ဥပုသ်စောင့်သူ

သူက သွေးတိုးနည်းနည်းနဲ့ ကိုလက်စထောနည်းနည်းရှိတယ်။ ဆီးချိုကိုလည်း သတိထားနေသူ။ ဆားမပါ သကြားမပါ။ ဒီအရပ်မှာ ဈေးချိုတဲ့ ဘရိုကိုလီပြုတ်ပြီး အရည်လုပ်ထားတာ။

ရောဂါတွေမရှိသေးသူကတော့ အားနာနာနဲ့ အုန်းထမင်းနဲ့ အမဲသားဟင်း၊ ချဉ်ပေါင်ချဉ်ရည်၊ ပုစွန်ခြောက်နဲ့ ငရုတ်သီးကြော် စားတယ်။

ချဉ်ပေါင်ရွက်က တနှစ်စာ ရေခဲခန်းထဲသိမ်းထာတာ။ အသစ်မပေါ်ခင် ကုန်အောင်ရှင်းရမယ်။ အသီးအရွက် လတ်လတ်ဆတ်ဆတ် စားရသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၃၀-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး