Worry dolls ဆိုးနေတာအတွက် စိုးရိမ်မိတယ်
Ko Tun အူကျရောဂါဆိုတာဆိုးရိမ်ရလားဆရာ ကျေဇူးပြု့၍ရှင်းပြပေးပါဆရာ
Dr. Tint Swe မေးနည်းစည်းကမ်းအကြောင်းအောက်ကနေ အသက်-ကျား-မ ဘာတခုမှမပြောပဲမေးတာကို သတိပြုသင့်ပါတယ်။ (ပြု) မှာ (အောက်မြင့်) မလိုပါ။ (စိုးရိမ်) လို့ရေးရတယ်။ ဥပမာ ရောဂါဆိုးသွားမှာကို စိုးရိမ်တယ်။
Kyaw Thu Ra ဆရာရဲ့ cover photo မှာ တင်ထားရင် အဆင်ပြေမလားဆရာ၊ အကြံပေးတာပါ။
Tint Swe အဲလိုအကြံပေးတာ ၃-၄ ယောက်ရှိတယ်။ ပရိုဖိုင်းလ်မှာ တင်ခဲ့ဘူးတယ်။ ဘာမှမထူးလို့ပြန်ဖြုတ်လိုက်ရတယ်။ အခုစာတင်ပြီးနောက် ဖေ့စ်ဘွတ်ပေ့ခ်ျကလာတာတွေ ဖြေတယ်။ ၁၅ ယောက်လောက်က အသက် မပြောပါ၊ မိန်းကလေးဆိုရင် မိန်းကလေးကျန်းမာရေးအခြေခံအချက်တွေမပြောပါ၊ အတော်ကို မောသွားရတယ်။
ကတိပေးထားလို့ နမူနာတွေတော့ မတင်တော့ပါ။ တယောက်ဆို မလိုချင်တဲ့ကိုယ်ဝန်ရနေလို့ ကိုယ်ကိုယ်ကို သတ်သေချင်တယ်လို့ အင်္ဂလိပ်လိုရေး မေးတယ်။
ဓါတ်ပုံ = Worry dolls are small, mostly hand-made dolls that originate from Guatemala and Mexico. စိတ်ပူပန်နေတဲ့အရုပ်လေးတွေကို ဂွာတီမာလာနဲ့ မက်ဆီကိုကနေထုတ်တယ်။ နိုင်ငံအစုံမှာရောင်းတယ်။ တချို့က အဲဒီအရုပ်လေးတွေက ကံမကောင်းစေဘူးပြောကြတယ်။ ကျွန်တော့်မှာ မရှိပါ။
ဒေါက်တာတင့်ဆွေ
၁၃-၅-၂ဝ၁၆

Comments
Post a Comment