Hair saloon ဆံသဆိုင်နဲ့ ကူးစက်ရောဂါ

ကျွန်တော်ဆံပင်သွားညှပ်တာ Shaving equipment နဲ့ ရိတ်ပေးတာ ကျွန်တော့ခေါင်းမှာ အပူဖုလေးတွေပေါက်နေတာ ဆံပင်ရိတ်စက်နဲ့ နည်းနည်းထိပြီး သွေးထွက်သွားတာဆရာ။ ကျွန်တော်အခုလိုဖြစ်တာ HIV နဲ့ B ပိုး၊ C ပိုးအပြင် တခြားရောဂါတွေကူးနိုင်သလားဆရာ။ သွေးနဲ့ပက်သတ်ပြီး ကူးစက်တဲ့ရောဂါတွေ ရှိမရှိ စစ်လိုရပြီမလားဆရာ။

၁။ HIV ကို သံသယဖြစ်စရာနဲ့ကြုံပြီး (၃) လနေမှသာစပြီးဆေးစစ်လို့ရပါမယ်။
HIV ရောဂါလက္ခဏာတွေ = တုပ်ကွေးနဲ့တူတယ်။ ခံစားရတာက အများဆုံး ၄ ပါတ်အထိသာ ကြာမယ်။ နည်းနည်း-သင့်သင့်ကနေ ဆိုးဝါးတာအထိ မတူတတ်ဘူး။ ရေးပြတာအားလုံး လူတိုင်းမှာမဖြစ်ပါ။ တပြိုင်တည်းလို့ ပြောနိုင်တယ်။ တချီထဲလို့ ပြောရင် ပိုမှန်မယ်။ အစားပျက်မယ်၊ အားယုတ်မယ်၊ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ မအီမသာဖြစ်မယ်၊ ကြွက်သားတွေ နာ-ကိုက်မယ်၊ အရေပြားမှာ အနီပြင်လေးတွေထွက်မယ်၊ လည်ချောင်းနာမယ်၊ တက်စိတွေရောင်မယ်၊ ညပိုင်းချွေးထွက်မယ်။ လူနည်းနည်းမှာ ကိုယ်အလေးချိန်ကျမယ်။ ဝမ်းလျှောမယ်။ ပျို့-အန်မယ်။ နှာစေး၊ ဆိုင်းနပ်စ်၊ ချောင်းဆိုးဖြစ်နိုင်တယ်။ ပါးစပ်နဲ့ အစာမျိုပြွန်မှာ အနာဖြစ်မယ်။ မှက်ခရုလို မှိုပိုးဝင်မယ်။

သွေးစစ်ရင် HIV antibodies (အင်တီဘော်ဒီ) ဆိုတာ ရှိနေတာ ပြမယ်။ သွေးစစ်တာက အပေါင်းလက္ခဏာ ပြနေပေမဲ့ လူက ရောဂါလက္ခဏာ ပြချင်မှပြတာလဲ ဖြစ်နိုင်တယ်။ ဒါမျိုးဟာ ပိုးဝင်အပြီး ၃ လအကြာမှာ ဖြစ်တာများတယ်။ တနှစ်အထိနေတာလဲ ရှိတတ်တယ်။

၂။ အသည်းရောင် (ဘီ) ပိုးကူစက်ခံရပြီး ပဌမဆုံးရောဂါလကဏာတွေက ပျမ်းမျှရက်ပေါင်း (၉ဝ) ကြာမှသာပေါ်တယ်။ ရက် ၆ဝ ကနေ ၁၅ဝ အထိဖြစ်နိုင်တယ်။ ၃ဝ ရက်နဲ့ ၆ဝ ရက်မှာစမ်းလို့ရတယ်လို့ပြောတာလည်းရှိတယ်။ ပိုးဝင်လာပြီး ပျမ်းမျှ ၇၅ ရက်လောက်နေမှ ရောဂါ ပေါ်လာတယ်။ တချို့မှာ ၃ဝ ရက်ကနေ ၁၈ဝ ရက်ရှိတယ်။ ပိုးဝင်ကာစမှာ ဘာမှ မသိလိုက်သူကများတယ်။ တချို့ အသားဝါမယ်။ အားယုတ်မယ်။ ပျို့-အန်မယ်။ ဗိုက်နာမယ်။ ကူးစက်ခံရပေမယ့် ၉ဝ% ဟာ တနှစ်အတွင်း ကောင်းသွားကြတယ်။ ကလေးတွေကူးခံရရင် နာတာရှည်ဖြစ်တာများတယ်။ သွေးစစ်ဖို့က ၄-၆ ပါတ်နေမှသာဖြစ်မယ်။ (ဘီ) ပိုးဟာ ကိုယ်အပြင်ဖက်မှာ ၇ ရက်အထိရှင်နေနိုင်တယ်။

၃။ အသည်းရောင် (စီ) ပိုး ဘယ်လောက်စောစောသိနိုင်သလဲ။ တပါတ်ကနေ လတွေအများကြီးအထိကြာနိုင်တယ်။ ကိုယ်ကနေ (အင်တီဘော်ဒီ) ထုတ်လာမှ၊ စမ်းတွေ့နိုင်လောက်အောင်များလာမှသာ စမ်းလို့သိနိုင်တယ်။ ပျမ်းမျှ ၃ ပါတ်။ သုတေသနလုပ်သူတွေအတွက်တော့ အသည်းကအသားစယူစစ်ရင်တော့ စောသိတယ်။ (စီ) ပိုး အဝင်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင်မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေနာ၊ သတိထားရင် အသည်းရှိရာဗိုက်ညာဘက်အထက်နားမှာနာမယ်။ ကိုယ်ပူတာလဲရှိနိုင်တယ်။ ကြာလာရင် အသားဝါလာမယ်။ အများသိကြတဲ့ (ဂျွန်းဒစ်)။ ကြာတယ်ဆိုတာ ဆယ်စုနှစ်နဲ့ချီနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ