မေးခွန်းတရာ လေ့လာရေး

ညက အိပ်ရာထဲမှာ စဉ်းစားထားတယ်။ မနက်လင်းရင် လာသမျှမေးခွန်းတွေကို ဆန်းစစ်မှုလုပ်မယ်။ မေးခွန်းတရာ။

၁။ ကျား ဘယ်နှစ်ယောက်၊ မ ဘယ်နှစ်ယောက်၊ ကလေး ဘယ်နှစ်ယောက်၊
၂။ အသက် ကျား မ မပြောကြလို့ မေးနည်းပို့ရတာက ဘယ်နှစ်ယောက်
၃။ သတ်ပုံပြင်စရာမလိုတာ ဘယ်နှစ်ခု၊
၎။ ဖေါင့်ပြောင်းဖတ်ရတာက ဘယ်နှစ်ခု။
၅။ ကွန်မင့်ကနေမေးတာက ဘယ်နှစ်ခု၊
၆။ မေးတာမဟုတ်ဘဲ လင့်တွေ၊ ဗီဒီယိုတွေ၊ တရားစာတွေပို့တာ ဘယ်နှစ်ခု၊
၇။ ကွန်မင့်မှာ အရုပ်တွေ စတစ်ကာတွေ လာတင်တာက ဘယ်နှစ်ခု၊
၈။ ဘလော့ရတာ ဘယ်နှစ်ယောက်။

အခုတော့ မလုပ်ဖြစ်သေးပြန်။ မေးခွန်းတွေ့တာနဲ့ ဖြေလိုက်ပြီ။ မှတ်ထားချိန်ကမရ။ ပြန်ရှာနေရင် အချိန်က အတော် ကုန်မှာ။ မေးခွန်းလာစရာနေရာတွေက မက်စင်ဂျာ၊ ဖစ်လ်တာမက်ဆေ့ခ်ျ၊ အင်ဘောက်စ်နဲ့ အီးမေးလ် ပြန်ရှာရာတာ ခက်သေး။ ဖျော်ထားတဲ့ကော်ဖီ အေးသွားလို့ ပြန်နွေးပြီး ဒီစာရေးတယ်။ ဆက်ဖြေရဦးမယ်။ ဖေါင့်ပြောင်းရမယ်၊ မေးနည်း ပို့ရမယ်၊ သတ်ပုံတွေ ပြင်ရမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး