Hysterectomy သားအိမ်ထုတ်ခြင်း

(ကန်တော့)

ဆရာရှင့် ကျွန်မ အသက် ၃၄ နှစ်ပါ ကလေးတယောက်ရှိပါတယ် ကျွန်မ သားအိမ်မှာ အကြိတ် (အကျိတ်) တွေ များကြီးဖြစ်နေတယ်လို့ ဆရာဝန်က ပြောပါတယ် သားအိမ် ထုပ် (ထုတ်) ရမယ်လို့ပြောပါတယ်  မထုပ် (ထုတ်) ချင်ပေမယ်လဲ သားအိမ်မကောင်းဘူးဆိုတော့လဲ ထုပ် (ထုတ်) ရတော့မယ် သားအိမ်ထုပ် (ထုတ်) ပြီးရင် ဝလာတယ် အိမ်ထောင်ရေးအဆင်မပြေတော့ဘူး အလေးအပင်လဲမ မရတော့ဘူး အမျိုးမျိုးပြောနေကြလို့ပါ သားအိမ်ထုပ် (ထုတ်) ပြီးရင် ဘယ်လိုဖြစ်လဲ ဘယ်လိုနေထိုင်ရမလဲ သိချင်လို့ပါ ဆရာ

သားအိမ်ထုတ်တာနဲ့တော့ ရာသီမလာ ကလေးမရတာသာဖြစ်မယ်။ မျိုးဥအိမ်တွေကျန်နေသေးရင် ဟော်မုန်း ဆက်ရနေမယ်။ အလေးအပင်ဆိုတာ ဗိုက်ခွဲလူနာတိုင်း အချိန်တခုထိသာ သတိထားရတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး