နက်တဲ့ မည်းတဲ့ ခေတ်

ရေနံဆီမီးခွက်ပို့စ်အောက်မှာ ကွန်မင့်တခုရတယ်။ ငယ်ငယ်က သုံးခဲ့ဖူးတယ် ဖယောင်းတိုင်ဖိုး မတတ်နိုင်လို့ တဲ့။

ကိုယ်ချင်းစာနိုင်တယ်။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝမှာ စစ်အစိုးရပဌမအသုတ် တက်တယ်။ တစတစနဲ့ ပစ္စည်းတွေ ရှားရှားလာတယ်။ ရေနံဆီ၊ ဖယောင်းတိုင်နဲ့ စက္ကူ။ အားလုံးက ကျောင်းသားတွေအတွက် အသက်။

ကျွန်တော့်မိဘတွေက စည်းကမ်းကောင်းတယ်။ နေ့တိုင်း နေ့ခင်းကတည်းက ဖယောင်းတိုင်လေးတွေကို စဥ့်ရည်သုတ် ရေအင်တုံမှာ ရေစိမ်ထားရတယ်။ ဖယောင်းတိုင်တချောင်းဟာ တနာရီတိတိခံတယ်။

ပညာတွင်း နက်တဲ့အပြင် မည်းခဲ့တယ်။ စစ်အစိုးရတွေက ပညာရေး နက်စေ မည်းစေရေးမှာ အတော်ကိုထူးချွန်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး