ဇရပ်နံရံမှာ စာမှားရေးတာနဲ့တူတယ်


ကွန်မင့်ကနေ မေးတယ်။ ကျမအသက်27 ခလေးနယောက်ရှိတယ်ခုအငယ်လေးက 6 နစ်ရှိပြီ နောက်ထပ်လိုချင်လို့ ဆေးဖြတ်တာ လွယ်လွယ်မရတေးဘူးဖြစ်နေတယ်ဆရာ ကျမဘာတေလုပ်သင့်လည်း

မေးနည်းကို အကြိမ်တထောင်လောက်တင်တယ်။ နေ့တိုင်း ထပ်ထပ်တင်တယ်။ ကွန်မင့်ကနေ မမေးပါရန်လို့ ပါတယ်။ ကွန်မင့်ဆိုတာ သာလာယံဇရပ်နဲရံမှာ စာရေးတာနဲ့တူတယ်။ လာတဲ့လူတိုင်းက ရေးထားတာကို ဖတ်နိုင်ကြတယ်။

မေးခွန်းမှာ နယောက်လို့မှားရေးထားတာကို လူတကာသိမယ်။ မရတေးဘူးလို့ မှားရေးထားတာကို လူတကာသိမယ်။ ကျမဘာတေလို့မှားရေးထားတာကို လူတကာသိမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ