Wednesday, May 18, 2016

Roseola နှင်းဆီနီအဖျားရောဂါ

ဆရာရှင့် Roseola က မြန်မာလို ဘာပါလဲ။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတမျိုးလို့သိထားပါတယ်။

မြန်မာလိုအခေါ်မသိပါ။ တနေရာ တမျိုးခေါ်ကြတယ်။ Roseola ကို Sixth disease လို့လည်းခေါ်တယ်။ Exanthema subitum လို့လည်းခေါ်တယ်။ Roseola infantum လို့လည်းခေါ်တယ်။ ကလေးတွေမှာ ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ Human herpesvirus (HHV) type 6 နဲ့ type 7 ပိုးတွေဖြစ်တယ်။ Herpes simplex viruses (HSV) ရေယုံပိုးနဲ့ အုပ်စုတူဖြစ်တယ်။

ကလေး ၆ လကနေ ၂ နှစ်မှာ အဖြစ်များတယ်။ ကူးစက်တယ်။ ရောဂါရှိကလေး နှာချေ၊ ချောင်းဆိုးရာကနေထွက်တဲ့ အမှုံလေးတွေကို ရှူမိရာကနေကူးစက်တယ်။

ကိုယ်ပူချိန်မြင့်မယ်။ (101-105 F = 38.3-40.6 C) အထိ တက်မယ်။ ဖျားတာ (၃- ရက်) တပါတ်လောက်ကြာနေမယ်။ ကလေးကအီနေမယ်။ ငိုနေမယ်။ ကိုယ်ပူများလို့ တချို့ကလေး (၁ဝ%-၁၅%) တက်မယ်။ ဖျားနေချိန်မှာသာ တခြားကလေးကို ကူးစက်တယ်။ အဖျားကျတာနဲ့ အရေပြားမှာ အနီစက်တွေ ထွက်လာမယ်။ ၃-၄ ရက်ကြာနီနေမယ်။ ကိုယ်ပိုင်းမှာစပေါ်တာများတယ်။ လည်ပင်း၊ လက်မောင်း ခြေထောက်တွေလည်းပေါက်မယ်။ အနီစက်က နှင်းဆီပန်းလို ပန်းရောင်အရင့် ဖြစ်တယ်။ အရေပြားအထက်ကိုကြွနေတယ်။ ဖိလိုက်ရင်ဖြူဖွေးသွားမယ်။

ကာကွယ်ဆေးမရှိသေးပါ။ တခါဖြစ်ဖူးထားရင် နောင်မှာ ထပ်မဖြစ်သလောက်ရောဂါပြီးတယ်။ ဆေးကုတာမှာ ပိုးသေဆေး မရှိပါ။ ဖြစ်နောကိုကြည့်ကုသပေးရတယ်။ အပူကျဆေး၊ အနေရက်သက်သာတဲ့ဆေး။ ပိုးသေဆေးမလိုပါ။ အပူကျအောင် Acetaminophen (Tylenol) နဲ့ ibuprofen (Advil or Motrin) ဆေးတခုခုပေးတယ်။ Aspirin ဆေးမပေးရပါ။ Reye syndrome ဖြစ်သွားရင် အသည်းထိခိုက်လို့စိုးရိမ်ရတယ်။ ကိုယ်ပူနေချိန် ရေခဲမတင်သင့်ပါ။ အရက်ပျံမလိမ်းသင့်ပါ။ ရေပိုတိုက်ပေးပါ။

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...