Bleeding သွေးယိုခြင်း ရှေးဦးသူနာပြု

Nosebleed နှာခေါင်းသွေးယိုခြင်း
နှာခေါင်းထဲက သွေးပြန်ကြောလေးတခုခုပေါက်ခြင်း၊ ကြောက်ရန်မလို၊ အိမ်မှာပင်ကုသနိုင်။

ဖြစ်စေသည့် အကြောင်းရင်းများ
ခြောက်သွေ့ခြင်း၊ နှာခေါင်းကို ဆွဲလိမ်ခြင်း၊ နှာခေါင်းဒဏ်ရာရခြင်း၊ (အက်စ်ပရင်)၊ နှာခေါင်းထဲ တခုခုဝင်ခြင်း၊ ထိခိုက်မိခြင်း၊ မတည့်ဖြစ်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးဖိအား (BP) တက်ခြင်း၊ သွေးကြောကျဉ်းရောဂါ၊ သွေးခဲရောဂါ၊ (ကိုကိန်း) ဆေး။

အမျိုးအစားများ
၁။ နှာခေါင်းရှေ့ပိုင်းမှ ယိုခြင်း
နှာခေါင်းအား ပိုင်းထားသည့် အကန့်မှ ယိုသည်၊ နှာခေါင်းအား ထိုးမိ၍ဖြစ်သည်၊ နှာခေါင်း၏ ရှေ့မှ ယိုမည်။ ရပ်နေလျှင်၎င်း၊ ထိုင်နေလျှင်၎င်းယိုမည်၊ ပူသောရာသီ၊ အေးလွန်းသောရာသီ တို့၌ ဖြစ်တတ်သည်။

၂။ နှာခေါင်း နောက်မှယိုခြင်း
နှာခေါင်းနောက်ပိုင်းမှ ထွက်သည်။ နှာခေါင်းနောက်၊ အာခေါင်သို့ ထွက်မည်။ အသက်ကြီး၊ သွေးဖိအား (BP) များသူများ ဖြစ်တတ်၊ ဆိုးဝါးနိုင်သည်။

ကုသရန်
• ထိုင်ပါ၊
• ရှေ့သို့ ကိုင်းထားပါ။
• နှာခေါင်း၏ ပျော့သည့်အပိုင်းအား လက်ချောင်းနှစ်ချောင်းဖြင့် ညှစ်ပါ။
• ဆက်တိုက် ညှစ်ရမည်။
• (၁ဝ) မိနစ်ကြာပါစေ။
• ကလေးဖြစ်ပါက အာရုံပြောင်းပေးပါ။
• နှာခေါင်းကို (၂) ရက်တိုင် မထိခိုက်စေရန် သတိပေးပါ။
• နှာခေါင်းအပေါ် ရေခဲတင်ပေးပါ။
• (၁၅) မိနစ်အထိ မရပါက၊ ထိခိုက်မိ၍ယိုခြင်း ဖြစ်ပါက ဆရာဝန်ပြပါ။၊
• ခဏခဏယိုပါက ဆရာဝန်ပြပါ။

Bleeding gum သွားဖုံးသွေးယိုခြင်း
ဖြစ်စေသည့် အကြောင်းအရင်းများ
မသန့်ရှင်းခြင်း၊ ထိခိုက်မိခြင်း၊ ရောင်ခြင်း၊ ဗီတာမင် (စီ)၊ ဗီတာမင် (ကေ) နည်းခြင်း၊ အစာ ပူပူစားခြင်း၊ ဓါတုဆေးများကြောင့် ဖြစ်ခြင်း၊ Leukemia ခေါ် သွေးအားနည်းရောဂါ၊ ကိုယ်ဝန်ရှိစဉ်။

ကုသရန်
• ရေခဲဖြင့် ဖိပေးပါ။
• ဆားထည့်ထားသည့် ရေခပ်နွေးနွေးဖြင့် တနေ့ (၂) ကြိမ် လုပ်ပေးပါ။
• မရပါက ဆရာဝန်ပြပါ။
• Aspirin အကိုက်အခဲပျောက်ဆေးများ မသောက်ရ၊
• ဗီတာမင် စီ သောက်ပါ။
• ခဏခဏယိုပါက ဆရာဝန်ပြပါ။

ကာကွယ်ရန်
ဆေးလိပ်မသောက်ရ။ ဆေးမငုံရ၊ ကစီဓါတ်များသည့် အစားအစာ ရှောင်ပါ။ သွားပွတ်တံ မမာစေရ၊ သွားသန့်ရှင်းရေး မှန်မှန်လုပ်ပါ။

Heavy bleeding သွေး များများယိုထွက်ခြင်း
ပါးစပ်၊ ဒဏ်ရာ၊ အရေပြား၊ အတွင်းပိုင်းရှိ အင်္ဂါများမှ ယိုနိုင်သည်။

ဖြစ်စေသည့်အကြောင်းအရာများ
မတော်တဆဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ သွားနှုတ်ခြင်း၊ ဆေးကုနေစဉ်ဖြစ်ခြင်း၊ နေမကောင်းစဉ် ဖြစ်ခြင်း၊ Hemophilia, Scurvy, Cancer, Thrombocytopenia, A plastic Anemia, Leukemia, Peptic Ulcer, Platelet Disorder, Liver Disease, Septicemia စသည့်ရောဂါများ၊

လက္ခဏာများ
ဒဏ်ရာ၊ အနာတို့မှ သွေးထွက်ခြင်း၊ သွေးခြည်ဥဖြစ်ခြင်း၊ ပါးစပ်၊ နှာခေါင်း၊ စအိုတို့မှ သွေးထွက်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊

ကုသရန်
• လူနာမကိုင်မီ လက်ကို စဉ်ကြယ်အောင် ဆေးပါ။
• လက်အိပ်စွပ်ပါ။
• လူနာကို လှဲနေစေပါ။
• ခြေရင်းပိုင်း မြှင့်ထားပါ။
• သွေးထွက်သည့်နေရာကို ဖြစ်နိုင်ပါက မြှင့်ထားပါ။
• မလိုအပ်သော သွေးခဲစသည့် အစိတ်အပိုင်းများ ဖယ်ရှားပါ။
• သန့်ရှင်းသော အဝတ်စ၊ ပတ်တီး၊ လက်ဖြင့် သွေးထွက်သည့်နေရာကို (၂ဝ) မိနစ်ခန့် ဖိထားပါ။
• အဝတ်စ၊ ပတ်တီးတို့ကို မဖယ်ဘဲ ပလာစတာကပ်ပါ။
• သွေးထပ်စိုလာပါစေ ပတ်တီးမဖယ်ပါနှင့်။
• လိုအပ်ပါက နောက်ထပ်၍ ပတ်တီး၊ ပလာစတာသုံးပါ။
• လိုအပ်ပါက သွေးထွက်စေသော သွေးလွှတ်ကြောအား ဖိအားပေးပါ။ ဥပမာ လက်ဆိုလျှင် ဂျိုင်း၊ လက်မောင်း ခြေထောက်ဆိုလျှင် ပေါင်ခြံ၊ ပေါင်။

ဆရာဝန်ပြရန်
ထိုသို့မှ မရလျှင် နှာခေါင်း၊ နားတို့မှ သွေးယိုလျှင်၊ သွေးအန်လျှင်၊ ချောင်းဆိုးရာ၌ သွေးပါလျှင်၊ အတွင်းဒဏ်ရာ အထက် သွေးခြေဥ ဖြစ်လာလျှင်၊ ဝမ်းဗိုက် တင်းလာလျှင်၊ အရိုးကျိုးလျှင်၊ (ရှော့ခ်) ရလျှင် ဆရာဝန်ပြပါ။

ရှောင်ရန်များ
လွဲသွားသော အင်္ဂါအစိတ်အပိုင်းတွေ့လျှင် မဖယ်ရ၊ မပြင်ရ၊ ဒဏ်ရာကို အဝတ်သန့်သန့်ဖြင့် ဖုံးပေးပါ။ ဒဏ်ရာထဲက ပစ္စည်းများ ဖယ်မပြစ်ရ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ