Analytical View ခွဲမြင်ကြပါ

တိုင်းရင်သားတွေနဲ့ ဗမာတွေကြား အဆင်မပြေကြတာက ဟိုအရင်ကတည်းကပါ။ နှစ်ဖက်လုံးက ကြိုးစားနေကြတယ်။ ခရီးရောက်သလောက်လည်း ရောက်ပါပြီ။ ဆက်လုပ်စရာတွေကလည်း များလှတယ်။

ကျွန်တော်က ပြည်ပနဲ့ နယ်စပ်တွေမှာ အနှစ် (၂ဝ) ကျော်ကြာခဲ့လို့ သူတို့အကြောင်းတွေကို ကိုယ်ကသိတာရော၊ ကိုယ့်အကြောင်းကို သူတို့ကသိတာပါ အကျိုးကျေးဇူးကြီးပါတယ်။ အပြန်အလှန် လေးစားမှုရှိကြတယ်။ နိုင်ငံရေးမှာတော့ အမြင်တွေကိုယ်စီ ဆုပ်ကိုင်ထားကြတယ်။ ကျွန်တော်ကတော့ စကားပြောတာကအစ တလုံးတလေမမှားမိအောင် သတိဆွဲပြောတဲ့အကျင့်က ခုထိရှိနေတယ်။

တိုင်းရင်းသားတွေကို သရုပ်ခွဲမပြောရင် အမှန်ကိုမရောက်တာကို ခုတလော ကျွန်တော်ပြောနေ၊ ရေးနေပါတယ်။ ကနေ့ နာဂလူရင်းတယောက်နဲ့ ချတ်လုပ်ဖြစ်တယ်။ စစ်ကိုင်းတိုင်းကနေ အိန္ဒိယဖက်ကို သစ်ခိုးထုတ်နေတဲ့လမ်းကြောင်းကို တင်တော့ တယောက်ကနေ အင်္ဂလိပ်လိုဆဲတာခံရလို့ ကြည့်တော့ နာဂတောင်တန်းဆိုတာတွေ့တာနဲ့ ကိုယ့်လူကို မေးကြည့်တာပါ။ ဟိုနေ့ကလည်း သတ်ပုံအကြောင်းအောက်မှာ ဗိုလ်ချုပ်နေဝင်းနာမည်ပါတာကို မကျေနပ်တဲ့သူကို ဘလော့လိုက်ရတယ်။ အခုလူကို ဘလော့ချင်တာ ရှာလို့မရတော့ဘူး။

ကျွန်တော့်နာဂမိတ်ဆွေ ပြောတာတခုက အတော်စိတ်ဝင်စားစရာဖြစ်နေတယ်။ ပညာရလိုက်ပါတယ်။

• နာဂလဲမဟုတ်ဘူးဆရာ။ သူ့ကို နာဂအမျိုးသားတွေက လက်မခံပါ။ ဗမာနေရာမှာ လုပ်စားစရာမရှိလို့ နာဂနာမည်နဲ့ လိုက်လုပ်နေတာပါ။ မျိုးဆက် ၅ ဆက်လောက်က နာဂသူ့အဖွားဆို မသိတော့ဘူးဆရာ။ အဖေကော အမေပါ ဗမာပါဆရာ။

ဗမာတွေကိုလည်း သရုပ်ခွဲမြင်ကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၆
ဓါတ်ပုံ Rey Tho = ခန္တီးမြို့နယ်၊ နာသိုက်ရွာ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး