Well Done လူမရောက် အလှူရောက်၏

ဆရာရေ သမီးလေး တနှစ်ပြည့်၊ မော်လမြိုင် ကျိုက္ခမီ ရေလယ်ဘုရားဖူး သွားပါတယ်။ ၂၈-၂၉ မေလ ၂ဝ၁၆ ကပါ။ ကိုယ်ဝန်နဲ့ထဲက မေးသမျှ သိချင်သမျှ ဖြေကြားပေးတဲ့ ဆရာကို ကျေးဇူးတင်ပါတယ်။ ဆရာနဲ့ အန်တီ့အတွက်ကိုလည်း ငွေလှူခဲ့ပါတယ်။ ဆရာ သာဓုခေါ်နိုင်အောင်ပါ။ ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။့

အော့့် ဆရာ အဲဒီကို တခါမှမရောက်ဖူးသေးပါ။ ဆရာ့ကိုယ်စား အလှူတော့ရောက်သွားပြီပေါ့။ ကံတရားဆိုတာ အင်မတန်ဆန်းကြယ်တယ်။ ရေစက်ဆိုတာ အဲလိုနဲ့ ဆုံဆည်းကြရတယ်။ သံသရာမှာ အဲလိုပါပဲ။ ကောင်းမှုဆိုတာ စိတ်ထဲကနေလာပြီး စိတ်ကနေဖြစ်မြောက်စေနိုင်တာလည်းရှိတယ်။ လူရောက်စရာ လိုချင်မှလိုတယ်။
မိသားစု ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁-၆-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)