Butt exercises for women အောက်ပိုင်း ဖွံ့ထွားလိုလျှင်

မင်္ဂလာပါဒေါက်တာ။ သမီးအသက် ၃၆ ထဲမှာပါ။ သမီးရဲ့တင်ကအရင်ထဲကမလှပါဘူး။ တင်ပါးကြီးတဲ့ စားဆေးတွေ သောက်တာလဲမရပါဘူး။ အဲ့ဒါ ထိုးဆေးရှိလားသိချင်ပါတယ်။ လေ့ကျင့်ခန်းကလဲလုပ်ပါတယ်၊ မရပါဘူး။ အဲ့ဒါကြောင့် ထိုးဆေးရှိလားသိချင်ပါတယ်။

ကြော်ငြာဆေးဟာ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုး ဆေးသုတေသန မရှိပါ။ လူတွေဟာ အဆောက်အဦတွေလိုဘဲ အခြေခံနဲ့ အတွင်းအကျဆုံးကို (စကယ်လ်တန်) ခေါ်တယ်။ အရိုးပဒေသာပေါ့။ သူကောင်းမှ၊ သူက ကြီး-ရှည်နေမှသာ အပေါ်-အပြင်ကလဲ ကြီးတာ၊ ရှည်တာတွေ ဖြစ်လာနိုင်တယ်။ နဂိုရှိမှ နဂိုင်းထွက်လို့ ပြောကြတာဒါပါ။

တင်ပါးကားအောင်၊ ဆွဲဆောင်မှုပိုရှိအောင် လေ့ကျင့်ခန်းတွေ အမျိုးမျိုးရှိတယ်။ ၅ နည်း၊ ၇ နည်း၊ ၁ဝ နည်း စသဖြင့် တွေ့ရမယ်။ စာနဲ့ရေးပြရတာ သိပ်တော့ သဘောပေါက်မယ် မထင်ဘူး။ အင်တာနက်မှာ ရှာရင် ပုံတွေ၊ ဗီဒီယိုတွေ ရှိပါတယ်။

http://www.youtube.com/watch?v=YAOQxzJ6Ug0
http://www.metacafe.com/watch/3975368/butt_exercises_for_women/
http://www.youtube.com/watch?v=EUWGyL1x6B0
http://www.dailymotion.com/family_filter?urlback=%2Fvideo%2Fxcjy8l_fitness-thigh-and-butt-exercises-fo_sport

ခြုံပြောရရင် Squats ဆောင့်ကြောင့်ထိုင်-ထနည်း၊ Dumbbell Lunges ဒန်ဘယ်သုံးနည်း၊ Cross Legged Lungs ခြေနှစ်ဘက် ခွနည်း၊ Kickboxing ကစ်ဘောင်ဆင်နည်း၊ Cycling စက်ဘီးစီးနည်း၊ Running ပြေးနည်းတွေ ပါတယ်။ နည်းတွေ လုပ်ရင် တင်ပါးနေရာက ကြွက်သားတွေ တင်းလာ၊ မာလာစေမှာ အမှန်ဘဲ။ ကြွက်သားတခုထဲတော့ တင့်ဖွံ့ဖြိုးတာ ပြည့်စုံအုံးမယ် မထင်ဘူး။ အဆီလဲလိုမယ်။ ဗိုက်မှာ အဆီမများတဲ့သူဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီစားပါ။ နောက်တချက်က ဟော်မုန်း အစွမ်းလိုအုံးမယ်။ အိမ်ထောင်ပြုတာကနေ သဘာဝဟော်မုန်းတွေ တိုးလာစေနိုင်တယ်။ ရင်သားနဲ့ တင်ပါးက လိင်စိတ်နဲ့ ဆက်စပ်နေလို့ပါ။ (ကန်တော့ပါ။)

Butt Sculptor တင်ပါးကို ပုံသွင်းခြင်းနည်း
Stability ball ခေါ်တဲ့ လေ့ကျင့်ခန်းသုံး-ဘောလုံးပေါ်မှာ မှောက်ပါ။ လက်ဝါးတွေကို ကြမ်းပြင်မှာထားပါ။ ခြေတွေ ဆန့်တန်းထားပါ။ ၃ ပေအကွာ ကားထားပါ။ ခြေမကို ကြမ်းမှာ ထားရာကနေ တင်ပါးက Gluteal muscles ကြွက်သားတွေ ညှစ်ပြီး ခြေထောက် မြှောက်လိုက်ပါ။ ခြေထောက်တွေကို စုလိုက်ပါ။ ခြေထောက် ပြန်ကားပါ။ အခါ ၂ဝ အဲလိုလုပ်ပါ။ Stability ball ပေါ်မှာ ခါးဆန့်မတ်ထိုင်ပါ။ ခြေထောက်ကို ကြမ်းပြင်မှာချထားပါ။ 3-5 pound အလေးကို လက်တဖက်စီမှာ ကိုင်ပါ။ တဒေါင်ဆစ် ကွေးထားပါ။ လက်ဝါး-မျက်နှာတွေ မျက်နှာချင်းဆိုင်ထားပါ။ ဒူးတဖက်ကို ၆ လက္မမြှောက်ပါ။ အဲဒီဘက်လက်ကို နောက်ဖက်ဆီ၊ တခြားလက်ကို ရှေ့ဖက်ဆီရွေ့ပါ။ တခြား လက်-ခြေတွေ အဲဒီအတိုင်းဆက်လုပ်ပါ။ အကြိမ် ၂ဝ လုပ်ပါ။

ခြေနှစ်ဘက်ကို ပခုံးအကျယ်အတိုင်း ကားပြီး မတ်တပ်ရပ်ပါ။ လက်ဝါးချင်း ခေါင်းနောက်မှာ လာချိတ်ဆက်ပါ။ တဒေါင်ဆစ်ကို ဘေးကားထားပါ။ ဒူးကို ၉ဝ ဒီဂရီအနေအထိ Squatting အောက်ကိုချတာ လုပ်ပါ။ အခါ ၂ဝ အဲလိုလုပ်ပါ။ မတ်တပ်ရပ်ပါ။ ခြေထောက်ကို တင်ပါးအတိုင်းကားထားပါ။ ဘယ်ဘက်လက်မှာ အလေးကိုင်ပြီး ကိုယ်ဘေးမှာ ဆန့်တန်းထားပါ။ တခြားလက်ကို ခါးမှာထောက်ပါ။ ညာခြေကို နောက်ဖက် ရွေ့ပါ။ နောက်လက်-ခြေတွေ တလှည့်လုပ်ပါ။ အခါ ၂ဝ အဲလိုလုပ်ပါ။ ခြေတွေကို တင်ပါးနဲ့အညီကားပြီး မတ်တပ်ရပ်ပါ။ ဒူးတွေကို နဲနဲ ကွေးပါ။ လက်တွေကို ပခုံးနဲ့အညီ ကိုယ်ရှေ့ဆီဆန့်တန်းပါ။ ခါးဆန့် ဗိုက်ရှပ်ပြီး၊ ဘယ်ခြေကို နောက်ဖက်ဆီ၊ ခေါင်းကို ရှေ့ဖက်ဆီ ရွေ့ပါ။ ဘယ်ခြေကို တတ်နိုင်သမလောက် အထက်မြှင့်ပါ။ ဘယ်ခြေကို တင်ပါးဆီ ဦးတည်ပါ။ နဂိုအနေပြန်ရောက်အောင်လုပ်ပြီး နောက်တဖက်ဆက်လုပ်ပါ။ အခါ ၂ဝ အဲလိုလုပ်ပါ။

ခြေတွေကို တင်ပါးနဲ့အညီကားပြီး မတ်တပ်ရပ်ပါ။ ခြေမက ရှေ့ဦးတည်နေပါစေ။ ခါးထောက်ထားပါ။
ပေါင်တွေကို ကြမ်းပြင်နဲ့အညီ ပြိုင်နေတဲ့အထိ ကိုယ်ကို အောက်ချလိုက်ပါ။ ၃ စက္ကန့် ထိန်းထားပါ။ ဒူးတွေကိုကွေးပြီး ကိုယ်ကို အောက် ၄ လက္မ ထပ်နှိမ့်ချပါ။ ၃ စက္ကန့် ထိန်းထားပါ။ ၄ လက္မပြန်တင်ပြီး ပေါင်တွေကို ကြမ်းပြင်နဲ့အညီ ပြိုင်နေတဲ့အထိပြန်ယူပါ။ အခါ ၂ဝ အဲလိုလုပ်ပါ။ ခြေတွေကို တင်ပါးနဲ့အညီကားပြီး မတ်တပ်ရပ်ပါ။ ဘယ်ဘက်လက်ကို အပေါ်မျက်နှာကြက်ဆီဦးတည် မြှောက်ပါ။ ဘယ်ခြေထောက်ကို နောက်ဖက်ဆီ ကြမ်းပြင်က ၇ လက္မ အမြင့်ထိ မြှောက်ပါ။ ခြေမက အောက်စိုက်နေပါစေ။ တခြားလက်က ခါးထောက်ထားပါ။ ခြေနဲ့လက်တွေ မျဉ်းတဖြောင့်တည်း ဖြစ်နေပါစေ။

အားလုံး အောက်ပြန်ချပါ။ အခါ ၂ဝ အဲလိုလုပ်ပါ။ ခြေနဲ့လက်တွေ လေးဘက်ထောက်နေပါ။ လက်ပါးနဲ့ ဒူးတွေကြမ်းပြင်မှာထိထားပါ။ ဘယ်ဘက်ခြေကို တင်ပါးနဲ့အညီမြှင့်လိုက်ပါ။ အဲင်္ဒဘက်ဒူးကို အထက်တည့်တည့် နေပါစေ။ လုပ်တဲ့ဘက်ကို နဂိုအနေဖြစ်အောင် အောက်ပြန်ချပါ။ တခြားဘက်ဆက်လုပ်ပါ။အခါ ၂ဝ အဲလိုလုပ်ပါ။ ကြမ်းပြင်မှာ ပလက်နေပါ။ ဒူးနှစ်ဘက်ကို ကွေးပါ။ ခြေဖဝါးတွေက တင်ပါးအနေရှိပါစေ။ တင်ပါးကို ကြမ်းပြင်ကနေ အထက်မြှင့်ပေးပါ။ ဒူးချင်း ထိလာစေပါ။ ၂ စက္ကန့်ထိန်းထားပါ။ တင်ပါးကို ကြမ်းပြင်နဲ့ ၁ လက္မအမြင့်လောက်အထိ ပြန်ချပါ။ အခါ ၂ဝ အဲလိုလုပ်ပါ။ ကြမ်းပြင်မှာ ပက်လက်အိပ်ပါ။ ဒူးတွေးပြီး တင်ပါးနဲ့အညီ ခြာထားပါ။ ဘယ်ခြေကို ၄ လက္မအမြင့် လေထဲ ဆန့်ထုတ်ပါ။ တင်ပါးကို ကြမ်းပြင်အထက် ၆ လက္မ မြှင့်လိုက်ပါ။ တခြားဘက်ကို အဲဒီအတိုင်လိုက်လုပ်ပါ။ စုစုပေါင်း အကြိမ် ၂ဝ လုပ်ပါ။

စီလီကွန်သုံးတဲ့ အစားထိုးနည်းတော့ရှိတယ်။ Silicone Butt Pads နဲ့ Hourglass Curves Silicone Hip and Butt Panty စတဲ့အခုအခံဝတ်တာက ဘာမှအန္တရာယ်မပေးပါ။ ဒါပေမယ့် တင်ကိုဆေးထိုးလို့ ဒုက္ခရောက်တဲ့ လင့်တွေ အများကြီးရှိတယ်။
• The Doctor Is In: Butt injections can be very dangerous - NY Daily News www.nydailynews.com/.../doctor-butt-injections-dangerous-arti...
• The Danger Behind Butt Injections | Plastic Surgery Gone Bad ... www.bet.com/news/health/photos/.../the-danger-behind-buttocks-injections.html
• Illegal Silicone Butt Injections Cause Host of Health Problems www.livescience.com › Health
• Illegal silicone injections in VIET NAM – YouTube https://www.youtube.com/watch?v=AYL8Mad90XA
• Illegal butt injections carry serious health risks - CNN.com www.cnn.com/2015/06/24/health/deadly-butt-injections/

လှချင်ကြတာ လှတာကိုရချင်ကြတာဟာ သိပ်ပုံမှန်ဖြစ်တဲ့ စိတ်ပါ။ ကျန်းမာတဲ့စိတ်ပါ။ တခုတော့ရှိတယ်။ မရတာကို ရချင်တာ၊ မရသေးတာကို အားမရလွန်းတာတွေကို မထိန်းနိုင်ရင်တော့ ပုံမှန်ကနေရွေ့သွားပြီ။

Butt Better Body အောက်ပိုင်း-နောက်ပိုင်း လေ့ကျင့်ခန်းကိုဖတ်နိုင်ပါသေးတယ်။
Butt exercises for women အောက်ပိုင်း ဖွံ့ထွားလိုလျှင် http://doctortintswe.blogspot.com/2015/03/butt-exercises-for-women.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး