အာပုံသည်လုပ်တဲ့ ကုလားမလေး

အာပုံဆိုတာ ဘာလဲခင်ဗျ

အာပုံသည်လုပ်တဲ့ ကုလားမလေးရဲ့ မန်ကျည်းငုတ်တို ဘိုကေတထောင်မှာ တယောက်လောက်တော့ စွဲကောင်းပါရဲ့ကျွဲမ ကျွဲမ အသားညို

ကျွဲမသီချင်းကို နန်းတော်ရှေ့ဆရာတင်ကရေးပြီး မကြည်အောင်က စတင်ဆိုခဲ့ပါတယ်။ ခုခေတ်ပြန်ဆိုသီချင်းတွေရဲ့ နောက်ခံစာသားမှာတော့ သတ်ပုံအမှန်အတိုင်း မရေးကြတော့ပါ။ မန်ကျည်းမှား၊ တထောင်မှား၊ တယောက်မှား။

အာပုံမုံ့လုပ်နည်း တင်ထားတာမှာလည်း သတ်ပုံတွေ အတော်လွဲနေတယ်။

အစာပြေ (အဆာပြေ) လုပ်စားနိုင်ဖို့ အာပုံမုန့် လုပ်နည်းလေးပါ။ အုန်းနို့ကြောင့် ချိုစိမ့်ပြီ (ချိုဆိမ့်ပြီး) အရမ်းလည်း စားကောင်းတယ်။ လုပ်နည်းလေး ကြည့်ရအောင်

သီချင်းတွေ ဘယ်လောက်ကောင်းကောင်း၊ အဆိုအကတွေ ဘယ်လောက်ကောင်းကောင်း၊ စားစရာတွေ ဘယ်လောက်ကောင်းကောင်း ရေးသားတဲ့စာတွေ သတ်ပုံမမှန်ရင် ဘာတခုမှ ကြည့်မကောင်းတော့ပါ။

မြန်မာစာ ကျွဲမအသားညို ဖြစ်သွားရရှာပြီ။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး