Posts

Showing posts from May, 2016

Well Done လူမရောက် အလှူရောက်၏

Image
ဆရာရေ သမီးလေး တနှစ်ပြည့်၊ မော်လမြိုင် ကျိုက္ခမီ ရေလယ်ဘုရားဖူး သွားပါတယ်။ ၂၈-၂၉ မေလ ၂ဝ၁၆ ကပါ။ ကိုယ်ဝန်နဲ့ထဲက မေးသမျှ သိချင်သမျှ ဖြေကြားပေးတဲ့ ဆရာကို ကျေးဇူးတင်ပါတယ်။ ဆရာနဲ့ အန်တီ့အတွက်ကိုလည်း ငွေလှူခဲ့ပါတယ်။ ဆရာ သာဓုခေါ်နိုင်အောင်ပါ။ ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။့ အော့့် ဆရာ အဲဒီကို တခါမှမရောက်ဖူးသေးပါ။ ဆရာ့ကိုယ်စား အလှူတော့ရောက်သွားပြီပေါ့။ ကံတရားဆိုတာ အင်မတန်ဆန်းကြယ်တယ်။ ရေစက်ဆိုတာ အဲလိုနဲ့ ဆုံဆည်းကြရတယ်။ သံသရာမှာ အဲလိုပါပဲ။ ကောင်းမှုဆိုတာ စိတ်ထဲကနေလာပြီး စိတ်ကနေဖြစ်မြောက်စေနိုင်တာလည်းရှိတယ်။ လူရောက်စရာ လိုချင်မှလိုတယ်။ မိသားစု ကျန်းမာချမ်းသာကြပါစေ။ ဒေါက်တာတင့်ဆွေ ၁-၆-၂ဝ၁၆

Gallbladder cancer သည်းခြေအိတ်ကင်ဆာ

Image
ဆရာရှင့် သမီးအမေ သည်းခြေအိတ် ထုတ်လိုက်ရပါတယ်ဆရာ။ သည်းခြေအိတ်မှာ ကျောက်မဟုတ်ဘဲ အသားလုံး အသေးလေ သုံးလုံးဖြစ်နေပါတယ်။ ဘိုင်အိုစီ စစ်ကြည့်တဲ့အဖြေက ကင်ဆာလို့ပြောပါတယ်။ ကင်ဆာဆို သမီးအမေ သက်တန်းစေ့နေနိုင်ပါ့မလားဆရာ။ ဘယ်လိုတွေဆက်လုပ်သင့်ပါသလည်းရှင့် ဘိုင်အိုစီ စစ်ထားတာကို ဆရာကို ပြခြင်လို့ပါ။ စိုးရိမ်ရပါသလားရှင့်။ အခုတော့ သည်းခြေအိတ်ခွဲထုတ်ထားတာ 5 ရက်ရှိပါပြီ ပိုးသတ်ဆေးထိုးတာတောင် နာလို့ ငိုပါတယ်ဆရာ။ အမေက ဆရာကိုမေးပေးပါတဲ့ လေးစားစွာဖြင့်။ သည်းခြေအိတ်ကင်ဆာ အဖြစ်မများပါ။ ဖြစ်တာကိုစောစောသိလို့ကုသရင် အလားအလာကောင်းတယ်။ ကံမကောင်းတာက နောက်ကျမှ သိတာများတယ်။ ရောဂါသိဘို့လုပ်ရတာလည်းခက်တယ်။ တိကျတဲ့ရောဂါလက္ခဏာ မရှိသလို ဖြစ်လို့ပါ။ ဗိုက် (ညာဖက် အပေါ်ပိုင်း) အောင့်မယ်။ ရင်ပြည့်သလိုနေမယ်။ ယားမယ်။ ဖျားမယ်။ ပျို့မယ်။ အစားအသောက် ပျက်မယ်။ ပိန်လာမယ်။ အသားဝါမယ်။ Adenocarcinoma အမျိုးအစားကင်ဆာဖြစ်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်တယ်။ အသက်ကြီးလေဖြစ်နိုင်လေ။ အရင်က သည်းခြေကျောက်ရာဇဝင်ရှိနိုင်တယ်။ ultrasound, computerized tomography (CT) နဲ့ magnetic resonance imaging (MRI) တွေရိုက်စစ်ဆေးမယ်။ ဗိုက်ခွဲပြီးစစ်ဆေးရတာလည်းရ

Uses for Vinegar ဗနီဂါအသုံးပြုနည်းများ

Image
1. Freshen up the fridge ရေခဲသေတ္တာသန့်ရှင်းရေး 2. Brighten coffee cups and teacups ကော်ဖီခွက်၊ လက်ဖက်ရည်ခွက်သန့်ရှင်းရေး 3. Eliminate odors အနံ့အသက်ပျောက်စေရန် 4. Kill bathroom germs ရေချိုခန်းပိုးသန့်ရန် (အပြင်းစားသုံးပါ) 5. Save a garment အဝတ်စအစွန်းအထင်းချွတ်ရန် 6. Tidy up a toilet ရေအိမ်သာသန့်ရှင်းရန် 7. Lose the carpet stain ကော်ဇောအစွန်းချွတ်ရန် (ဗနီဂါ လက်ဖက်ရည် ၂ ဇွန်း + ဆော်ဒါ တခွက်၏ ၄ ပုံ ၁ ပုံရော) 8. Renew paint brushes ဆေးသုတ်စုတ်တံဆေးရန် (တနာရီစိမ်ထားပါ) 9. Wipe off a dirty faucet ရေပိုက်ခေါင်းသန့်ရှင်းရန် 10. Stop static cling စေးကပ်နေတာတွေခွါရန် 11. Make old socks look new ခြေအိတ်အသစ်လိုထင်စေရန် 12. Restore handbags and shoes လက်ကိုင်အိတ်နှင့် ရှူးဖိနပ်အရောင်ပြန်ထွက်စေရန် 13. Banish weeds ပေါင်းမြက်ရှင်းရန် 14. Liven droopy flowers ဘုရားပန်ရေလောင်းရန် (ပန်းအရွက်ညှိုးလာတာကို လွှင့်အပြစ်ပဲ ဗနီဂါ လက်ဖက်ရည် ၂ ဇွန်း + သကြား ၁ ဇွန်း + ရေတကွာတရောပြီး ပန်းအိုထဲရေလောင်ပါ။) 15. Put an end to itching ခြင်၊ အင်းဆက်ကိုက်လို့ယားတာသက်သာစေရန် 16. Whiten you

Snake-bite မြွေကိုက်လျှင်

Image
- September 11, 2015 10:42am PKU ဆေးရုံမှာမွေကိုက်လူနာတွေ့ပြန်ပြီ - September 11, 2015 11:02am Snake-bite မြွေကိုက်လျှင်စာ ပို့လိုက်ပါတယ်။ မြွေအမျိုးအစား အများကြီးရှိပေမဲ့ အဆိပ်ရှိတဲ့မြွေကနည်းတယ်။ သူများတိုင်းပြည်ကမြွေတွေ ဘယ်လောက်ဆန်းဆန်း အသာထားပါ။ မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတဲ့ မြွေပွေးနဲ့ မြွေဟောက်ကိုသာ သိထားစေချင်ပါတယ်။ ဒီမြွေတွေ မဟုတ်ရင် မစိုးရိမ်ပါနဲ့။ မြွေပွေးကသာ အသက်သေစေတာ အများဆုံးဖြစ်တယ်။ မြန်မာပြည်ပေါက်မြွေတွေအတွက် မြန်မာပြည်ထုတ်ဆေးတွေက အကောင်းဆုံးဖြစ်တယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ မြွေအကြောင်းသိပ်မသိကြဘူး။ ကျွန်တ်ာတို့ တိုင်းပြည်မှာတော့ ဘာမဆို အတ္တာဟိ အတ္တနော နတ္ထောချည်းပဲမဟုတ်ပါလော။ ရှေးဦးသူနာပြုသင်ခန်းစာတွေ တချို့ကဟောင်းသွားပြီး၊ ခေတ်မီနည်းတွေ ထပ်မထည့်ကြတော့ဘူး။ မြဝတီ (ဆိုက်) ထဲမှာ သတိပြုရှောင်ကြဉ်ဖွယ် မြွေဆိုးအန္တရာယ်ကိုဖတ်ကြည့်ပါတယ်။ လိုတာလေး တွေ့ရတယ်။ မြွေဆိပ်ကာကွယ်ဆေးမှာ အကိုက်ခံရပြီး (၄) နာရီအတွင်းထိုးလျှင် ထိရောက်မှုအရှိဆုံးဖြစ်ပြီး၊ အကယ်၍ (၁၂) နာရီကျော်ပါက ဆေးအာနိသင်မှာ လျော့ပါးလာနိုင်ပါသည်လို့ ဖတ်ရပါတယ်။ အမှန်မှာ မြွေဆိပ်ဖြေဆေးကို မြန်မြန်ထိုးနိုင်လေ ကော

Bleeding သွေးယိုခြင်း ရှေးဦးသူနာပြု

Image
Nosebleed နှာခေါင်းသွေးယိုခြင်း နှာခေါင်းထဲက သွေးပြန်ကြောလေးတခုခုပေါက်ခြင်း၊ ကြောက်ရန်မလို၊ အိမ်မှာပင်ကုသနိုင်။ ဖြစ်စေသည့် အကြောင်းရင်းများ ခြောက်သွေ့ခြင်း၊ နှာခေါင်းကို ဆွဲလိမ်ခြင်း၊ နှာခေါင်းဒဏ်ရာရခြင်း၊ (အက်စ်ပရင်)၊ နှာခေါင်းထဲ တခုခုဝင်ခြင်း၊ ထိခိုက်မိခြင်း၊ မတည့်ဖြစ်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးဖိအား (BP) တက်ခြင်း၊ သွေးကြောကျဉ်းရောဂါ၊ သွေးခဲရောဂါ၊ (ကိုကိန်း) ဆေး။ အမျိုးအစားများ ၁။ နှာခေါင်းရှေ့ပိုင်းမှ ယိုခြင်း နှာခေါင်းအား ပိုင်းထားသည့် အကန့်မှ ယိုသည်၊ နှာခေါင်းအား ထိုးမိ၍ဖြစ်သည်၊ နှာခေါင်း၏ ရှေ့မှ ယိုမည်။ ရပ်နေလျှင်၎င်း၊ ထိုင်နေလျှင်၎င်းယိုမည်၊ ပူသောရာသီ၊ အေးလွန်းသောရာသီ တို့၌ ဖြစ်တတ်သည်။ ၂။ နှာခေါင်း နောက်မှယိုခြင်း နှာခေါင်းနောက်ပိုင်းမှ ထွက်သည်။ နှာခေါင်းနောက်၊ အာခေါင်သို့ ထွက်မည်။ အသက်ကြီး၊ သွေးဖိအား (BP) များသူများ ဖြစ်တတ်၊ ဆိုးဝါးနိုင်သည်။ ကုသရန် • ထိုင်ပါ၊ • ရှေ့သို့ ကိုင်းထားပါ။ • နှာခေါင်း၏ ပျော့သည့်အပိုင်းအား လက်ချောင်းနှစ်ချောင်းဖြင့် ညှစ်ပါ။ • ဆက်တိုက် ညှစ်ရမည်။ • (၁ဝ) မိနစ်ကြာပါစေ။ • ကလေးဖြစ်ပါက အာရုံပြောင်းပေးပါ။ • နှာခေါင်းကို (၂) ရက်တိုင် မထိခိုက

Electric shock လျှပ်စစ်ဓါတ်လိုက်ခြင်း

Image
မြန်မာပြည်ထဲကနေ လျှပ်စစ်မီးအကြောင်းတွေဖတ်နေရတယ်။ ကျွန်တော်ပါ ဓါတ်ကူး (ဓါတ်လိုက်မဟုတ်) သွားပြီ။ လျှပ်စစ်ဓါတ်လိုက်ခြင်းရှေးဦးသူနာပြုစုနည်း • လျှပ်စစ်ဓါတ်လိုက်ခြင်းဖြစ်လျှင် လဲကျမည်။ • လူနာကို တိုက်ရိုက်ဆွဲထုတ်ဖို့ မကြိုးစားရ။ • မီးခလုပ် ပိတ်ပါ။ • လူနာကို စစ်ဆေးပါ။ အသက်ရှူခြင်း၊ သွေးခုန်ခြင်း၊ • လိုအပ်ပါက CPR (စီပီအာရ်) လုပ်ပါ။ အသက်မရှူလျှင် ပါးစပ်ခြင်းတေ့ပြီး လေမှုတ်သွင်းပေးပါ။ နှလုံးမခုန်လျှင် ရင်ပတ်ဖိနည်းလုပ်ပါ။ အကူအညီတောင်းပါ။ • ကြွက်သားတွေ ဆွဲဆန့်ခံရမည်။ • တက်မည်၊ • ရေ-ဆား ခန်းခြောက်မည်။ • အပူလောင်ခံရမည်။ • ကျိုးပဲ့မည်၊ • သွေးခဲသွားမည်။ • (တစ်ရှူး)များ ပျက်စီးမည်။ • အသက်ရှူ-နှလုံးခုန်-ကျောက်ကပ် ထိခိုက်မည်။ • မီးလောင်နာကို ကုပေးပါ။ High Voltage စွမ်းအားများလျှပ်စစ်ကနေ (၁၈) မီတာအထိ ခုန်ထွက်၊ ကွေးကောက်သွားေးစေနိုင်တယ်။ မီးလာရာကို မပိတ်မီ ဖြစ်သူအနားမကပ်ပါနဲ့။ (၂၅) မီတာအကွာကနေပါ။ Low voltage စွမ်းအားနိမ့်လျှပ်စစ်ကနေဖြစ်ရင် ပင်မမီးခလုတ် ပိတ်ပါ။ မီးကြိုးစတာတွေဖယ်ရှားပါ။ ကယ်မယ့်သူက မြေကြီးအစိုဓါတ်နဲ့ကင်းအောင် ခြောက်သွေ့တဲံ သစ်သားပြား စက္ကူ၊ ရာဘာလိပ်၊ ဖြာ၊ ကော်ဇောပေါ်မှာနေ

CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း

Image
CPR ဆိုတာ Cardio-Pulmonary Resuscitation နှလုံး-အဆုတ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးနည်း ဖြစ်တယ်။ နှလုံး-အဆုတ်ရုတ်တရက် ရပ်သွားစေတတ်သည့်အကြောင်းတွေကတော့ - ၁) နှလုံးခုန်ရပ်သွားခြင်း၊ ၂) နှလုံးသွေးကြောပိတ်ခြင်း၊ ၃) ရေနစ်ခြင်း၊ ၄) မူးယစ်ဆေးအလွန်များသွားခြင်း၊ ၅) အဆိပ်သင့်ခြင်းနဲ့ ၆) လျှပ်စစ်ဓါတ်လိုက်ခြင်းတွေဖြစ်တယ်။ နှလုံး-အဆုတ် ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း အေ-ဘီ-စီ-ဒီ A = Airway အသက်ရှူလမ်းစစ်ဆေးပါ၊ B = Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးပါ၊ C = Circulation သွေးလှည့်လည်ခြင်းရှိ-မရှိစစ်ဆေးပါ၊ D = Defibrillation လျှပ်စစ်ဓါတ်နှင့် နှလုံးခုန်စေသည့်စက်သုံးခြင်း၊ A for Airway အသက်ရှူလမ်းစစ်ဆေးခြင်း၊ နှာခေါင်း-ပါးစပ်တို့ပိတ်နေ-မနေစစ်ပါ။ လည်ပင်ရိုး ကျိုးနေ-မနေစစ်ပါ၊ လူနာကို မာသောကြမ်းပြင်ပေါ် တင်ထားပါ၊ သတိလစ်နေသည့်လူနာ၏လျှာသည် အသက်ရှူလမ်း အာခေါင်ကို ပိတ်နေတတ်သည်။ ထိုသို့မပိတ်စေရန် လူနာ၏လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက် (ရှေ့) သို့  မ-တင်ပေးထားရမည်။ B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးခြင်း၊ အသက်ရှူနေလျင် ရင်ပတ်-ဝမ်းဗိုက် လှုပ်နေမည်၊ နှာခေါင်းကေ

Cytomegalovirus (CMV) ဗိုင်းရပ်စ်

Image
ဆရာ ရိုသေလေးစားစွာစာရေးအပ်ပါသည်။ ကျမရဲ့တူကလေး အသက်က (၈) လ ခဏခဏဖျားနေလို့ မန္တလးကုတင် ၅၅ဝ ဆေးရုံမှာတက်လိုက်တော့ ဆီး သွေး သလိပ် အကုန်စစ်လိုက်တာ အောက်ကပုံအတိုင်း အဖြေထွက်လာပါတယ်ဆရာ။ CMV Weakly Reactive ဆိုတော့လည်း သိပ်စိုးရိမ်စရာမလိုဘူး လို့ပြောပါတယ်ရှင့်။ ဆရာဝန်က ကုတဲ့ဆေးမပေါ်သေးဘူးလို့လဲပြောတယ်။ မိခင်ဝမ်းတွင်းကတည်းက ပါလာတဲ့ရောဂါလို့ပြောပါတယ်။  ရောဂါပြင်းလာရင် မျက်လုံးတွေစွေသွား ခေါင်းတွေကျုံ့သွားတယ်လို့လည်းပြောတော့ အရမ်းစိုးရိမ်မိပါတယ်ဆရာ။ ကုလို့ရတဲ့ရောဂါလားဆရာ။ ဘာတွေ ဆောင်ရမယ် ရှောင်ရမယ် လမ်းညွှန်ပေးပါဦးဆရာ။ Herpesvirus group အုပ်စုဝင်ဗိုင်းရပ်စ်ပိုဖြစ်တယ်။ herpes simplex virus ရေယုံ၊ varicella-zoster virus (chickenpox) ရေကျောက်နဲ့ Epstein-Barr virus (infectious mononucleosis) ဗိုင်းရပ်စ်တွေနဲ့ အုပ်စုတူတယ်။ ပိုးရှိနေသူရဲ့ ဆီး၊ သွေး၊ တံတွေး၊ သလိပ်၊ နို့ရည်ထဲမှာပါနေနိုင်တယ်။ အတူနေသူတွေကို ကူးစက်နိုင်တယ်။ လိင်လမ်းကနေလည်းကူးတယ်။ သွေးကနေကူးတာအလွန်ရှားတယ်။ ကူးစက်မြန်ရောဂါတော့ မဟုတ်ပါ။ အဲလိုကလေးကိုပြုစုရသူ လက်ကိုခဏခဏဆေးရမယ်။ ရိုးရိုးဆပ်ပြာနဲ့ရေသုံးရင်ရတယ်။ အသက် ၄ဝ အရွယ်တွေ ၅ဝ-၈၅% ဒီပိုးရှ

Panic Disorder စိတ်မထိန်းနိုင်ခြင်း

Image
ကျနော်အသက် ၂၄ နှစ်ပါ။ ကျနော်မှာ ဒေါသနဲ့ စိတ်ကိုမထိန်းချုပ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတခုရှိပါတယ်။ စိတ်ကလဲ တခုခုကိုအလိုမကျတာနဲ့ ဒေါသတွေအရမ်းထွက်တတ်ပါတယ်။ ကိစ္စတခုဖြစ်လာရင်လဲ မကောင်းတဲ့ အမြင်နဲ့ တွေးတတ်ပါတယ်။ ကျနော်ရဲ့ဒေါသစိတ်မထိန်းနိုင်မှုကြောင့် မိသားစုနှင့် ပတ်ဝန်းကျင်ကြားမှာ အဆင်မပြေခဲ့ပါဘူး။ ကျနော်ဖြစ်နေတဲ့ခံစားချက်ကို မိသားစုအပါဝင် မိတ်ဆွေအပေါင်းသင်းတွေလဲ နားမလည် မပေးကျဘူးလို့ ကျနော်စိတ်ထဲမှာထင်နေပါတယ်။ ကျနော်ကိုကျနော်လဲ သာမန်လူရဲ့စိတ်အခြေနေမရှိဘူးလို့ ထင်မိပါတယ်။ psycho ပုံစံလိုမျိုးဖြစ်နေပါတယ်ဆရာ။ မူးယစ်ဆေးဝါးလဲမသုံးပါဘူး။ အခြားလူနဲ့ မတူတာ က ကျနော်က အရမ်းပူအိုက်နေရင် သို့ မဟုတ် ဒေါသထွက်ပြီးစိတ်အလိုမကျရင် ချွေးအရမ်းထွက်တတ်ပါတယ်။ ဘယ်လို ကုသမှု ဘယ်လို ဆေးဝါးတွေကို သောက်သုံးရမလဲဆိုတာ ဖြေကြားပေးပါခင်ဗျာ။ ပြီးတော့ 5-HTP ဆိုတဲ့ဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးကို သိချင်ပါတယ်ခင်ဗျာ။ ဆေးပုံစံကို ပို့ပေးလိုက်ပါတယ်ဗျာ။ စိတ်အထူးကုဆရာဝန်နဲ့ စနစ်တကျကုသမှုခံယူတာ အကောင်းဆုံးဖြစ်ပါတယ်။ 5-HTP စိတ်ဆေးဆိုတာ ဆေးဝါးဗေးအရ 5-hydroxytryptophan ခေါ်တယ်။ Griffonia simplicifolia အပင် အစေ့ကနေ ထုတ်ယူထားတဲ့ဆေ

Government Policy အစိုးရပေါ်လစီ (သို့) ပညာရှင်များသည် တိုင်းပြည်ကို အကျိုးပြုပါသလား

Image
သတင်း (၁) = အစိုးရသစ်တွင် နိုင်ငံလုံးဆိုင်ရာ စီးပွားရေးမူဝါဒမတွေ့ရဟု ရန်ကုန် လူမှုစီးပွားဖွံ့ဖြိုးရေးဖိုရမ်တွင် တက်ရောက်သည့် ပညာရှင်များက ဝေဖန် သတင်း (၂) စင်ကာပူတွင် ပြုလုပ်ခဲ့သည့် ဖိုရမ်တွင်လည်း အစိုးရသစ်မှာ ကြေညာချက် ထုတ်ပြန်ခြင်းဖြင့်ပင် အချိန်ကုန်နေသည်ဟု မြန်မာပညာရှင်အချို့မှ ဝေဖန် အစိုးရသစ်မှာ ဘာပေါ်လစီမှမရှိဘူးလို့ ပြောသံတွေကြားရတယ်။ ပြောကြသူတွေရဲ့ဝေါဟာရ အတိအကျတော့ မသိပါ။ လူတွေဘာပြောတယ်ဆိုတာ စကားလုံးအတိအကျသိဘို့မလိုပဲ သဘောပေါက်တာမျိုးရှိတယ်။ ကြားကောင်းအောင် ရွေးပြောမှန်းလည်းသိနိုင်တယ်။ မျက်နှာအမူအယာနဲ့လည်းသိတယ်။ တခါတခါ မျက်နှာကြည့်စရာမလိုပဲ ဘယ်သူကဆိုတာနဲ့ ဘာလာမှာကိုသိနေတတ်တယ်။ ဘယ်သူ့မျက်နှာမှ မထောက်ပြောတဲ့ သူမျိုးတွေဆိုတာလည်း ဘယ်အစိုးရတက်တက်ရှိတယ်။ အရင်ကတော့ ဘေးထိုင်ဘုပြောဆိုသူတွေ။ အခုတော့ ပေါ်လစီဆိုတာဘာလည်း။ အစိုးရပေါ်လစီဆိုတာဘာလည်း။ အခုဝေဖန်ပြစ်တင်နေသူတွေက ပညာရှိပရောဟိတ်တွေဆိုတော့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါမှရမယ်။ အဲတော့ စာအုပ်တွေလှန်ရတယ်။ ဘိုလိုစာလုံးလေးတွေလည်းပါရမယ်။ ပေါ်လစီဆိုတာ အဖွဲ့အစည်းတခုခုရဲ့ ချမှတ် (သို့) ကိုင်စွဲတဲ့ မူ၊ လမ်းစဉ် (သို့) ဆောင်ရွက်မည့်လုပ်ငန်းစဉ်လို့ဆ

Choose Your Words ခုတမျိုး တော်ကြာတမျိုး

Image
အခုလေးတင် ကျွန်တော့်ဖရင်းထဲက တိုင်းရင်သားလူမျိုးတယောက်ကနေ သူနဲ့လူမျိုးတူ နာမည်ရနိုင်ငံရေးထဲက တယောက်အကြောင်းရေးတာ ဖတ်လိုက်ရတယ်။ အဲဒီနာမည်ရ တိုင်းရင်းသားခေါင်းဆောင်တယောက် လူမျိုးတူ တိုင်းပြည်ခေါင်းဆောင်တဦး နေရာရတာကို အရင်တခါပြစ်တင်သံနဲ့ မီဒီယာကနေပြောထားပြီး အခုတခါ လေသံ ပြောင်းတယ်လို့ ထောက်ပြထားတယ်။ ကျွန်တော်လည်း မနက်ကပါပဲ တိုင်းပြည်အထင်ကရခေါင်းဆောင်ကို မီဒီယာကနေ အကြိမ်များစွာ ဝေဖန်ပြစ်တင်ခဲ့တဲ့ တခြားတိုင်းရင်းသားနာမည်ရတယောက် လေသံပြောင်းပြောပြန်တာ ကြားလိုက်ရသေးတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုအရ ကျွန်တော်ကတော့ နာမည်တွေဘာတွေ ရေးလို့၊ ပြောလို့မဖြစ်ပါ။ ဗမာကနေ တိုင်းရင်းသားကိုပြောမိရင် ကျိန်စာသင့်သလိုခံရတတ်တယ်။ နယ်စပ်တွေမှာတုန်းကတော့ တိုင်းရင်းသားပုဂ္ဂိုလ်တဦးချင်းနဲ့ ဆက်ဆံရတာ အတော်အဆင်ပြေခဲ့ပါတယ်။ အခုအခြေအနေက တမျိုးပဲဗျ။ ဒေါက်တာတင့်ဆွေ ၃ဝ-၅-၂ဝ၁၆

Choking First aid ချုပ်ရရင် ဘာလုပ်ရမလဲ

Image
၂၇-၅-၂ဝ၁၆ နေ့က ဆေးပညာသတင်းတခုမှာ Dr. Heimlich (ဒေါက်တာ ဟိမ်းလင့်ခ်ျ) ကနေ Choke (ချုပ်) ရနေသူ တယောက်အသက်ကို ကယ်လိုက်တယ်တဲ့။ ဆရာဝန်တယောက်ကနေ လူနာအသက်တချောင်းကယ်တာ အဆန်းမှတ်လို့ ပြောကြမယ်။ (ချုပ်) ရတယ်ဆိုတာ စားရင်းသောက်ရင်း ချက်ချင်းဖြစ်ပြီး စားလိုက်တဲ့ အစားမာ တခုက အစာလမ်းနဲ့ အသက်ရှူလမ်းအဆုံမှာ တစ်ဆို့နေလို့ စကားမပြောနိုင်၊ အသက်မရှူနိုင်၊ မြိုမချနိုင်ဖြစ်နေမယ်။ အသက်သေနိုင်တယ်။ အဲလိုဖြစ်ရင် ဘယ်လိုလုပ်မလည်းရှေးဦးသူနာပြုနည်းကို တီထွင်ခဲ့သူဟာ သတင်းထဲက (ဒေါက်တာ ဟိမ်းလင့်ခ်ျ) ကိုယ်တိုင်ဖြစ်နေလို့ပါ။ ဆရာဝန်က အသက် (၉၆) နှစ်အဖိုးကြီးနဲ့ လူနာက အသက် (၈၇) နှစ် အဖွါးကြီးဖြစ်ပါတယ်။ ကလေးတွေမှာ ကစားစရာတခုခုကနေ အဲလိုဖြစ်နိုင်တယ်။ ဖြစ်လာရင် ချောင်းဆိုးခိုင်းလို့ အင်နဲ့အားနဲ့မဆိုးနိုင်ဘူး။ အသက်ရှူသံ ဆူညံနေမယ်။ မျက်နှာ-ခြေသည်း-လက်သည်းတွေပြာနှမ်းလာမယ်။ သတိလစ်လာမယ်။ ရှေးဦးသူနာပြုနည်းကွဲလေးတွေရှိတယ်။ (၁) ဖြစ်နေသူနောက်မှာ ရပ်လိုက်ပါ။ သူ့ကို နောက်ကနေ ကိုယ့်လက်နှစ်ဖက်သုံးပြီး ဖက်ပါ။ သူ့ကို ရှေ့နဲနဲ ကုန်းအောင် ပြုပြင်ပေးပါ။ ကိုယ့်လက်တဖက်က လက်သီးဆုပ်ပြီး၊ ကျန်တဖက်က အဲဒီလက်ကိုဆုပ်ကိုင်ပါ။ ကိုယ်လက်တွေက လူနာ

Floating Water Hyacinth ဗေဒါက တပင်တည်း

Image
- Yown Layy ဆရာ့ကိုကျန်းမာရေးအတွက်မေးချင်ပါတယ်ရှင့် ဘယ်လိုမေးရပါမလဲရှင့် - Ju Ju ဆရာဆေးခန်းဘယ်မှာထိုင်ပါသလဲ လိပ်စာလေးသိချင်ပါတယ် - Suelay Nwe ဆေးခန်းဘယ်မှာထိုင်လဲ သိချင်လို့ပါဆရာ လိပ်စာလေးပြောပြပေးပါလား - Mee Mee ဖတ်မရဘူးဆရာ - Ayethi Khaing ဖတ်မရဘူးဆရာ ဆောရီး။ ဆောရီး။ ဆောရီး။ မေးနည်းစည်းကမ်းကို Like လုပ်သလိုလုပ်ရချင်တယ်။ (ကလစ်) လုပ်တာနဲ့ပြီးသွားနိုင်တာ လုပ်ပေးကြပါဗျာ။ အဲလိုလာတိုင်း ပို့ပေးနေရတာ တကယ်ကို (ဘုရားစူး) မနိုင်ဘူးဖြစ်နေတယ်။ ဘယ်မှာနေလည်းပြောရတာ သိတဲ့လူတွေကို အားနာလှပြီ။ ကျွန်တော် ၁၉၉ဝ ခုနှစ်အကုန်ကတည်းက နိုင်ငံရေးကြောင့် မြန်မာပြည်ကနေ ထွက်ပြေးခဲ့ရတာ၊ ခုထိမပြန်နိုင်သေး၊ ဆေးခန်းလည်း မရှိတော့ပါ။ ဖတ်မရတဲ့ (လင့်ခ်) ကတော့ ဟုတ်တယ်။ ကျွန်တော် ဆေးပညာစာတွေ၊ တခြားစာတွေရေးနေတာ Blog (ဘလော့ဂ်) ပေါ်စကတည်းကပါ။ အဆင်မပြေလို့ (ဘလော့ဂ်) တွေအသစ်လုပ်ရတာလည်း (၁ဝ) ကြိမ်လောက်ရှိမယ်။ အခုနောက်ဆုံးတခုကတော့ အဆင်ပြေနေတာ အတော်ကြာပြီ။ (ဘလော့ဂ်) အဟောင်းက (လင့်ခ်) တွေနဲ့ အစားမထိုးနိုင်သေးပါ။ အချိန်ကမရလို့ ဂွကျနေတယ်။ ကြိုးစားပါအုန်းမယ်။ ဖတ်ချင်တဲ့ခေါင်းစဉ်ကို မြန်မာလို၊ အင်္ဂလိပ်လို Search ရှာဖွေစရာမှာရိ

Cancer risk factors ကင်ဆာ ဘာလို့ဖြစ်ရသလဲ

Image
ကွန်မင့်တခု = ကွမ်းစားတဲ့လူတိုင်းသာ ကင်စာဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ကင်စာမဖြစ်တဲ့သူက နဲနဲပဲကြန်တော့မယ်။ ကင်ဆာလို့သာရေးသင့်တယ်။ ကျန်လို့သာရေးရပါမယ်။ မြန်မာစာ ကင်ဆာရောဂါလိုမဖြစ်ပါစေနဲ့။ ဘယ်ကင်ဆာမဆို ဘာကနေဖြစ်တယ်လို့ ဘယ်သူကမှ မသိသေးပါ။ ဆေးလိပ်ကနေ အဆုပ်ကင်ဆာ၊ တိုဘက်ကို စားတာ-ငုံတာကနေ ခံတွင်းကင်ဆာ၊ လိင်လမ်းကြွက်နို့ကနေ သားအိမ်ဝကင်ဆာ ဆိုတဲ့ တချို့ကင်ဆာတွေမှာ ဆက်စပ်မှုရှိတာကိုသာ သိပေးပါတယ်။ အဲတာတွေမှာလည်း % အရသာဖြစ်ပါတယ်။ နေရာ၊ လူမျိုး စတဲ့ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်တွေကိုလည်း စဉ်းစားရပါသေးတယ်။ ဒါစားရင် ဒါဖြစ်မယ်လို့ ရေးမထားပါ။ နည်းပညာတွေတိုးတက်လာပေမယ့်လည်း ကင်ဆာဖြစ်နိုင်ချေရှိတဲ့သူများဆိုတာကိုသာ ပိုသိလာတယ်။ အဲတာကို Cancer risk factors လို့ခေါ်ပါတယ်။ ကင်ဆာအန္တရာယ်ရှိသူများ။ ၁။ အသက်၊ အသက်ကြီးလေကင်ဆာဖြစ်နိုင်ချေများလေ။ ၂။ အမူအကျင့်၊ ဆေးလိပ်၊ အရက်၊ ကွမ်းယာ၊ အစားအသောက်။ ၃။ မိသားစုရာဇဝင်နဲ့ မျိုးဗီဇ။ ၄။ ကျန်းမာရေးနောက်ခံ၊ ၅။ ပတ်ဝန်းကျင်၊ ဓါတ်ငွေ့၊ မီးခိုးစတာတွေ။ ၁။ Genetics and Cancer မျိုးဇီဇနဲ့ ကင်ဆာ ကင်ဆာတချို့ဟာ မိသားစုလိုက်တာသေချာတယ်။ ဘယ်လိုဆိုတာတော့ တိတိပပမသိရသေးပါ။ Family Canc

ဆေး၊ ကွမ်းယာနဲ့ ကျန်းမာရေး

Image
By ဒီဗွီဘီ 26 May 2016 မြန်မာဘုရင်လက်ထက်ကတည်းက မျိးရိုးစဉ်ဆက် စားသုံးလာခဲ့ကြတဲ့ ကွမ်းယာဟာ ကာလရွေ့လျားလာတာနဲ့ အစပ်အဟပ်တွေ ပြောင်းလာတယ်။ ငါန်းမြာကဆေးလည်း မဟုတ်တော့ပါ။ တံတားဦးက ကွမ်းနုဝါလည်း စာထဲသာသာ ရှိတော့တယ်။ ကျန်းမာရေးအတွက် မကောင်းဘူး၊ မသင့်ဘူးလို့ သိကြပေမယ့် မှားတာတွေ၊ ဝါးတာတွေကနေ ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ကွမ်းယာမှာ မပါမဖြစ်တဲ့ ကွမ်းရွက်က ဆေးဖြစ်ဝါးဖြစ် အသုံးကျတာကို ဆရာဝန်တွေ ကလည်း မငြင်းကြပါ။ ကွမ်းသီးနဲ့ ဆေးကိုတော့ သုတေသနတွေ တလှေကြီးလုပ်ပြီး တားဆီးတာတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွမ်းစားတာရော ကွမ်းသီးဝါးတာပါ တကမ္ဘာလုံးမှာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်း ရှိတယ်။ Betel nut ကွမ်းသီးကို ရုက္ခဗေဒလို Areca catechu လို့ ခေါ်တယ်။ ဓာတုဗေဒလို ပြောရရင် (အရီကိုလင်း)၊ (ပိုင်လိုကာပင်း) နဲ့ (မတ်စကရင်း) ခေါ်တဲ့ (အယ်လ်ကာလွိုက်) ၃ မျိုး ပါတယ်။ စိတ်ကို ပြောင်းလဲစေနိုင်တဲ့ သတ္တိရှိတယ်။ ၂ဝဝ၄ က ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီ (ကွန်ဖရင့်) တခုမှာ ကွမ်းသီးကြောင့် တိရစ္ဆာန်တွေမှာ ကင်ဆာ ဖြစ်စေတယ်။ လူကို ကင်ဆာမဖြစ်မီအဆင့်ကို ဖြစ်စေတယ်လို့ စာတမ်းဖတ်ခဲ့တယ်။ Tobacco (Nicotiana genus) ဆေးကနေ Gene

Conference on Look East Policy

Image
အိန္ဒိယမှာနေခဲ့စဉ်က မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွဲလုပ်ခဲ့သူတွေထဲကတယောက်ဖြစ်တဲ့ Dr. Alana Golmei (မပန်းနု) ရဲ့ဖေ့စ်ဘွတ်မှာ (၄) နှစ်တိတိက မိတ်ဆွေဖြစ်ခြင်းလို့ ဖေ့စ်ဘွတ်ကအသိပေးတဲ့ပုံဖြစ်ပါတယ်။ ပုံထဲပါ လုပ်ဖေါ်ကိုင်ဖက်အားလုံးကို အထူးသတိရပါတယ်။ Date: 4 August 2014 Conference on Look East Policy India and Myanmar: Pitching for Greater Connectivity Venue: Abdul Nazir Sab Hall, Institute of Social Sciences, New Delhi ဒေါက်တာတင့်ဆွေ ၃ဝ-၅-၂ဝ၁၆

Tobacco kills ဆေးလိပ်က လူကိုသတ်နေတယ်

Image
• ဂရိခေတ်က သမားတော်ကြီး Hippocrates (ဟစ်ပိုကရေးတီးစ်) ကို Father of Medicine ဆေးပညာဖခင်ကြီးအဖြစ် ဆေးလောကတခုလုံးက အသိအမှတ်ပြုထားပါတယ်။ ဆေးပညာသုံးဝေါဟာရတွေ အတော်များများကို ဂရိ၊ လက်တင်စာလုံးတွေကနေ ယူသုံးတယ်။ ဆရာဝန်တွေက Zodiac Signs ဆယ်နှစ်ရာသီခွင်ရုပ်တွေကိုလဲ ယူသုံးတယ်။ နက္ခတ်ဗေဒင်၊ ဇာတာခွင်တွေမှာသုံးတာ ဖြစ်ပါတယ်။ Cancer ကင်ဆာရဲ့သင်္ကေတက ပုစွန်လုံး၊ ဂဏန်း၊ မြန်မာအခေါ် ကရကဋ်ဖြစ်တယ်။ ကိုယ်ထည်မှာ ခြေထောက်တွေ အများကြီးပါတယ်။ ကင်ဆာရောဂါမှာလဲ တနေရာမှာဖြစ်နေတာက ခြေထောက်ပေါက်သလို ပျံ့နှံ့ရောက်သွားလို့ ဒီသင်္ကေတကိုယူတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ပါးစပ်ထဲမှာငုံရတဲ့ဆေးတမျိုး Kuber (ကူဘဲ) ဆိုတာရှိတယ်။ ဒီငုံဆေးထဲမှာ Tobacco ဆေးပါလို့ ကင်ဆာဖြစ်စေတယ်ဆိုတဲ့ သတိပေးစာနဲ့မှသာ ရောင်းခွင့်ရှိတယ်။ ဒါကြောင့် (ကူဘဲ) အထုပ်ပေါ်မှာ Tobacco kills စာနဲ့အတူ Scorpio ကင်းမလက်မဲပုံ ရိုက်ထားတယ်။ ကင်ဆာကိုသတိပေးတာဖြစ်ပေမဲ့ Scorpio ကင်းမလက်မဲဆိုတာလဲ ဆယ်နှစ်ရာသီခွင်ရုပ်တွေထဲမှာ သပ်သပ်ပါတယ်။ Scorpio ကင်းမလက်မဲ၊ ကင်းမြီးကောက်ဆိုတာ မြန်မာအခေါ် ဗြိစ္ဆာဖြစ်တယ်။ ကင်းမလက်မဲ၊ ကင်းခြေများ၊ ကင်းပုစွန်၊ ကင်းမြီးကောက်စတဲ့ ကင်းတွေမှာလဲ အဆိပ်ပါလို

An Open Letter အိတ်ဖွင့်ပေးစာတစောင်

Image
• ဆရာ့ဆီ ပေးစာတဲ့။ ဒီဗီဘီကို ပို့ထားတယ်။ • ကြာပြီနော် ဘာလည်းတောင် မမှတ်မိတော့ဘူးဗျ။ • မိတ်ဆွေများသို့ အိတ်ဖွင့်ပေးစာ (၁) တင်မောင်သန်း ဒေါက်တာတင့်ဆွေ သို့ အစိုးရအသစ်၊ မူဝါဒနဲ့ စင်တင် မူဝါဒ သုတေသီများအကြောင်း အကိုလေး ရေ အင်န်အယ်ဒီ အစိုးရအသစ်မှာ မူဝါဒမရှိဘူးလို့ စင်္ကာပူမှာလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ပညာရှင်တွေက အစိုးရ အသစ်အပေါ် ဝေဖန်ကြတဲ့သတင်းကို မီဒီယာတွေပေါ်မှာ ဖတ်လိုက်ရသဗျ။ • ဘယ် တင်မောင်သန်း လဲတော့ မသိ။ • အော့့် အဲလို အကိုလေးလို့ရေးရင် သင့်ဘဝ။ ကျွန်တော် မဖတ်ရသေးဘူး။ • မနက်ဖန် ဒီဗီဘီဝက်ဘ်ဆိုဒ်မှာ တင်ပါမယ်။ • အော် စိတ်ဝင်စားစရာပဲ။ ဘာတွေရေးမလည်းတော့ မသိဘူး။ ရေးတာကောင်းတယ်။ လူအများသိရတာပေါ့။ • ဟုတ်။ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ) က ကျွန်တော်ညီတွေ နှမတွေလိုပဲ ကျွန်တော့်ကို အကိုလေးလို့ပဲခေါ်တယ်။ သူနဲ့ ၁၉၈၈ ကတည်းက မုံရွာက သူ့အိပ်မှာဆုံရာကနေစတယ်။ ကိုကျော်ဝင်း (စာရေးဆရာ) လည်းပါတယ်။ ကျွန်တော်က နားထောင်သမားပါ။ သူနဲ့က စကားပြောရင် နိုင်ငံရေးပဲပြောကြတယ်။ ကျန်းမာရေးမပါပေမယ့် စင်္ကာပူပညာရေးအကြောင်း ပြောဖြစ်ကြတယ်။ သူက စာဖတ်တာ စာရေးတာ ကျွန်တော့်ထက် စောတယ်။ ကျွန်တော်က အဲဒီလောကထဲကို

Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ

Image
(ဘီကီနီ) နဲ့ဆက်စပ်နေလို့ တင်ပါအုန်းမယ်။ အမျိုးသမီးတွေ ညမှာဘရာစီယာဝတ်ပြီးအိပ်ရင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတယ်ဆိုတာဟုတ်ပါသလားမေးလို့ ရေးခဲ့တာပါ။ (ဘရာစီယာ) ဝတ်ရင် (ဘရက်စ်) ကင်ဆာဖြစ်ပါသလား မေးရင် (နိုး) လို့သာဖြေပါမယ်။ ဒါဖြင့်ဘာလို့ စာတကြောင်းထဲ မဟုတ်ဘဲ တပုဒ်ရေးနေရပါသလဲ။ ဖတ်စေချင်ပါတယ်။ ဆုံးအောင်လည်းဖတ်ပါ။ ရင်သားကင်ဆာကိုဖြစ်စေတဲ့ အကြောင်းရင်း မဟုတ်တောင် ဆက်စပ်နေတဲ့ အကြောင်းခံတွေက ဘာဖြစ်မလဲ လေ့လာမှု၊ ဆန်းစစ်မှုတွေ လုပ်နေခဲ့တာ ဆယ်စုနှစ်တွေ ကြာခဲ့ပါပြီ။ အစားအစာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းနည်းလည်းပါတယ်။ (ဘီတယ်လ်) အဖွဲ့ခေါင်းဆောင် (ပေါလ်-မက်ကာနေ) နဲ့ လက်ထပ်ပြီး၊ ဒီရောဂါနဲ့ ၁၉၉၈ မာသေဆုံးသွားရရှာတဲ့ (လင်ဒါ) ဟာ ရင်သားကင်ဆာနဲ့ ၃ နှစ်သာနေသွားခဲ့ရတယ်။ အသက်သတ်လွတ်စားပြီး လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသူဖြစ်နေလို့ အစာအာဟာရနဲ့ ကိုယ်လက်လေ့ကျင့်ခန်း (သီအိုရီ) ကို ခိုင်မာစေခဲ့တယ်။ သုတေသနတခုကနေ ရင်သားကင်ဆာဖြစ်သူတွေဟာ (ဘရာစီယာ) ကို ကြာကြာနဲ့ ကြပ်ကြပ် ဝတ်ကြသူတွေ ဖြစ်တယ်တဲ့။ တနေ့မှာ ၁၂ နာရီကြာ (ဘရာ) ဝတ်တယ်။ ၁၈% ဟာ အိပ်ရာထဲမှာလဲ (ဘရာ) ဝတ်တယ်တဲ့။ ရင်သားကင်ဆာ မဖြစ်သူ (မဖြစ်သေးသူ) အုပ်စုထဲကတော့ တ

Be My Guest ဧည့်သည်

Image
အလယ်ပြန်ပြီး ဧည့်သည်လုပ်ကြည့်တယ်။ (စိတ်ကူးထဲမှာပါ။) မမြင်ရ မတွေ့ရ မရောက်ရတာက နှစ်အစိတ်ကျော်ကြာပြီဆိုတော့ စိတ်လှုပ်ရှားစရာတွေချည်းပါ။ အမြင်သာမက အထိအတွေ့အပြင် အနံ့အသက်ကလည်း ဆန်းလက်နေတယ်။ စာရေးပြောနေခဲ့ရသူတွေကို ပါးစပ်နဲ့ပါပြောရတော့ ပါးရောလျှာပါညောင်းလာတာ၊ သူရော ကိုယ်ပါ။ ပုံသေမျက်လုံးအစုံတွေကိုသာ ဖတ်နေခဲ့ရာကနေ စူးစိုက်ပြီး အကြည့်ခြင်းဖတ်ကြရတာ၊ သူရော ကိုယ်ပါ။ အားလုံးဟာ ဇရာ။ ပရိုဖိုင်းပုံတွေထဲမှာ ခန့်ခန့်ထယ်ထယ်၊ ဆယ်လ်ဖီးပုံတွေထဲမှာ ရယ်မောပြုံးပြ၊ ပို့စ်တွေမှာက ပို့စ်ပေးထားတဲ့ပုံတွေ။ အဲဒီအင်္ဂါရပ်တွေ အကုန်စုပုံထားတဲ့ သက်ရှိလူသားတွေကို ဘွားကနည်းတွေ့ကြရတာ၊ သူရော ကိုယ်ပါ။ ကြိုတင်တွေးဆ တင်ကူးထင်မှတ်ထားတာတွေက အပိုနဲ့အလိုတွေကို ပြွမ်းဟင်းချက်ထားသလိုပဲ။ အမှန်နဲ့အမှား ပေးစားထားတာတွေဖြစ်နေတတ်တယ်။ ဘယ်အရာမဆို အမှန်နဲ့အနီးစပ်ဆုံးကို တွေးတတ်မှ နဖူးတွေ့ဒူးတွေ့မှာ အမှားနည်းတယ်။ လေဆိပ်ကကြိုသူတွေမှာ ဗီနိုင်းလ်ပါရင် သိပ်မဟုတ်ချင်တော့ပါ။ ဟောပြောတဲ့အခါ ပရိုဂျက်တာပါရင် သူ့ဟာမဟုတ်တော့ပါ။ ဂဏန်းတွေနဲ့ အမှန်းတွေ။ လွမ်းစာ၊ တမ်းစာ၊ မှန်းစာတွေထဲရေးထားခဲ့တဲ့ ငယ်တုန်းကစွဲမက်စရာတွေမှန်သမျှနဲ့ နဖူးတွေ့၊ ဒူးတွေ့၊ ခံတ

Courtesy ယဉ်ကျေးပျူငှာ

Image
ညကတည်းက စိတ်ထဲကူးမိနေတာ။ မေးခွန်းတွေကိုဖြေပေးပြီး၊ ကျေးဇူးတင်ပါတယ်လို့ပြန်ရေးဖေါ်ရတာ မနေ့ကတော့ သိသိသာသာများတယ်။ တချို့ကတော့ မေးချင်တုန်းကတော့ ဖုတ်ပူမီးတိုက်၊ ကွန်မင့်ကနေမေးပြီး ဖြေတာကိုတော့ဖတ်ပုံမရဘူး။ တချို့လည်း မေးနည်းမကျလို့ စည်းကမ်းပို့ပေးပြန်တော့ ပို့ပေးလို့ကျေးဇူးတင်ပါတယ်သာရေးတယ်။ မေးခွန်းကို စနစ်တကျ ပြန်မမေးကြတော့ဘူး။ အမျိုးမျိုးမှ တကယ့်အမျိုးမျိုး။ ကိုယ့်တိုင်ပြည်သားတွေဆိုတော့လည်း အမျိုးပဲပေါ့။ ကနေ့မနက် အီးမေးလ်ကနေပြန်လာတဲ့ ကျေးဇူးသုံးခုကိုသာ နမူနာထည့်ပါမယ်။ ၁။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ၂။ ဟုတ်ကဲ့ပါဆရာ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ဖြေပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ၃။ ကျေးဇူးတင်ပါတယ်ဆရာ။ ကျမ ဘုရားတရားကို အရင်ထက် ပိုလုပ်ဖြစ်ပါတယ်။ ကံတရားပဲလို့တော့ ခံယူထားပါတယ်။ ဒါပေမဲ့ စိတ်ပူတဲ့စိတ်လေးဝင် ဝင်လာတတ်လို့ပါ။ ဒေါက်တာတင့်ဆွေ ၂၉-၅-၂ဝ၁၆

Flower bud အငုံအဖူး

Image
နှစ်ရက်သုံးရက်အတွင်း တင်ဖြစ်တဲ့ပို့စ်လေးတွေက တိုတိုတိတိဆိုတော့ (ကလာရီဖီကေးရှင်း) လိုတာတွေပါတယ်။ ဖေ့စ်ဘွတ်မှာ တိုမှသာရတယ်။ (တိုပြတ်) ဖြစ်ရမှာ (တိုပျက်) ဖြစ်နေတာကခက်တယ်။ မီဒီယာကတဆင့်သိရတာကိုဖတ်ပြီး တပုဒ်ရေးပါတယ်။ တချို့က အဲလိုအဲလိုမပြောပါလို့ဆိုလာတယ်။ ကျွန်တော်က မီဒီယာဆိုတာ အမြီးဖြတ်ခေါင်းတိ ရေးလေ့ရှိတာလည်း သိပါတယ်လို့ ပြောထားပြီးဖြစ်ပါတယ်။ တမာအကြောင်းလေးတွေ ရေးဖြစ်ပါတယ်။ လွမ်းတာတွေ တမ်းတာတွေသာမဟုတ်ပါ။ (မလိုတမာ) ပင် မစိုက်မိစေချင်တာကိုပါ သတိထားမိကြစေချင်တယ်။ အတော်ဆုံးဥယျာဉ်မှူးစိုက်ပျိုးထားတဲ့ခြံထဲမှာလည်း ပေါင်းမြက်မပေါက်ဖူးဆိုတာမရှိပါ။ သေချာရွေးထားတဲ့ မျိုးစေ့ထဲမှာတောင်မှ စုန်းပြူးဆိုတာ ပါတတ်တယ်။ ပါတော့လည်း မကောင်းတာကိုနှုတ်ပြစ်ရတယ်။ ဗမာတွေမှာရှိတဲ့ အယူအဆတခုက အငုံအဖူးကို လက်ညှိုးနဲ့ထိုးတာ မသင့်ပါတဲ့။ လက်ညှိုးကို ခေါက်ပြီးထိုးပြရတယ်။ အဲတော့ လက်ညှိုးထိပ်ဖျားက ကိုယ့်ဖက်လှည့်နေရော။ ဒေါက်တာတင့်ဆွေ ၂၉-၅-၂ဝ၁၆

Butcher of Depayin ဒီပဲယင်းအရေးအခင်း လုပ်ကြံခဲ့သူများ

Image
၂ဝဝ၃ ခုနှစ် မေလ (၃ဝ) ရက်မှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မြောက်ဖက်၊ ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူလိုက်ပါလာသူတွေကို (နဝတ) စစ်အစိုးရကနေ ကြိုတင်စီစဉ်သတ်ဖြတ်မှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီပဲယင်းအရေးအခင်းလို့ လူသိများပါတယ်။ (ဒဗရင်း) လို့ အသံထွက်ရပါမယ်။ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် စာအုပ်ထဲမှာ ဒီပဲယင်းလုပ်ကြံမှု အဓိကတရားခံသုံးယောက်လို့ပါတယ်။ (၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၂) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း (၃) ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ၁၉၉၂ မှ ၂ဝ၁၁ အထိ နဝတ ဥက္ကဋ္ဌ။ OTS ကျောင်းဆင်း။ ၁၁-၇-၁၉၅၃ မှစပြီးအမှုထမ်း။ ၄-၁၁-၁၉၈၆ ဒုဗိုလ်ချုပ်။ ၄-၁၁-၁၉၈ ဗိုလ်ချုပ်။ ၂၇-၇-၁၉၈၈ ကာကွယ်ရေးဒုဝန်ကြီး။ ၁၈-၉-၁၉၈၈ စစ်အာဏာသိမ်း ဒုခေါင်းဆောင်။ ၂၃-၄-၁၉၉၂ ဗခမကစောမောင်ကိုဖယ်ရှားပြီး ဥက္ကဋ္ဌလုပ်။ (၂) ဗိုလ်ချုပ်ကြီး စိုးဝင်း (ကွယ်လွန်) ယခင်ဝန်ကြီးချုပ် ၁၉-၁ဝ-၂ဝဝ၄ မှ ၁၂-၁ဝ-၂ဝဝ၇ အထိ။ ၁၉၆၅ မှာ DSA ကိုတက်ခဲ့။ ဗခမကသန်းရွှေရဲ့လူယုံ။ ၁၉၉၇ မှာ နဝတ တွင်း (၂) ဖြစ်လာ။ ၂ဝဝ၃ ဖေဖေါ်ဝါရီလမှာ တွင်း (၁) ဖြစ်လာ။ ၂ဝဝ၄ ဗခကခင်ညွန့်ကို ဖြုတ်လိုက်တော့ သူ့ကို ဝန်ကြီးချုပ်

Neem Seeds ချိုတာလို တမာကိုထပ်မစိုက်ပါနဲ့

Image
တမာအကြောင်းလေးတွေ တိုက်ဆိုင်လို့ ရေးပြီးသားကို နည်းနည်းမွမ်းမံပြီး ပြန်တင်ပါရစေ။ နိုင်ငံတကာကသုံးသပ်သူတွေနဲ့ မြန်မာပြည်ရဲ့ ကနေ့ပစက္ခအပြောင်းအလဲတွေအပေါ် ကောက်ချက်ချတာတွေက မတူကြပါ။ နိုင်ငံတကာဆိုတာက ကျယ်ပြန့်လို သူတို့ကြားမှာလဲ ကွဲပြားတယ်။ အကျိုးစီးပွါးလဲ ခြားနားလို့ပါ။ မြန်မာနိုင်သားတွေထဲမှာ ကွဲလွဲတာက ရိုးရှင်းတယ်။ အဟောင်းသမားတွေက အဟောင်းကိုတသကြတယ်။ မဟောင်း-မသစ်တွေကလည်း အုပ်စိုးသူဘက်ကလိုက်ပါကြတယ်။ အဲတာမျိုးက ခေတ်တိုင်းမှာ ရှိတတ်တာပါ။ သခင်အားရလို့အထိ ကလိရင် ခံချင်ပါ့မလားမမေးနဲ့။ သူတို့ဟာ အပြုံးအရယ်မပျက်၊ အရှက်ဖက်နဲ့ ထုပ်ထားပြီးသူတွေဖြစ်တယ်။ အခုတခါ အရင်အုပ်စိုးသူဖက်လည်းမဟုတ်၊ အခုအုပ်စိုးသူလည်းမဟုတ်သူဆိုတာ ပေါ်လာတယ်။ ဘာတွေလည်း။ ဘယ်အစိုးရတက်တက် နိုင်ငံရေးလေ့လာသူ၊ နိုင်ငံရေးတက်ကြွသူ၊ မြန်မာ့ရေးရာကျွမ်းကျင်သူဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့ လုပ်နေသူတွေလား။ အဲလိုမဟုတ်သူတွေကလည်း ပါသေးတာ။ ဘာတွေလည်း။ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ လူရွယ်တွေ ပါးစပ်ဖျားမှာ အရွေ့ဆိုတဲ့စကားလုံးမပါရင် ခေတ်မမီဘူး အထင်ခံရမှာစိုးလို့လားမသိ၊ အတော်ပြောခဲ့ကြတယ်။ အတော်နားကလောခဲ့တယ်။ ရူပဗေဒဝေါဟာရနဲ့ အမှတ်တခုကနေ တခြားအမှတ်တခုကို ရွေ့သွာ

Three Generations မျိုးဆက်သုံးဆက်

Image
ဒေလီကထွက်လာကတည်းက အတူတူမထွက်ရတာကြာလို့တဲ့။ ဒုတိယတိုင်းပြည်ကအစားအစာ သွားစားကြသတဲ့။ ကျွန်တော်က မဆလာမကြိုက်တာမို့ ပါမသွားဘူး။ မြန်မာပြည်မှာနေခဲ့တုံးကတော့ ကုလားဟင်းကို မုံရွာနဲ့ မန္တလေးမှာ မကြာမကြာသွားစား၊ ဝယ်စားပါတယ်။ အိန္ဒိယကမဆလာကိုတော့ မလွဲသာမရှောင်သာ အစည်းအဝေးတွေမှာ ဖိုင်စတားကဖြစ်ဖြစ် အောင့်အီးသည်းခံစားခဲ့ရတယ်။ သူတို့ဆီက ဒန်ပေါက်လည်း ကောင်းတဲ့ဆိုင်ကသာ ကောင်းတာ။ ဟိုက်ဒရာဘဂ်ကတော့ နာမည်ကြီးတယ်။ ရိုတီး ခေါ်တာကိုတော့ ကိုယ့်အိမ်ကချက်တဲ့ ပဲဟင်း၊ အသားဟင်နဲ့စားပါတယ်။ ဗီကပ်စ်ပူရီ ကြာသပတေးညဈေးကို အမှတ်ရတယ်။ ဒေလီမှာ ကျန်ရစ်သူတွေ ကျန်းမာကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၅-၂ဝ၁၆

How much to reveal ဘယ်အထိဖေါ်မလည်း

Image
ကျွန်တော့်ပို့စ်တခု One-Sided Arguments မဟာအမှားကြီးကိုတင်တော့ ကွန်မင့်အများဆုံးရေးလာကြတယ်။ ကျေးဇူးတင်ပါတယ်။ ပြန်ပြီးလိုက်ခ်လုပ်ရတာတောင် မနိုင်သေးပါ။ ရှင်းလင်းချက်လေးတော့ ရေးဘို့လိုတယ်ထင်လို့ ခပ်တိုတိုရေးပါရစေ။ စင်္ကာပူဖိုရမ် ၂ဝ၁၆ တခုလုံးကို မကောင်းပြောတာ မဟုတ်ပါ။ (ပင်နယ်လစ်) တွေပြောသမျှကို ကန့်ကွက်တာလည်း မဟုတ်ပါ။ မီဒီယာတို့ထုံးစံအတိုင်း စကားပြောတာတွေထဲက အမြီးခေါင်းဖြတ်တင်တတ်တာလည်း သိပါတယ်။ ဥပမာ (ဦး) ကိုကိုကြီးပြောတဲ့ စကားတခုကို ဟာသနှောတာလို့သာမြင်ပါတယ်။ ကျွန်တော်က စကားပြောရာမှာ Sense of humor ရှိတာကို သဘောကျပါတယ်။ သူများနိုင်ငံမှာ ကိုယ့်တိုင်းပြည်အကြောင်းသွားပြောတာတွေ၊ မီဒီယာမှာ အင်္ဂလိပ်လိုဖြေတာတွေ၊ အင်္ဂလိပ်လို ဆောင်းပါးတွေကို ယေဘုယျခြုံကြည့်ပြီး သဘောမတွေ့တာကို (စိတ်တိုတိုနဲ့လို့ ဝန်ခံပါတယ်) ပို့စ်တင်လိုက်တာပါ။ ကျွန်တော်လည်း အဲဒီအလုပ်တွေအားလုံးကုန် နှစ်ပေါင်းမနည်းမနောလုပ်ခဲ့သူဖြစ်လို့ ကောက်ချက်ချတာက ခပ်ပေါ့ပေါ့တော့ မဟုတ်ပါ။ စစ်အစိုးရတွေလက်ထက်မှာ (အစ်ရှူး) တိုင်းကို အချက်နဲ့အလက်နဲ့ ထောက်ပြခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကိုတော့ မထိပါးစေရပါ။ အခုအစိုးရသစ်အကြောင်းပြောကြသူတွေ ဒေါ်စု

Birds of a feather flock together ရတနာရှိရာ ရတနာလာ

Image
ကျွန်တော့်ပို့စ်တခု = Guidelines for Vaccinating Pregnant Women ကိုယ်ဝန်နှင့် ကာကွယ်ဆေး ကွန်မင့် (၁) Sarah Khin Lay စိတ်ကိုများ ထိုးဖောက်မြင်တတ်သလား မသိပါဘူး။ အခုရေးတင်တာလေးက သမီး ဒီနေ့ အရမ်းသိချင်တဲ့အကြောင်းအရာမို့ ကျေးဇူးပါရှင့်။ ဆရာလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ ကွန်မင့် (၂) Thinzar Kyaw ဟုတ်တယ်ညီမရေ။ ဆရာ့ကို မေးရမယ်လို့ စဉ်းစားမိတိုင်း အဲဒီနေ့မှာ ကိုယ်မေးချင် သိချင်တဲ့ ပို့စ်တက်လာတယ်။ Tint Swe ဆရာလည်း ဆုံ-စုဖြစ်တတ်တဲ့သဘောကို မေးခွန်းနေကနေတဆင့် သိလာရတယ်။ တရက်တည်းမှာ အဲတာနဲ့တင်မပြီးသေးပါ။ အခု ဆက်တိုက်လာတဲ့ မေးခွန်းနှစ်ခုက သည်လို့ မေးခွန်း (၁) အသက် ၃၅၊ မ။ သမီး ၃ ယောက်ခွဲမွေးထားပါတယ်။ နောက်ကလေး ယောက်ျားလေးလိုချင်လို့ပါ။ ဆေးနည်းလေးများရှိမလား သိချင်လို့ပါ။ မေးခွန်း (၂) ဆရာရှင့် သမီးအသက်က ၂၉ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်ဆရာ။ လွန်ခဲ့သော ၄ နှစ်က သမီးမိန်းကလေး တယောက် မွေးထားပါတယ်။ ခုနောက်ထပ် ယောက်ကျားလေးတယောက်လောက် ထပ်လိုချင်လို့ပါဆရာ။ ဘယ်လိုနည်းလမ်းများနဲ့ လုပ်ဆောင်ရပါမလည်း သိချင်လို့ပါဆရာရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။ အဲဒီဆေးပညာစာကိုတော့ ဖေ့စ်ဘွတ်မှာတင်ဘို့မသင့်လို့ မေးတဲ့

Bygone Surgeon ခွဲတဲ့ဆရာဝန်

Image
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ဒေါက်တာဆင်သီယာမောင်ရဲ့ဆေးခန်းမှာ လူနာဆောင်သစ်ဖွင့်ပွဲသတင်းသိရတယ်။ (မယ်တော်) ဆေးခန်းလို့ နှုတ်ကျိုးခေါ်ပေမယ့် ထိုင်းလို (မယ်တာအို) သံထွက်ရတယ်။ ဒါလည်း မြန်မာစာလုံးပေါင်းမို့ပါ။ တိတိကျကျကြီး သည်အတိုင်းအသံထွက်ရတာတော့ မဟုတ်ပါ။ နိုင်ငံရေးအတွက် ထိုင်းနိုင်ငံကို အခေါက်ပေါင်းများစွာရောက်ခဲ့ပါတယ်။ ကနဦးနှစ်တွေက မာနယ်ပလောအထိ သွားရတယ်။ မာနယ်ပလောကျပြီးနောက်ပိုင်းမှသာ မဲဆောက်ကို သွားရတာပါ။ မဲဆောက်ရောက်တိုင်း ဒေါ်ဆင်သီယာဆေးခန်းအထိ ရောက်တာများတယ်။ ကျွန်တော်က ရောက်တဲ့အရပ်မှာ လူနာရှာတယ်။ ရှာတော့လည်း ခွဲစိတ်လူနာ။ ကွယ်လွန်သူ ဗိုလ်ချုပ်မြမွေးတဲ့ရွာက ဆေးရုံမှာ ရင့်မာနေတဲ့ကိုယ်ဝန်အရွယ်အစားလောက်ရှိတဲ့ မျိုးဥအိမ်အလုံးကြီးကို ခွဲပေးခဲ့ဘူးတယ်။ ကျည်ဆံမှန်ခံရတဲ့ လူနာတယောက်ကို လည်ပင်းဖေါက်ပေးရတယ်။ မျိုးဥအိမ်အလုံးလူနာအမျိုးသမီးကြီးက ကောင်းသွားပေမယ့် ကျည်ဆံမှန်တဲ့ကရင်စစ်သား သိပ်မကြာခင်ကွယ်လွန်သွားတယ်။ ဆောရီး။ ဒေါ်ဆင်သီယာဆေးခန်းမှာတော့ ၄-၅-၆ ယောက်ခွဲပေးဘူးတယ်။ အူကျနဲ့မုတ်ပါတွဲရှိနေတဲ့လူနာတယောက်ကိုခွဲတော့ ကရင်ဆေးမှူးတဦးက (အဆစ်စ်) လုပ်ပေးတယ်။ အဲဒီဆေးမှူးက အခု KNU မှာ ထိပ်ပိုင်းမှာ တာဝန်

Birth Pills ကိုယ်ဝန်တား စားဆေးများ

Image
ဆရာခင်ဗျား အမျိုးသမီးက ၂၅ နှစ်ပါ။ Marvelon 28 တားဆေးသောက်ပါတယ်ဆရာ။ မျှားအတိုင်းသောက်ရာမှာ ၇ ပြီးတော့ ၈ သောက်ရမှာကို ၁၄၊ ၁၃၊ ၁၂ ထိမှားသောက်မိပါတယ်ဆရာ။ ၁၁ ရောက်မှ မှားမှန်းသိပါတယ်။ မှားတဲ့အတိုင်း ၁၁၊ ၁ဝ၊ ၉၊ ၈ ပြီးတော့ ၁၅၊ ၁၆ ကနေ ၂၈ ထိ ဆက်သောက်ရမှာလားဆရာ။ ကဒ်သစ်ဝယ်ပြီး ၁၁ သောက်ပြီးတော့ ၁၂၊ ၁၃၊ ၁၄၊ ၁၅ စသည်ဖြင်၂၈ ထိ ဆက်သောက်ရမှာလားဆရာ။ ပထမတန်းမှာရှိတဲ့ဆေး ၇ လုံး၊ ဒုတိယတန်းမှာရှိတဲ့ ဆေး ၇ လုံးတို့က အာနိသင်အတူတူပဲလားဆရာ။ လေးစားစွာဖြင့် ဖြေကြားပေးစေလိုပါတယ်ဆရာ။ ကျေးဇူးပါဆရာ။ (မြား) လို့ရေးရတယ်။ ဆေးကပ်-ဆေးဆိုင်တွေကပါ မှားရေးကြတယ်။ ကိုယ်ဝန်တားစားဆေးတွေမှာ ဆေးအရောင်တူရင် ဆေးလည်းတူတယ်။ သောက်လို့ရတယ်။ မြားပြထားတာက နေ့မလွဲအောင် (တနင်္ဂနွေ-တနင်္လာ) မှတ်ရတာ လွယ်ဘို့သာ ဖြစ်တယ်။ မြန်မာပြည်မှာ တချို့က လက်ညှိုးကပ်ခေါ်တယ်။ တချို့က မြားကပ်လို့ ခေါ်ကြတယ်။ အိုကေနာမည်နဲ့ စားဆေးရော ထိုးဆေးရောရှိပုံရတယ်။ ကျွန်တော် သိပ်မသိပါ။ တကမ္ဘာလုံးမှာ အမျိုးသမီးကြီးငယ် သန်းပေါင်း ၁ဝဝ သုံးနေကြတယ်။ နောက်ပေါ် စားဆေးထဲမှာ အဟောင်းတွေထက် ဟော်မုန်းလျှော့ထည့်ထားလို့ ဘေးထွက် ဆိုးကျိုးတွေ နည်းစေတယ်။ ထိရောက်မှုလဲ ရှိပါတယ်။ ကိုယ်ဝန်တားဆေး

Believe It or Not ကဲ ယုံချင်ယုံ မယုံချင်နေ

Image
အိပ်ယာထရင် ညကလာတဲ့ (ကွန်မင့်) တွေကိုလိုက်ဖတ်ရတဲ့အလုပ်နဲ့ စပါတယ်။ ကနေ့ အတော်မချောင်ပါ။ ခုထိ မပြီးနိုင်သေးဘူး။ အများဆုံးက One-Sided Arguments မဟာအမှားကြီး၊ ဧရာဝတီသတင်း = စင်ကာပူဖိုရမ်တွင် အစိုးရသစ်အား ဝေဖန်ဖြစ်ပါတယ်။ အဲဒီကွန်မင့်တွေထဲမှာ ဒီ (၂) လည်းပါလို့ လင့်တွေလိုက်ရှာရသေးတယ်။ လရောင် ထွန်း ကိုတိုင်မကြားရလို့မယုံပါ Soe Naing ဟုတ်တယ် ညေး။ ကွီးလည်း ယုံဘူး။ Myanmar Forum 2016 Date: 20 May 2016 Time: 08.30 am - 5.15 pm ABOUT THE FORUM ISEAS-Yusof Ishak Institute, in partnership with the University of Michigan’s Center for Southeast Asian Studies, will convene the Myanmar Forum 2016 on 20 May 2016. This one-day Forum will engage Myanmar country specialists, business and government practitioners with an international audience of public and private sector actors interested in Myanmar’s development, to discuss the road ahead for Myanmar in 2016 and beyond. The Forum’s value over other discussions on Myanmar lies in the informed assessment by those involved in various aspects of the c