Meldonium အားကစားသမားသုံးတဲ့ဆေး

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကျင်းပနေပါတယ်။ နာမည်ကြီး ကမ္ဘာ့အဆင့် (၁) ဟောင်း၊ ရုရှားနိုင်ငံသူ (မာရီယာ ရှရက်ပိုဗာ) ကတော့ ဆေးသုံးစွဲမှုအတွက် ကြားနာစစ်ဆေးတာခံနေရတယ်။ သူသုံးခဲ့တဲ့ဆေးက Meldonium (မယ်လ်ဒိုနီယမ်) ဖြစ်ပါတယ်။

ဒီဆေးကို နှလုံးရောဂါ၊ (ဆထုပ်) ရောဂါ၊ ဆီးချိုရောဂါနဲ့ (အယ်လ်ဇာမိုင်ယာ) ရောဂါတွေအတွက်သုံးပါတယ်။ လူတွေရဲ့ စိတ်မူတိုးတက်စေအောင်လည်း သုံးနိုင်တယ်။ တောဝက်တွေကို သုက်ပိုးလှုပ်ရှားမှုကောင်းစေအောင်အတွက်လည်း သုံးသေးတယ်။ ဆေးပညာရှင်တချို့ကတော့ ဆေးရဲ့ထိရောက်မှုကို အဲလောက်အထိအတည်မပြုပါ။ ဥရောပအိုလံပစ် ကော်မတီကလည်း အားကစားသမားတွေသုံးစွဲလို့ အားကစားလုပ်ရာမှာပိုကဲစေတယ်ဆိုတဲ့သက်သေက ပါးပါးလေးသာ ရှိတယ်လို့ဆိုပါတယ်။

Meldonium ဆေးကို Mildronate နာမည်နဲ့ရောင်းချပါတယ်။ အမေရိကားမှာ မရောင်းပါ။ ဒါပေမယ့် ဖလောရီဒါမှာ အနေများတဲ့ (ရှရက်ပိုဗာ) ဆေးဘယ်ကနေရသလည်းမပြောတတ်ပါ။ အမေရိကားကို အဲဒီဆေးသွင်းလာရင် တရားမဝင်ပါ။ ဆေးလိုအပ်သူတွေကိုတော့ (၃) လစာသွင်းခွင့်ရှိပါတယ်။ သူ့ရှေ့နေကတော့ (ရှရက်ပိုဗာ) မှာ (မက်ဂနီဆီယမ်) ဓါတ်နည်းလို့ ဆေးသုံးတာလို့ဆိုပါတယ်။ အဲတာကို ECG မှာပြနိုင်ပါတယ်။ ဆီးချိုအစပျိုးမှုလည်း ရှိပါသေးတယ်တဲ့။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး