Leaking roof အထဲနဲ့အပြင်

Jetavana Ven Kuthala ရှေးခေတ်က တောကျောင်းဘုန်းကြီးရဲ့ ဖြစ်အင်ကို ရေးထားတဲ့ သင်္ဂဇာဆရာတော်ရဲ့ ကဗျာလေးပါ။
- ထန်းပင်ပေါ်က ရှဉ့်ကိုခြောက်၊
- ထမဂျောက်ဖျာကိုမွှေ၊
- သားရေထည် နေပူတိုး၊
- ကျောင်းတိုင် ဓါးနဲ့ မထိုးနဲ့၊
- ဟတ်ချိုး အဟမ်း ဘွတ်။
မှတ်ချက် - ထမဂျောက် (အသံထွက်) ထမင်းခြောက် (သတ်ပုံအမှန်)

ဆရာတော် သက်တော်ထင်ရှားရှိနေမယ်ဆိုရင် အမေရိကမှာရောက်နေတဲ့ ရွှေဘုန်းကြီးများရဲ့ဖြစ်အင်ကို မြင်တွေ့ ပြီးတော့ ရေးဖြစ်မယ့် မူကွဲကဗျာလေးကိုလည်း စိတ်ထဲက မှန်းဆကြည့်မိတယ်။

(ဖို့ဒ်ဝိန်း) ဆရာတော် တင်ပါ့ဘုရား။
တောမှာ မိုးတွေရွာလာတော့ အမိုးမလုံတဲ့ ရွာဦးကျောင်းအိုမှာ ကျောင်းထိုင်ဘုန်းကြီးက ဟဲ့ကိုရင့့် ကျက်သရေခန်းထဲ ဝင်ကြည့်စမ်း၊ မိုးယိုသလား။
ကိုရင်က ဝင်ကြည့်၊ မိုးစက်တွေကိုလက်နဲ့ခံစူးစမ်းပြီး လျှောက်ပါသတဲ့။
တင်ပါ့ဘုရာ့း့ အထဲက အပြင်ထက် နည်းနည်းပိုသည်းပါတယ်ဘုရားတဲ့။

ပြည်တွင်းမှာလည်း သတ်ပုံစာလုံးပေါင်း အလွဲအမှားနဲ့ စကားမပီသူတွေများနေသတဲ့ဘုရား။ အကြမ်းဆိုရင် မေးခွန်း ၁ဝဝ မှာ ၈ဝ လောက်ကပြင်ဖတ်ရတာတွေ။ သုတေသနတောင် လုပ်လို့ရတယ်။ အမိုးမလုံခဲ့တော့ သည်လိုပေါ့။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး