခေတ်သီချင်းတချို့က သတ်ပုံမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

အခုခေတ်မှာ ဘွဲ့ပေးသူတွေက သတ်ပုံမှားတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး