ရေနံဆီမီးခွက်

ကနေ့ လူရိပ်မြင်ရမှသာ လင်းတဲ့မီးသီး အိမ်ပြင်တနေရာမှာ တပ်တယ်။ ဒိအရင်က အိပ်ခန်းထဲမှာ မှောင်မှသာလင်းတဲ့ မီးသီးသေးသေးလေး တပ်ထားတယ်။

ကျွန်တော်ငယ်ငယ်ငယ်က ရေနံဆီမှန်အိမ်နဲ့ ရေနံဆီမီးခွက်နဲ့သာ ခုနစ်တန်းလောက်အထိ စာကြည့်ခဲ့ရတယ်။ တခါခါ ဖယောင်းတိုင်မီးနဲ့။ ဖယောင်းတိုင်တချောင်း တနာရီအကိုက်။ တညတချောင်းကုန်အောင် စာဖတ်ပြီးတော့မှ အိပ်ရတယ်။ ရေနံဆီ ဝယ်မရတဲ့ခေတ်မှာ ဆရာဝန်ဖြစ်ပါတယ်။

ခုခေတ်ကျောင်းသားတွေ ကံကောင်းကြတယ်။ ပညာအလင်းရောင် အလွယ်တကူ ရကြတယ်။ လူလာရင် လင်းတဲ့ခေတ်၊ မှောင်ရင် လင်းတဲ့ခေတ်။ ပညာအစစ်တွေ တတ်မြောက်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၁၉
၂၂-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး