သတ်ပုံစာ ဘယ်ဥပဒေနဲ့ ငြိစွန်းသလဲ မသိပါ

ဆရာ့ကို ဆန့်ကျင်ဖက်ပြောလိုခြင်းမဟုတ်ပါ။ ဒီနိုင်ငံမှာနေလို့ ဒီနိုင်ငံရဲ့ဥပဒေသကို လိုက်နာနေရခြင်းလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

သတ်ပုံစာ အဆက်တွေက များလှပြီး။

တိုင်းပြည်တိုင်းမှာ အမြင့်ဆုံးဥပဒေဆိုတာ ဖွဲ့စည်းပုံ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောဆိုနေသူအရေအတွက် များပါတယ်။

ကျွန်တော်က မှားနေတဲ့သတ်ပုံတွေကို မှန်စေချင်တယ်လို့ ထပ်ခါထပ်ခါ ပြောပါတယ်။ ဘယ်ဥပဒေနဲ့ငြိစွန်းသလဲ မသိပါ။ ကျွန်တော်မသိတဲ့ဥပဒေကို မလိုက်နာလို့ အရေးယူခံရတော့မှာလား။

ကြောက်လို့ဆိုပြီး အမှားတွေကိုတော့ လိုက်မရေးပါ။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး