မုန်း

တင့်တင့်ပပ သင့်အလှကို
ဗန်းပြဂုဏ်တင် တန်ဆာဆင်၍
အစဉ်အမြဲ ဘဝင်ထဲဝယ်
လှိုက်လှဲငြိငြိ ကိုယ်ချစ်မိ၏။

ကြည်ကြည်မြမြ ရှုမဝသည့်
ထွန်းပသစ်သစ် လျှပ်စစ်တနှုန်း
သင့်အပြုံးကို နှလုံးစွဲကြိုက်
အသဲခိုက်မျှ စွဲမိရ၏။

အပြုံးအလှ
နှစ်ကဏ္ဍ၌ ဆုံးစမတည်
တလည်လည်ဖြင့် စုန်ချည်တချက်
ဆန်တက်တဖုံ တွေ့ကြုံရင့်မာ
နောက်အခါဝယ် သွယ်သွယ်အလှ
မြမြအပြုံး နှစ်ရပ်လုံးကား
ကြော့ထုံပမာ သင့်မာယာမို့
ရှောင်ခွာဖယ်ပုန်း အလွတ်ရုန်းမည်
အမုန်းဆင့်ဆင့် ပွားပွားတည်း။ (မောင်မြတ်စံ)

သတ်ပုံမှတ်ခေတ်က ကဗျာ။ ခုခေတ်ကဗျာဆရာတွေကတော့ လျှပ်စစ်တစ်နှုန်း သင့်အပြုံးတဲ့။ ကာရန်ပိုညီတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး