Out of the EQ and IQ

IQ နဲ့ EQ အကြောင်းမှာ ကိုယ့်အမြင် ကိုယ့်ယူဆချက်တွေရေးကြတယ်။ IQ နဲ့ EQ ဝေါဟာရအသုံးဟာ တီထွင်ကြတဲ့ ပညာရှင်တွေရဲ့ မူပိုင်စကားဖြစ်ပြီး မူပိုင်စံတွေရှိပါတယ်။ လူတွေရဲ့ဉာဏ်ရည်ကို သိပ္ပံနည်းကျပြောတာတွေဖြစ်တယ်။ အဲဒီစာထဲမှာ ကျွန်တော့်အမြင်အာဘော် ထည့်မထားပါ။ တချို့က ကျွန်တော့်ကို IQ ဖက်ကရေးသလိုထင်ကြတယ်။ တချို့က သူတို့သန်တာကြိုက်တာကို ရေးလာကြတယ်။ လူတိုင်းကိုယ်စီမှာ IQ ရော EQ ပါရှိနေတာပါ။

IQ နဲ့ EQ အကြောင်းပြောကြရင် သူ့မူဘောင်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အောက်ကနေသာ ပြောရမှာပါ။ ကနေ့မြန်မာ့ နိုင်ငံရေးမှာ ငြိမ်းချမ်းရေးဖြစ်ဖြစ် ပြည်ထောင်စုမူဖြစ်ဖြစ်ပြောရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျော်ပြောလို့တော့ရမယ်။ လုပ်လို့ မရသေးသလိုပါပဲ။

လူတွေရဲ့ဉာဏ်ရည်ကိုပြောရင်တော့ IQ နဲ့ EQ ကနေကျော် ပြောရပါတော့မယ်။ လူတဦးရဲ့ဉာဏ်ရည်နဲ့ အောင်မြင်မှုကို နှိုင်းယှဉ်ပြောကြတယ်။ ဘာကတော်လို့၊ ဘာကကောင်းလို့ဖြစ်တယ်။ IQ, EQ ခွဲပြောတာ ဟုတ်ပါ့မလား။

CEO လို စီးပွါးရေးလုပ်ငန်းတွေမှာ ဦးဆောင်တွေကိုတမျိုး၊ နိုင်ငံရေးခေါင်းဆောင်တွေကိုတမျိုး တွက်ရပါမယ်။ နိုင်ငံရေးမှာ ဉာဏ်နဲ့မဆိုင်ဘူးပြောရမလား တခြားအချက်အလက်တွေကြောင့် ထိပ်ရောက်တာမျိုးရှိတယ်။ ဥပမာ လိုအပ်ချက်အရ အောက်နားကနေ ထိပ်ရောက်လာတာ၊ ဥပမာ ဟစ်တလာ။ မိဘအရှိန်အဝါနဲ့သာ နေရာရလာတာ၊ ဥပမာ မြောက်ကိုရီးယားခေါင်းဆောင်။ လက်နက်အင်အားနဲ့ ရယူထားတာ၊ ဥပမာ ထိုင်းဝန်ကြီးချုပ်။ အကတိတရားနဲ့ နေရာရတာ၊ ဥပမာ FIFA ဥက္ကဋ္ဌဟောင်း။ အဲတာတွေက IQ, EQ နဲ့ ဆိုင်ပါ့မလား။

EQ ဆိုတာ စိတ်လှုတ်ရှားမှုနဲ့ဆိုင်တယ်။ ကိုယ့်စိတ်လှုတ်ရှားမှုကို မျိုသိပ်ထိန်းချုပ်နိုင်စွမ်းနဲ့ သူများတွေရဲ့ စိတ်လှုတ်ရှားမှုကိုသိပြီး အသုံးချနိုင်စွမ်းရှိသူဟာ EQ မြင့်သူဖြစ်တယ်။ မျက်ရည်ကျစေအာင်၊ ပြုံးရွှင်ရယ်မောစေအောင် ပြောဆိုရေးဖွဲ့တာမျိုးလုပ်ပြီး စိတ်လှုပ်ရှားမှုဖြစ်လာသူတွေအပေါ် အနိုင်ယူနိုင်စွမ်းကလည်း EQ ပဲလား။ တက်နေတဲ့ အစိုးရနဲ့ ထောက်ခံသူတွေကို အမြင်ကပ်အောင်၊ ဘာသာရေးအမုန်းတရားပွါးအောင် လုပ်ပေးသူတွေကတော့ EQ ကို ကောင်းကောင်း အသုံးချနေတာလား။

သိပ္ပံနည်းနဲ့ တိုင်းတာနိုင်နိုင်တာတွေရှိသလို ကံဇာတာ၊ စန်း၊ လာဘ်ဆိုတာလည်း ရှိပါသေးတယ်။ စိတ်ရင်းစေတနာလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၅-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ