ချမ်းသာ ဆင်းရဲ

တောသားတွေက လယ်တွေယာတွေအကြောင်း ပြန်ပြောင်းအောက်မေ့တတ်ကြတယ်။ တချို့က ဟိုအရင်က စာသင်ခဲ့ရတဲ့ ကျောင်းအိုအကြောင်း ပြန်ပြောင်းရေးသားကြတယ်။ တချို့က ဆင်းဆင်းရဲရဲနေခဲ့ကြရတဲ့ မိအိုဖအိုတွေကိုလည်း သတိတရ ဖွဲ့နွဲ့သီကုံးလေ့ရှိကြတယ်။

ကျွန်တော်လည်း အဲလိုလူတွေမှာပါတယ်။ သူများထက်ပိုကဲ ရေးပါသေးတယ်။ မြန်မာစာကို သတ်ပုံမှန်နဲ့ သင်ယူ ဖတ်ရှုခဲ့ရပါကြောင်း။

အခုတော့ လယ်တွေယာတွေမှာ နွားရှားလာပြီတဲ့။ တဘက်နိုင်ငံပို့စရာတွေသာ ရွေးစိုက်နေကြပြီတဲ့။ ကျောင်းအိုတွေကို ဆေးသာသုတ်ပေးနိုင်ကြတယ်။

ကျွန်တော့်ရဲ့ စက်ဘီးအိုနဲ့ဆရာပျိုတွေ၊ မြန်မာစာမိအိုဖအိုတွေကို အစားထိုးမရတော့ပါ။ အဲလိုချမ်းသာတဲ့ခေတ်ကို ကြုံခဲ့ရဖူးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၂၀

Comments