Nails and Health လက်သည်းနဲ့ ကျန်းမာရေး

၁။ ဆရာရှင့် ကျွန်မအမျိုးသားက ၃၆ နှစ်ရှိပါပြီ။ အခုလက်သည်းခွံတွေမှာ ဒေါင်လိုက်အဆင်းကြောင်းတွေပေါ်လာလို့ပါ စိုးရိမ်ရပါသလားဆရာ။

၂။ ဆရာရှင့် သိချင်တာလေးတခုရှိလို့ ဖြေပေးစေချင်ပါတယ်။ အမှားပါရင်ခွင့် လွတ်ပါနော်။ လက်သည်းပါးပြီး၊ အရောင် ညိုနေရင် ဘယ်လိုလုပ်ရမှာပါလဲရှင့်။

မေးခွန်း (၁) မှာ ဒေါင်လိုက်အစင်းကြောင်းလို့ရေးရပါမယ်။ အဆင်းဆိုတာ အောက်ကိုဆင်းတာ။ ဆင်းကို ဆင်းရဲတာ၊ ဆင်းတုတော်မှာသာသုံးပါတယ်။ ပုံထဲကလက်သည်းအောက်မှာ သွေးယိုထားပုံရတယ်။ အရောင်ပြောင်းလာ၊ ဖျော့လာမယ်။ ကြာမှပျောက်ပါမယ်။ လက်သည်းတွေကနေ သင့်ကျန်းမာရေးကို ပြောပြနေတယ်။

Pale Nails အရောင်ဖျော့တော့နေရင်
• Anemia သွေးအားနည်း၊
• Congestive heart failure နှလုံးအလုပ်မနိုင်တော့ခြင်း၊
• Liver disease အသည်းရောဂါ၊
• Malnutrition အာဟာရချို့တဲ့ခြင်း၊

White Nails လက်သည်းဖြူနေရင်
• Hepatitis အသည်းရောင်ခြင်း၊
• Jaundice အသားဝါရောဂါ၊

Yellow Nails လက်သည်းဝါနေရင်
• Fungal infection ဖန်းဂတ်းစ် (မှို) ပိုးဝင်နေခြင်း၊ ပိုဆိုးလာရင် လက်သည်းအခြေကဖုတ်ယုတ်ပြီး လက်သည်းတွေ ကြွတ်ဆတ်လာမယ်။
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Lung disease အဆုပ်ရောဂါ၊
• Diabetes ဆီးချို၊
• Psoriasis ဆိုရီယေးဆစ် ခေါ် ပျောက်နိုင်ခဲ့တဲ့အရေပြားနာရောဂါ။

Bluish Nails လက်သည်းပြာနေရင်
• Oxygen အသက်ရှူလေထဲက အောက်စီဂျင်နည်းနေလို့၊ အဆုပ်ရောဂါ၊ ဥပမာ နူမိုးနီးယား၊
• Heart problems နှလုံးရောဂါ၊

Rippled Nails လက်သည်းတွေ ဖေါင်းရောင်နေရင်
• Psoriasis ဆိုရီယေးဆစ် ခေါ် ပျောက်နိုင်ခဲ့တဲ့အရေပြားနာရောဂါမှာ အပေါက်လေးတွေလဲရှိနိုင်တယ်။
• Inflammatory arthritis အဆစ်ရောင်ရောဂါ၊

Cracked or split nails လက်သည်းကွဲအက်နေရင်
• Thyroid disease လည်ပင်းကြီးရောဂါရှိနေရင် ခြောက်ပြီးကြွတ်ဆတ်မယ်။
• Fungal infection ဖန်းဂတ်စ် (မှို) ပိုးဝင်နေရင် ခပ်ဝါဝါလဲနေမယ်။

Puffy Nail Fold လက်သည်းနားကအရေပြားနေရာဖေါင်းနေမယ်ဆိုရင်
• Inflammation of the nail fold အဲဒီနေရာရောင်လို့၊
• Lupus လူးပတ်စ်ရောဂါ၊
• Connective tissue disorder တွယ်ဆက်တစ်ရှူးရောဂါ၊

Dark lines beneath the nail လက်သည်းအောက်မှာ အပြာရောင်အစင်းတွေရှိနေရင်
• Melanoma အရေပြားကင်ဆာ၊

Gnawed Nails လက်သည်းကိုက်တဲ့အကျင့်ရှိရင်
• Persistent anxiety စိုးရိမ်စိတ်ကဲနေလို့၊
• Obsessive-compulsive disorder စိတ်ရောဂါနဲ့ဆက်စပ်နေနိုင်တယ်။

Nails are only part of the puzzle လက်သည်းဟာ ကျန်းမာရေးပဟေဠိဖြစ်နိုင်တယ်။
• မသေချာရင် Dermatologist အရေပြားအထူးကုဆရာဝန်ကိုပြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး