တညတုန်းက

လွန်ခဲ့တဲ့ နှစ် ၃၀ တိတိက ညမှာ မြန်မာ့ရုပ်မြင်သံကြားကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်း ခံရသူတွေစာရင်းတွေ စပြီးကျေညာတယ်။ အနိုင်ရတာသိထားပြီးဖြစ်လို့ ထူးပြီး ဝမ်းသာအယ်လဲ မဖြစ်ခဲ့ပါ။ နောက်ရက်တွေကစပြီး အစိုးရထုတ်သတင်းစာတွေမှာ စာရင်းတွေပါတယ်။ စာရွက်ပေါ်မှာတော့ အမတ်ဖြစ်ပြီပေါ့။

တညတုန်းက အရွေးခံရ၏။
တညတုန်းက လာဖမ်းကြ၏။
တညတုန်းက ထွက်ပြေးရ၏။
တညတုန်းက တိုင်းပြည်တခုကနေ နောက်တိုင်းပြည်တခုကို ပြောင်းရွှေ့နေထိုင်ဖို့ ထွက်ခွါရ၏။
တညတုန်းကလို့ ရေးတဲ့ခေတ်မှာ မြန်မာစာသင်ခဲ့ရ၏။ တစ်ညလို့ရေးလာကြတဲ့ခေတ်မှာ လသည် ညစ်ထေးနေ၏။
တညတုန်းက လသာ၏။ တညတုန်းက လကွယ်၏။
တညတုန်းက မိသားစုကို ထားရစ်ခဲ့ရ၏။ တညမှာတော့ မိသားစု ပြန်လည်ဆုံနိုင်ခဲ့ကြ၏။
တိမ်ဖုံးသော်လည်း နှစ်သုံးဆယ်က လကို ကနေ့ည ပြန်မြင်ရမည်ဖြစ်၏။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး