မှားနည်း မတူပါ

မှားနည်း မတူပါ

ကွန်မင့်တခု -မတစ်ဘဲနေမှာဆိုးလို့ တစ်ခိုင်းတာပါ တဲ့။

ဆိုး နဲ့ စိုး မှားနေတယ်။

ဆိုး နဲ့ စိုး၊ တက် နဲ့ တတ်၊ ပျောက် နဲ့ ပြောက်၊ အဲတာမျိုးက သတ်ပုံမတတ်လို့ မှားတာ။

ရ ကို က လို့ရေးတာ၊ P ထည့်ရေးတာ၊ မှု့ ရေးတာ၊ အဲလိုဟာက ထွင်တာ။

မှာ ကို မာ၊ တွေ ကို တေ၊ ပြီး ကို ပီး၊ ဖြစ် ကို ဖစ် ရေးတာတွေက မတတ်တာရော ထွင်ချင်တာရော ရောပြီး မှားကြတာ။

ဟိုအရင်က တ အမှန်တွေကို စသတ်ခိုင်းတာက မြန်မာစာအဖွဲ့အမှား။

မှားနည်းတွေ မတူပါ။ ဘယ်လိုမှားမှား၊ အမှားတိုင်းက အမှန်မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး