နှာခေါင်းစည်း တပ်မထားလျှင်

နှာခေါင်းစည်း မတပ်ထားလျှင်ဆိုတဲ့ သတိပေးစာတခု တွေ့လိုက်တယ်။ အဓိပ္ပါယ်တော့ မလွဲပါ။ သဒ္ဒါလွဲနေတယ်။ မ ထည့်ရင် စာလုံးအတော်များများ အနှုတ်သဘော၊ မလုပ်သဘော ဖြစ်စေတယ်။

မက၊ မကြိုက်၊
မချစ်၊ မခေါ်၊
မငန်၊ မငိုက်၊
မစား၊ မစဉ်းစား၊
မဆော့၊ မဆူ၊
မညည်း၊ မညာ၊
မတား၊ မတွန်း၊
မထိုင်၊ မထ၊
မနား၊ မနေ၊
မပန်း၊ မပြော၊
မဖမ်း၊ မဖိ၊
မဘတ်၊ မဘိတ်၊
မမူး၊ မမော၊
မရယ်၊ မရပ်
မလာ၊ မလိုက်၊
မဝ၊ မဝေး၊
မသွား၊ မသိ၊
မဟ၊ မဟုတ်၊
မအ၊ မအောင်၊

နှာခေါင်းစည်း တပ်မထားလျှင်လို့ရေးတာက ပိုမှန်တယ်။ မတပ်ထားလျှင်ဆိုတာ မတပ်ပဲထားခဲ့သလား စဉ်းစားရတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး