France ပြင်သစ်

French ကို မြန်မာတွေက ဘာကြောင့် ပြင်သစ်လို့ ခေါ်ရတာလဲဆရာ

မြန်မာ့စွယ်စုံကျမ်းမှာ ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့။

ကိုကိုမောင်ရေးခဲ့တာ ပါရီတွင်သောင်တင်ခဲ့စဉ်ကလို့ ရေးတယ်။ မှတ်မိသလောက် အဲတာထဲမှာ ပြင်သစ်လို့ ရေးမယ် ထင်တယ်။

ကင်းဝန်မင်းကြီးရေးတဲ့ လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်းစာတမ်းမှာ ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့လို့ရေးတယ်။ သူက အဲဒီနိုင်ငံကို အစောဆုံးရောက်ခဲ့သူလို့ ယူဆရတယ်။ သေချာတာတော့ မှတ်တမ်းတင်ခဲ့သူဖြစ်တယ်။

ကျွန်တော်လည်း ဒိထက် မသိသေးပါ။ ဆောရီး။

ကင်းဝန်မင်းကြီးက နံနက်တချက်ထိုးအချိန်လို့ ရေးပါတယ်။ ကင်းဝန်မင်းကြီးထက် မြန်မာစာတော်သူတွေကတော့ တချက်ကို တချက်လို့ မရေးကြပါ။

ကွန်မင့်များ
၁။ ပြင်သစ်က မွန်တွေရေးနဲ့နာမည်ပါ Francis ကို မွန်တွေက ပြင်သေတ် /pran sis/ လို့ခေါ်ပါတယ် အင်းဝ အနှစ်လေးဆယ်တိုက်ပွဲထဲက ထိတွေခေါ်ဝေါ်ခဲ့တဲနာမည်ပါ ပြင်သေတ်ကို ဗမာသံနဲ့ဖတ်ပြီး ပြင်သေတ် အသံထွက်တာပါ သေတ္တာ လို သေတ် လို့ဖတ်ခဲ့ပေမယ့် အသံတူ သစ် နဲ့အစားထိုးရေးသားပြိး အခုထိ ပြင်သစ်ဖြစ်နေတာပါ စကားလုံးပြောင်းလဲမှုက ပန်းဆယ်မျိုးထဲက ပန်းပဲမြို့နာမည်ထဲက ဖျာပုံ တို့နဲ့ ပုံစံဆင်ပါတယ်

၂။ မိုးကုတ်ကျောက် လုံးချောသွေးပြီးသားတွေကိုလည်း ပါရစ်လို့ပဲ ခေါ်ကြပါတယ်ဆရာ။ ပြင်သစ်နိုင်ငံ ပါရစ်မြို့ရဲ့ဈေးကွက်မှာ လူကြိုက်များလို့ပါ။ ဖျာပုံက ဖျာပုင်ကို ဗမာလိုဖတ်ပြိး ပုင် အစား ပုံ ပြောင်းလိုက်တာ ပန်းဆယ်မျိုးထဲက ပန်းပဲက မူရင်းပါဠိစကားလုံး ပညာမှ ဉာ ဖြုတ် ပဉ် (ပန် /ပွန်း/ နဲ့အသံတူ) ကနေ မွန်စကားလုံး ပအေက်သဆင့်နောက်ပစ် နဲ့ရေးတဲ့ /ပစူးဝ်/ ကို ဗမာသံနဲ့ဖတ်ပြိး အသံထွက်လို့မရတဲ့ သဆင့်ကို ဖြုတ်ပြိး ပန်းပဲ ဖြစ်နေတာပါ အခြားပန်းတွေဖြစ်ပြိး ဗမာလို အဓိပ္ပါယ်လှယ်လို့မရတဲ့ ပန်းတမော့ (ကော်က္ပညာသို့ ကော်က္ဆစ္ပညာ) ပန်းတော့(စုလစ္မြန࿿းချြန࿿း အလွဆင္ပညာ) နဲ့ ပန်းတည်း (ကြေးပညာ သို့ ကြေးသြန࿿းပညာ) (တ္မံ= ကော်က࿿, ဍအ်= ဖောင࿿းကြ, တေ=ကြေး) တွေကျတော့ အသံကနေ လှယ်ထားတာပါ

ဒေါက်တာတင့်ဆွေ
၁-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး