လယ်တောသူ

ရေး - စန္ဒရားလှထွတ်

မိုးဦးကျ ဝသန်ခါမီ ရောက်ပြီဆိုမှဖြင့် လယ်တောဆင်းကြသည် အသင်းအဖော်များနှင့်သည် တေးတကျော်ကျော် ကျူးကာသီ သံပြိုင်ဆိုညီ ကောက်စိုက်ဆင်းကြပြီ

ရှစ်ခွင်တိုင်းဆီ မှိုင်းမှုန်လို့ရည် မိုးတွေတဖွဲဖွဲ စီးကျခဲ့ပြီ ပျိုလေးမေဖော်တသင်းတို့ ချမ်းအေးလှပေါ့အတည်

စိုရွှဲလို့ တနေကုန်သာပင် ကောက်စိုက်ပါရသည် ညိုနွဲ့တို့ ပြန်ချိန်တန်ရင် အရောက်လိုက်လာခဲ့မည် ခေါ်ထားခဲ့ရက်နဲ့ ဘာကြောင့် ပေါ်မလာသည်

စိတ်ဘဝင် မအေးပြီ သူတော့သာ အိမ်ပြန်ရောက်မှ အတိုးချ ချစ်ပြမည်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၂၀

Comments