မိုးစွေငှက်သို့

မိုးစွေငှက်ကဗျာကို ဆရာဇော်ဂျီ ၏ ကဗျာတွင် ဖတ်ရပါတယ်ဆရာ။

ဆရာဇော်ဂျီကဗျာပေါင်းချုပ်ထဲမှာ မိုးဆွေငှက်လို့ ၁၉၃၂ ခု ဖေဖော်ဝါရီလထုတ် ဂန္တလောကမဂ္ဂဇင်းထဲကဆိုပြီး ပြန်ထုတ်ထားတယ်။ ၁၉၉၈ ပြန်ထုတ်စာအုပ်မှာ သတ်ပုံတွေ အတော်မှားနေတယ်။ မသုံးချင်ပါ။

မိုးစွေငှက်သို့

မြူးကာပျံကာ၊ တေးသီကာနှင့်
မိုးမှာပျော်နေ၊ ငှက်မိုးစွေ
မြေမှာပေါက်ဖွား၊ မြေဆီစားလျက်
မြေသားကိုမေ့၊ မိုးတွင်မွေ့လည်း
တနေ့ခါတွင်၊ မိုးသက်ဆင်သော်
အသင်မြေသို့ သက်လိမ့်တကား။

သီတာသင်း (ဝါးခယ်မ)

ဒေါက်တာတင့်ဆွေ
၂၃-၅-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး