တညင်းပင်

ပို့စ်တခုမှာ ဒညင်းသီးလို့ရေးတယ်။
ကွန်မင့်တခုက ဓညင်းသီးလို့ရေးတယ်။
ပစ္စည်းကြော်ငြာတခုမှာ ဒညမ်းသီးလို့ တွေ့လိုက်တယ်။
ကွန်မင့်တခုက ဒညင်းပဲဖြစ်ဖြစ် ဓငြင်းပဲဖြစ်ဖြစ် အသီးကအသီးပဲ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မဝေဖန်ပါနဲ့လား။
ကွန်မင့်တခုက ကျေးဇူးပါဆရာဒညင်းသီးလို့သာသိခဲ့ရတဲ့အတွက်
ကွန်မင့်တခုက တညင်းလို့ ရေးရတာ အခုမှ သိပါတယ်ဆရာ ကျေးဇူးပါ

မြန်မာ့စွယ်စုံကျမ်းမှာ တညင်းပင်လို့ ရေးတယ်။ ဒိန်ညင်း၊ ဒညင်းလို့ အသံထွက်ကြတယ်။ အင်္ဂလိပ်လို Djenkol bean fruit (Archidendron jiringa Nielsen) လို့ခေါ်တယ်။

သတ်ပုံမှန်နဲ့သာရေးကြခေတ်မှာ မြန်မာစာ တတိုင်းမွှေးခဲ့ပါတယ်။ ခုတော့ တစ်မှ မွှေးကြသတဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး