Doctor’s name သည်တခါ လူနာမည်
Phyu Sin Moe ဆရာသံဆင့်လိပ်စာလေးသိပါရစေရှင့်။ ဆရာကြီးသံဆင့်နဲ့ ဆေးကုချင်လို့ပါရှင်။ ဆရာသံဆင့် Foundation ထောင်ထားတယ်လို့ ကြားမိလို့ပါရှင်။ လိပ်စာလေးမြန်မြန်သိပါရစေ။ ကျေးဇူးတင်ပါတယ်ရှင်။
မေးနည်းစည်းကမ်းအကြောင်းမှာ အခုလို မေးနည်းမကျမေးတာ သတိထားသင့်ပါတယ်။
ဒေါက်တာသံစစ်ကို မေးတာလား။ သူက မန္တလေးမှာနေတယ်။ လိပ်စာတော့ မသိပါ။ လူနာမည်စာလုံးပေါင်းကိုလည်း သတိပြုသင့်ပါတယ်။
သူက ဆရာ့သူငယ်ချင်း၊ တနှစ်တည်း အတူကျောင်းပြီးကြတယ်။ ဆရာ ဒေလီမှာနေစဉ်ကတော့ သူ့ကို ဖေ့စ်ဘွတ်မှာ စွပ်စွဲတာတွေ့ရလို့ သူ့ဆီလှမ်းပြောဖြစ်တယ်။ သူလုပ်နေတဲ့ အသည်းဖေါင်ဒေရှင်းကို စိတ်ထားဖြူဖြူနဲ့သာ လုပ်နေကြာင်း ပြန်ရှင်းပြတယ်။ ဆရာ သူ့အကြောင်း ဆေးကျောင်းကတည်းက ကောင်းကောင်းသိတယ်။ စိတ်ရင်းစေတနာ ကောင်းတယ်။ သူက စစ်ကိုင်းသား။ စစ်ကိုင်းက ဒေါက်တာမူမူနဲ့ ဒေါက်တာမိမိတို့ကလည်း သူငယ်ချင်းပဲ။ စစ်ကိုင်းသားတွေက ရိုးသားကြတယ်။
သတ်ပုံကို နေ့တိုင်းပြောရတာ ဖတ်တဲ့သူတွေကို တကယ့်ကိုအားနာပါတယ်။ အခုတခါ လူနာမည်။ ကျွန်တော့် နာမည်တောင်မှ အတူနေတာ နှစ်တွေကြာပေမယ့် မှန်အောင်အသံမထွက်ကြတာ ဒေလီမှာနေကတည်းကသိတယ်။ ချင်းစကားမှာ (ဆွေ) က အသံထွက်ခက်ကြပုံရတယ်။ အဆိုးဆုံးကတော့ (အိုက်ဇော်) ကနေ လှမ်းပြီးစာရေးတဲ့ ဗမာတယောက်။ ဗိုလ်ချုပ်မှူးကြီးနာမည်တပ်ရေးလာတယ်။ ခံလိုက်ရတယ်။
ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၆

Comments
Post a Comment