The World's Most Generous Nation အရက်ရောဆုံးနိုင်ငံ

The World's Most Generous Nation အရက်ရောဆုံးနိုင်ငံ

Rey Tho အိန္ဒိယနိုင်ငံသို့ သစ်ခိုးထုတ်ရောင်းချနေသော နယ်စပ်မှတ်တိုင် 127 - 129 အကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရသိအောင် တင်ပြတော့မည်။


ကောင်းတယ်။ နေရာအညွှန်းလေးတွေပါထည့်ပါအုန်း။ ပို့်စ်တင်သူက မြန်မာပြည်ကနာဂအမျိုးသား။ ကျွန်တော် အိန္ဒိယမှာနေတုန်းက ရင်းရင်းနှီးနှီးသိတဲ့သူ။ အခုသူက အလုပ်သမားအဖွဲ့အစည်းမှာ ဝင်လုပ်နေတယ်။

အိန္ဒိယ-မြန်မာနယ်စပ်အကြောင်းတော့ ကောင်းကောင်းသိပါတယ်။ (မဆလ) ခေတ်မှာ တမူး-မိုးရေး မှောင်ခိုလုပ်ငန်းကြီး ပေါ်လာတယ်။ စစ်အစိုးရလက်ထက်မှာ နယ်စပ်ကုန်သွယ်ရေး ဖွင့်တယ်။ တဖက်မိုးရေးကနေ သည်ဖက်နန်းဖါလုံမှာ နေရာပြောင်းတာကလွဲရင် နှစ်နိုင်ငံကုန်သွယ်ရေး ထူးကောင်းမလာပါ။ ကျန်ဖိုင်းနယ်စပ်ကုန်သွယ်ရေးထပ်ဖွင့်တယ်။ ကောင်းလာတာတွေတော့ မူးယစ်ဆေးဝါးထုတ်လုပ်လုပ်စရာကုန်ကြမ်းတွေ အနောက်ဖက်ကနေဝင်ရတာလွယ်ပြီး၊ အရှေ့ဖက်ကနေ ပြန်သွင်းရတာ အဆင်ပြေတယ်။ သစ်မှောင်ခိုလမ်းသစ်တွေ ပေါက်လာတယ်။

အိန္ဒိယကနေ တမူး-ကလေးလမ်းဖေါက်ပေးတယ်။ နောက်ထပ်လည်း တောင်ဖက်မှာ တလမ်းဖေါက်ပေးနေတယ်။ ချင်းပြည်နယ်အတွက် ဒေါ်လာ ၅ သန်းပေးတာ ချင်းလူကြီးတွေကြားနာမည်ထွက်ခဲ့တယ်။ ကုလားတန်မြစ်ကြောင်း စီမံချက်က ပြီးသလောက်ရှိပြီ။ စစ်တွေဆိပ်ကမ်းလည်းလုပ်နေတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ နာဂတောင်တန်းတွေဟာ အိန္ဒိယအတွက် စစ်ရေးမဟာဗျူဟာကျတာကိုး။

အထူးခြားဆုံးကတော့ တဖက်နိုင်ငံက လက်နက်ကိုင်အဖွဲ့ ဒါဇင်ဝက်ကျော်ကျော် မြန်မာ့မြေပေါ်မှာ နေရာရလာကြတယ်။ ကနေ့အထိပါ။ ကသည်းသူပုန်တွေရဲ့ မျိုးဆက်တွေကို မြန်မာအမျိုးသမီးတွေကမွေးပေးနေကြတယ်။ အမျိုးသမီး အခွင့်အရေးနဲ့ လက်ထပ်ထိမ်းမြားခွင့်ဆိုတာတွေနဲ့လည်း ကင်းလွတ်တယ်။ ပြောနေလုပ်နေကြတဲ့ငြိမ်းချမ်းရေးထဲမှာ အဲတာတွေမပါဘူး။

တရုပ်အတွက်ဗျူဟာကျတာတွေကတော့ ရေးရင်စာတပုဒ်နဲ့ရမှာမဟုတ်ပါ။ ထိုင်းအတွက်ကို ဒီစာမှာမထည့်တော့ပါ။
ကမ္ဘာမှာ မြန်မာပြည်ဟာ အရက်ရောဆုံးနိုင်ငံဖြစ်တာလည်းမပြောနဲ့။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၆
The World's Most Generous Nations http://www.forbes.com/sites/niallmccarthy/2016/01/05/the-worlds-most-generous-nations-infographic/#752b0cc766d6



Comments

Popular posts from this blog

Bad breath ခံတွင်းနံ့ မကောင်းရင်

Insomnia အိပ်မရခြင်း

ရန်ကုန်မြို့က ကြိုဆိုပါ၏