Flower bud အငုံအဖူး

နှစ်ရက်သုံးရက်အတွင်း တင်ဖြစ်တဲ့ပို့စ်လေးတွေက တိုတိုတိတိဆိုတော့ (ကလာရီဖီကေးရှင်း) လိုတာတွေပါတယ်။ ဖေ့စ်ဘွတ်မှာ တိုမှသာရတယ်။ (တိုပြတ်) ဖြစ်ရမှာ (တိုပျက်) ဖြစ်နေတာကခက်တယ်။

မီဒီယာကတဆင့်သိရတာကိုဖတ်ပြီး တပုဒ်ရေးပါတယ်။ တချို့က အဲလိုအဲလိုမပြောပါလို့ဆိုလာတယ်။ ကျွန်တော်က မီဒီယာဆိုတာ အမြီးဖြတ်ခေါင်းတိ ရေးလေ့ရှိတာလည်း သိပါတယ်လို့ ပြောထားပြီးဖြစ်ပါတယ်။

တမာအကြောင်းလေးတွေ ရေးဖြစ်ပါတယ်။ လွမ်းတာတွေ တမ်းတာတွေသာမဟုတ်ပါ။ (မလိုတမာ) ပင် မစိုက်မိစေချင်တာကိုပါ သတိထားမိကြစေချင်တယ်။

အတော်ဆုံးဥယျာဉ်မှူးစိုက်ပျိုးထားတဲ့ခြံထဲမှာလည်း ပေါင်းမြက်မပေါက်ဖူးဆိုတာမရှိပါ။ သေချာရွေးထားတဲ့ မျိုးစေ့ထဲမှာတောင်မှ စုန်းပြူးဆိုတာ ပါတတ်တယ်။ ပါတော့လည်း မကောင်းတာကိုနှုတ်ပြစ်ရတယ်။

ဗမာတွေမှာရှိတဲ့ အယူအဆတခုက အငုံအဖူးကို လက်ညှိုးနဲ့ထိုးတာ မသင့်ပါတဲ့။ လက်ညှိုးကို ခေါက်ပြီးထိုးပြရတယ်။ အဲတော့ လက်ညှိုးထိပ်ဖျားက ကိုယ့်ဖက်လှည့်နေရော။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ