အခွင့်အရေးတရပ်

ဗဂျီအောင်စိုး၏ အမှာ
၁၂-၅-၅၁ ခုနှစ် မြန်မာရိုးရာပန်းချီ ပြန်လည်ဆန်းသစ်ရေးကော်မတီ၏ ပန်းချီပြပွဲတွင် ဥက္ကဋ္ဌကြီး မိန့်ခွန်းသည်ပင် ကျနော် အိန္ဒိယပြည် ဘဂေါလ်နယ် စံတိနီကေတန်အရပ်ရှိ ကမ္ဘာကျော်စာဆို ကဗျာကဝိကြီး ဒေါက်တာ ရာဘင်ဒြာနတ်တဂိုး၏ ဝိသာရဘာရတီ တက္ကသိုလ်ကျောင်းတော်ကြီးသို့ အိန္ဒိယအမျိုးသားပန်ချီ ပြန်လည်ဆန်းသစ်ရေးနှင့် အရှေ့တိုင်းရိုးရာ ပန်းချီများကို လေ့လာဆည်းပူးစေခွင့်ရရန် အခွင့်အရေးတရပ်ကို ပေါ်ပောက်လာစေခဲ့ပါသည်။

ဗဂျီအောင်စိုးဟာ ထူးခြားတဲ့ပန်းချီပညာရှင်တဦးဖြစ်တယ်။ သူ့အနုပညာအမည်မှာ ဗဂျီလို့သုံးပြီး ပန်းချီပညာကို ရေးသားရာမှာ ဗ နဲ့ မရေးပါ။
အလားတူ အလွန်ထင်ရှားတဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းဟာလည်း သူရေးတဲ့ သမိုင်းစာတွေမှာ ပုကံလို့ရေးပေမဲ့ ပုဂံဝန်ထောက်ဦးတင်အမည်ကို အမည်ရင်းအတိုင်းသာ ရေးပါတယ်။

အဲတာတွေဟာ ပညာစစ်မှန်ပြီး တပါးသူတွေကို လေးစားရာကျတယ်။

သတ်ပုံတွေကို အမိန့်အာဏာနဲ့ပြင်ထားတဲ့ခေတ်မှာ မူရင်းစာတွေကို သတ်ပုံပြင်ပြီး ထုတ်ဝေကြတယ်။ ဒေါင်းလုဒ် လုပ်ကြတယ်။ အွန်လိုင်းမှာတင်နေကြတယ်။ လေးစားသမှု မရှိရာကျတယ်။ စော်ကားတာဖြစ်တယ်။ ပညာမဲ့ရာကျတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး