Saturday, May 21, 2016

ART ဆေးပေးနေပြီ

ကျွန်တော် အတော်အမြင်ကပ်တာတွေကို အားမနာပါးမနာ ဘယ်သူ့မျက်နှာမှမထောက်ပဲ ရေးနေတာ ဖေ့စ်ဘွတ် မပေါ်ခင်ကတည်းကပါ။

၁။ စစ်ယူနီဖေါင်းဝတ်လာသူနဲ့ ချိတ်ပုဆိုးဝတ်လာသူမှန်သမျှ (အဘ) ခေါ်ခဲ့ကြရတယ်။

၂။ လူကြီးဆိုသူတွေလာတိုင်း လက်အုပ်ချီရိုသေကိုင်းရှိုင်းကြရတယ်။ မိသားစုတွေသေ၊ ဆွေမျိုးတွေကသေ၊ စားစရာ နေစရာမရှိတဲ့ နာဂစ်ဒဏ်ထိတဲ့သူတွေက ဟယ်လီကော်ပလာနဲ့ဆင်းလာတဲ့ ဗိုလ်ချုပ်မှူးကြီးကို ပုဆစ်တုပ်၊ ဒူးတုပ်၊ လက်အုပ်ချီကြရတယ်။

၃။ (တ) မှန်သမျှ (တစ်) လုပ်မှ ပုံနှိပ်ထုတ်ဝေခွင့်ရတယ်။

အဲတာတွေကိုအကုန် ART ဆေးကျွေးနေပြီ။
A (Aba) = အဘ
R (Respect with folded hands) = လက်အုပ်ချီ
T (Tit) = တစ်

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Cleaning အမှိုက် နှင့် အိမ်ဦးခန်းပိုစတာ

Hi ကူးစက်ရောဂါအောက်မှာ ဥပေက္ခာရှေ့ထားမှ ဖြစ်မယ်ထင်တယ်ဆရာ တဲ့။ ဥပေက္ခာစကားလုံးက အဓိပ္ပါယ်လေးနက်တယ်။ လွယ်လွယ်လေးသာ ပြောပါရစေ။ ကျွန်တော်က ကိ...