1990 memoir မှတ်တမ်းဓါတ်ပုံ
၁၉၉ဝ ကောက်ပွဲနှစ်ပတ်လည်နေ့ နီးလာပြန်ပါပြီ။ သည်တခါဆိုရင်တော့ (၂၆) ခါရှိပြီပေါ့။ မနေ့ကပဲ ပြည်တွင်းက ၁၉၉ဝ အမတ်ဟောင်းအစုအဖွဲ့ကနေ ဖိတ်စာပို့တာရတယ်။ လူတော့ ရောက်နိုင်မှာမဟုတ်ပါ။ စိတ်ကတော့ အမေနေ့မှာ ရေးခဲ့သလို နေ့တိုင်းလိုလိုရောက်ပါတယ်။
၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးခရီးစဉ် မှတ်တမ်းဓါတ်ပုံတွေကို NLD ပုလဲမြို့နယ်၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ သတ္တိအကောင်းဆုံးတွေထဲက တဦးဆီကနေ ၈-၂-၂ဝ၁၄ မှာ ရရှိခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
ပုလဲမဲဆန္ဒနယ်မြေ အမှတ် (၂)

Comments
Post a Comment