ဝေဿန္တရာဇာတ်နိဒါန်း

သဗ္ဗညုမြတ်စွာဘုရားသည် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ နေတော်မူသောအခါ ကြာတော၌ ရွာသောမိုးနှင့်တူသော မိုးကို အကြောင်းပြု၍ ဖုဿတိဝရဝဏ္ဏာဘေ အစရှိသော ဂါထာတထောင်တို့ဖြင့် တန်းဆာဆင်အပ်သော ဤဝေဿန္တရာဇာတ်တော်ကို ဟောတော်မူ၏။

မင်းပူးဆရာတော်ဦးသြဘာသပြုစုတဲ့ ဝေဿန္တရာဇာတ်တော်ကြီးစာအုပ်ကို ၁၉၅၄ ခုနှစ်မှာ ရိုက်နှိပ်တယ်။ ကျွန်တော်တို့ ၇ တန်းမှာ ပြဋ္ဌာန်းတယ်။

ခုခေတ်မှာ မင်းပူးဆရာတော်ဦးသြဘာသထက် မြန်မာစာတော်ချင်ယောင်ဆောင်သူတွေက တထောင်ကို တထောင်လို့ မရေးကြပါ။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး