Cleaning အမှိုက် နှင့် အိမ်ဦးခန်းပိုစတာ

Hi ကူးစက်ရောဂါအောက်မှာ ဥပေက္ခာရှေ့ထားမှ ဖြစ်မယ်ထင်တယ်ဆရာ တဲ့။

ဥပေက္ခာစကားလုံးက အဓိပ္ပါယ်လေးနက်တယ်။ လွယ်လွယ်လေးသာ ပြောပါရစေ။

ကျွန်တော်က ကိုယ့်နေရာလေးမှာ နေ့တိုင်း အမှိုက်ရှင်းတယ်။ အမှိုက်ဆိုတာ တယောက်နဲ့တယောက် မတူပါ။ အသုံးမကျတာ မမြင်ချင်တာကို အမှိုက်လို့ယူဆတယ်။ တချို့လူတွေအတွက်တော့ ဧည့်ခန်းနဲ့ အိမ်ဦးခန်းမှာထားတာမျိုး ဖြစ်ကောင်းဖြစ်ပါမယ်။ ကန်တော့။ ဆောရီး။

ကျွန်တော်က အကောင်ပုံတွေကို မနှစ်သက်ပါ။ အင်တာနက်လမ်းပေါ်က ကောက်ရတာတိုင်းကို မကြိုက်ပါ။ လိုချင်တာဆိုရင်တော့ ဂူဂယ်လ်ဆာ့ခ်ျမှာ မရ ရအောင် လိုက်ရှာတယ်။ ကြိုက်စကားလုံးနဲ့ ပါးစပ်ကြီး ဖြဲပြနေတဲ့ပုံ အစားမထိုးပါ။

လက်အုပ်ချီတဲ့ပုံကို တကယ်ဟုတ်တယ် မထင်ပါ။ ဆရာလို့ခေါ်ဆိုတဲ့အသုံးနဲ့ ဟိုင်း တန်ဖိုးတူ မထားနိုင်ပါ။

ကိုယ့်နေရာလေးမှာ အမြဲတမ်း အမှိုက်ရှင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး