Hepatitis B Vaccine Guideline ဘီပိုးကာကွယ်ဆေးထိုးနည်း

Hepatitis B Vaccine Guideline ဘီပိုးကာကွယ်ဆေးထိုးနည်း

ဘယ်လိုလူတွေကို အသဲရောင် (ဘီ) ကာကွယ်ဆေးထိုးပေးသင့်သလဲ ယေဘုယျလမ်းညွှန်ချက်
• မွေးစကလေးတိုင်းနဲ့ အသက် ၁၈ နှစ်ကလေးမှန်သမျှ၊
• ကျန်းမာရေးဝန်ထမ်းတွေ၊
• မျိုးပွါးဆိုင်ရာဖြစ်နိုင်သူများ အရွယ်ရောက်သူတွေနဲ့ လူရွယ်တွေ၊ ကျား-ကျား အတူနေသူတွေ၊
• တအိမ်ထဲမှာ (ဘီ) ပိုးရှိနေတဲ့ မိသားစုဝင်တွေနဲ့ အတူနေသူတွေ၊
• သူများကလေးကို မွေးစားသူတွေ၊ အာရှ၊ တောင်အမေရိက၊ အာဖရိကနဲ့ ပစိဖိတ်ကျွန်တွေကို ခရီးသွားမဲ့ တခြားတိုင်းပြည်ကလူတွေ၊
• ကျောက်ကပ်မကောင်းလို့ ကျောက်ကပ်စစ်နေရသူတွေ၊
• ပြုပြင်ရေးစခန်းတွေမှာ အလုပ်လုပ်နေကြရသူတွေ၊
• ဆီးချိုရောဂါရှိသူတွေ။

Engerix B (Hepatitis B Vaccine) ဘီိပိုး-ကာကွယ်ဆေးကို နည်းလမ်း ၃ မျိုးနဲ့ ထိုးနိုင်တယ်။
(၁) ပဌမ ၁ လုံး၊ နောက် ၁ လ အကြာ ဒုတိယ ၁ လုံး၊ နောက် ၅ လ (ပဌမ ဆေးထိုးပြီးနောက် ၆ လ) အကြာ တတိယ ၁ လုံး။ ဒီနည်းသုံးရင် ဆေးစထိုးပြီးနောက် ၇ လနေရင် ဘီပိုးကို ကာကွယ်နိုင်သွားပြီ ဖြစ်တယ်။ ဝ - ၁ - ၆ လ ထိုးနည်းလို့ ခေါ်တယ်။ ဒီနည်းကို အများဆုံးသုံးတယ်။
(၂) ဆေး ၃ လုံးကို တလစီခြား ထိုးနိုင်တယ်။ ဒီနည်းက မြန်မြန်တော့ ကာကွယ်နိုင်ပေမဲ့ ၁၂ လ အကြာမှာ စတုတ္ထ ၁ လုံး ထပ်ထိုးရမယ်။ ဝ -၂ -၁၂ လ နည်းလို့ခေါ်တယ်။
(၃) အရေးတကြီး ဘီပိုးများတဲ့ဒေသတွေကို ခရီးထွက်ရမယ်ဆိုရင် ဝ - ၇ -၂၁ ရက် နည်းသုံးနိုင်တယ်။ နောက် ၁၂ လ အကြာမှာ စတုတ္ထ ၁ လုံး ထပ်ထိုးရမယ်။

ကိုယ်သုံးတဲ့ကာကွယ်ဆေးရဲ့ ဆေးညွှန်းကို အတိအကျလိုက်နာရမယ်။ မတူတာလေးတွေရှိတယ်။ ဆေးထိုးပြီးလို့ တခုခု (ဖျားတာ) ဖြစ်ရင် ဆေးထိုးဇယားပြင်ပေးလိမ့်မယ်။ အသက်၊ ကျန်းမာရေးအေခြအနေနဲ့ အန္တရာယ်အပေါ် မူတည်တယ်။

IM အသားဆေးဖြစ်တယ်။ ဆေးကို အသေအခြာလှုပ်ပြီးမှထိုးပါ။ မျက်စိနဲ့ အသေအချာကြည့်ပါ။ နဲနဲနောက်လာမယ်။ တခြားဆေးတွေနဲ့ ဆေးထိုးပိုက် တခုထဲမှာ ရောမထိုးပါနဲ့။ အသက် ၁၂ နှစ်ကနေအထက် 20 micrograms (1 ml) IM ထိုးပါ။ မွေးစကလေးနဲ့ ၁၂ နှစ်အောက်ကလေးတွေ 10 micrograms (0.5 ml) IM ထိုးပါ။ ပခုံးနေရာမှာ မထိုးပါနဲ့။ ကလေးငယ်လေးတွေဆိုရင် ပေါင်ရှေ့-ဘေး နေရာမှာ ထိုးနိုင်တယ်။

HBsAg ဘီပိုးရှိတဲ့ မိခင်ကနေ မွေးတဲ့ကလေးကို ဘီ ကာကွယ်ဆေးနဲ့အတူ Hepatitis B immunoglobulin ဆေးကိုပါ မွေးပြီး ၁၂ နာရီအတွင်းမှာ တပြိုင်နက်တည်းနေရာခွဲထိုးပါ။ တကယ်လို့ ဘီပိုးဝင်တာခံရလောက်တယ်လို့ ယူဆရင်လဲ ကာကွယ်ဆေးနဲ့အတူ Hepatitis B immune globulin (HBIG) ကိုပါ တခါတည်း ထိုးပေးမယ်။ ဒီဆေးက Antibodies ဖြစ်တယ်။ အကြာကြီးမခံဘူး။ ဒီဆေးအကြောင်း သပ်သပ်ရေးထားပါတယ်။

• ဆေးထုတ်လုပ်တဲ့ကုမ္ပဏီ မတူလဲ ကာကွယ်မှုပေးပါမယ်။
• ဆေးထိုးထာပြီးနောက် ဘယ်တော့အထိ ကာကွယ်နိုင်သလဲဆိုတာ အတိအကျမပြောနိုင်သေးပါ။ တချို့က ၅ နှစ်နေရင် Booster dose ထပ်ထိုးဘို့ သတ်မှတ်တယ်။ ၃ လုံးပြည့်သူတွေမှာ ၁ဝဝ% ကာကွယ်နိုင်တယ်လို့လဲ ယူဆတယ်။ ထပ်ထိုးစရာ မလိုတော့ဘူးလို့ ယူဆတာလဲရှိတယ်။
• ဆေးပေါ်စကတည်းက ယူဆချက်ဖြစ်တဲ့ ဆေး ၃ လုံးအပြည့်ထိုးထားရင် ၅-၇ နှစ်အထိ ကာကွယ်မယ်ဆိုတာကိုလဲ မစွန့်လွှတ်သေးပါ။ အခုထိသိရတာက ၂၅ နှစ်တာကာကွယ်နိုင်တယ်လို့ ဖြစ်ပါတယ်။
• ယူကေနိုင်ငံမှာ စဉ်တိုက်ဆက်တိုက်ကာကွယ်မှု လိုအပ်သူတွေ ဥပမာ ကျန်းမာရေးဝန်ထမ်းတွေကို ၅ နှစ်နေရင် ကာကွယ်ဆေး ၁ လုံး ထပ်ထိုးစေတယ်။
• ယူအက်စ်မှာ နောက်ဆုံးတွေ့ရှိချက်အရ (၂၂) အထိ ထပ်ထိုးဘို့မလိုပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ