ပဋိသန္ဓာရ သာရဏီယ စကား

ကွန်မင့်တခု ရတယ်။ Hi ဆိုတာ လေးစားမှု နည်းတဲ့ အာလုပ်စကား ဖြစ်တယ်လို့ မြင်ပါတယ် ဆရာ တဲ့။

ဟုတ်။ တမြန်နေ့က ရေးလိုက်သေးတယ်။

သိဝိရာဇ်မင်းကြီး အသို့နည်း၊ မင်းကြီးအား အနာဆင်းရဲ ကင်းပါ၏လော၊ သစ်သီး သစ်မြစ် မျှလောက်ပါ၏လော၊ သစ်သီး သစ်မြစ်တို့ကို ရလွယ်ပါ၏လော၊ မှက် ခြင် ကင်း သန်း နည်းပါ၏လော၊ သားရဲတို့ဖြင့်ပြွမ်းသော ဤတောအရပ်၌ ဘေးအန္တရာယ်မရှိ ငြိမ်းချမ်းပါ၏လော။

ဝေဿန္တရာမင်းကြီးထံမှ မိဖုရားကြီးမဒ္ဒီဒေဝီကို အလှူခံရန်အလို့ငှာ သိကြားမင်းက ပုဏ္ဏားအသွင်နဲ့ လာရောက်စဉ်မှာ စတင်ပြောဆိုတဲ့ ပဋိသန္ဓာရ သာရဏီယစကား ဖြစ်ပါတယ်။ သာရဏီယဆိုတာ မပြတ်အောက်မေ့အပ်သောစကား။

ပါဠိ မသိချင်နေပါ။ တဦးနဲ့တဦး အပြန်အလှန် လေးစားသမှုစကားမျိုး ပြောဆိုအပ်တာကိုတော့ သိကြစေချင်တယ်။ အင်္ဂလိပ်လို ဟိုင်းတတ်သူတွေ ဗမာစာနဲ့ ဆရာလို့တော့ ရေးတတ်ကြမှာပါ။ ကျွန်တော့အတွက်တော့ မင်္ဂလာအထိ မလိုအပ်ပါ။ မင်္ဂလာရေးကြတာ တဝက်လောက်က မဂ်လာတဲ့။ ယောက်ျားလည်း မှန်အောင်ရေးတတ်သူရှားတယ်။

ခုခေတ်တော့ ဇူဇကာပုဏ္ဏားကလည်း ဟိုင်း၊ သိကြားမင်ကလည်း ဟိုင်းတဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး