Cancer Update Email - It's a Hoax! ကင်ဆာသတင်းအတုသတိပြု

ကင်ဆာကုသမှုသတင်းတခုကို အခုပဲ ဖေ့စ်ဘွတ်မှာ ဖတ်ရပါတယ်။ ဂျွန် ဟော့ (ပ်) ကင်း (စ်) တက္ကသိုလ်အမည်နဲ့ ကိုးကားပြီး ဘာသာပြန်ထားတဲ့ အတော်လည်းရှည်လျှားတဲ့ ဆေးပညာသတင်းဖြစ်ပါတယ်။

ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက် ဂျွန်ဟော့ (ပ်) ကင်း (စ်) မှဖတ်ပါ။ ဝေမျှပါ
ဂျွန်ဟော့(ပ်)ကင်း(စ်)မှကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်
၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေရှိတယ်။ ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။
့
့ မူရင်း ...ရတီ

အဲလို အစချီပြီးရေးတင်ထားတာပါ။ သတင်းပင်ရင်း (ဆို့စ်) ထည့်ရေးထားတာမပါလို့ ဂျွန် ဟော့ (ပ်) ကင်း (စ်) တက္ကသိုလ် ဝဘ်ဆိုက်ကို လိုက်ရှာရပါတယ်။ သည်လို တွေ့ပါတယ်။

Cancer Update Email -- It's a Hoax! ကင်ဆာ အပ်ဒိတ် အီးမေးလ်ဟာ အတုပါ။ အဲလိုအလားတူ အတုတွေ ရှိပါသေးတယ်။
1. The Hoax: Everyone Has Cancer Cells
2. The Hoax: A Strong Immune System Destroys Cancer
3. The Hoax: Cancer is Caused by Nutritional Deficiencies and Supplements Will Correct Them
4. The Hoax: Chemotherapy and Radiation Therapy Harms Normal Cells. Surgery Causes Cancer to Spread
5. The Hoax: Cancers Feed on Certain Foods
6. The Hoax: Cancer is a Disease of Mind, Body and Spirit
7. The Hoax: Oxygen Kills Cancer Cells
http://www.hopkinsmedicine.org/kimmel_cancer_center/news_events/featured/cancer_update_email_it_is_a_hoax.html

ကျန်းမာရေးသတင်း အသစ်အဆန်းတွေတင်ကြသူများ၊ မျှဝေကြသူများ သတိကြီးကြီးထားကြဘို့နဲ့ စေတနာနဲ့ဖြစ်ပေမယ့် သူများကို အမှားနဲ့ လိမ်ညာမိတာမဖြစ်ကြဘို့ပါ အသိပေးပါရစေ။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး