Vaccination question ကာကွယ်ဆေး အတင်းထိုးခိုင်းသင့်သလား

Zaw Latt မေးခွန်းရဲ့အဓိကရည်ရွယ်ချက် ကာကွယ်ဆေးထိုးလို့ရမရ သိချင်နေတဲ့သဘောပါ။ အသက်လွန်သွားမှာ စိုးရိမ်တာကြောင့် မေးနေတာလို့ထင်ပါတယ်။ အရှေ့ကအကြောင်းအရင်းကလဲ ဒါ့ကြောင့် ကာကွယ်ဆေးများ မထိုးခဲ့ရတာပါ။ အခုထိုးချင်တယ် ရနိုင်သေးလားဆိုတဲ့အဓိပ္ပါယ်လို့မြင်ပါတယ်။ မြန်မာလူမျိုး သာမာန်လူတိုင်းဟာ ဆရာဝန်ကိုအားလုံးတတ်တယ်ဆိုပြီး အထင်ကြီးအားကိုးစိတ်နဲ့ တိုင်ပင်ကြ အကြာင်းစုံဖွင်ေ့ပြာကြပါတယ်။ အဲဒိမှာ ပြဿနာတက်တာပဲ။ တိုင်းရင်းဆေးအကြောင်းပါလာရင် ပြဿနာတက်ပြီ။ ပျောက်ကင်းပါတယ်ဆိုရင် ပိုဆိုးတယ်။ ပညာတတ်မာနလို့ပဲ ပြောရမလားမသိ တွေ့ဘူးသမျှ Gp ရော အထူးကုတွေပါ တပုံစံတည်းပါ။ ယဉ်ကျေးစွာ မျက်နှာထားပြောင်းတာနဲ့ သုတေသနမရှိပါဘူးလောက်ပြောတာအပြင် ကြမ်းတမ်စွာ နှိမ့်ချပြောဆိုမှုတွေ ခဏခဏ ကြားရတော့ တော်ရုံလူနာက မပြောရဲကြတော့ပါဘူး။ မပြောတော့မသိ မသိတော့ လိုအပ်တဲ့လမ်းညွန်မှုတွေ မပေးနိုင်တာတွေ ဖြစ်နေပါတယ်။ အနောက်တိုင်းဆေးတချို့ဟာ တိုင်ရင်းဆေးကနေ သုတေသနပြုဖြစ်ပေါ်လာတာ ဆရာတို့အသိဆုံးပေမဲ့ မြန်မာ့ဆေးဝါးများကတော့ သုတေသနကင်းမဲ့စွာ ရှင်သန်နေရတာကြောင့် ပျောက်တဲ့သူတွေ ပျောက်ကြတယ်။ မပျောက်တဲ့သူ မပျောက်ဘူး။ ဆေးဝါးအချိန်အဆသုတေသနဘာမှမရှိဘူးဖြစ်နေပါတယ်။ ကွယ်လွန်သွာပြီဖြစ်တဲ့ စာရေးဆရာကြီးသာဂတိုး ပျောက်ကင်းတာလေးတွေ စာရေးတယ်။ လိုတဲ့သူများ ပျောက်ကင်းပါစေပေါ့။ ဆရာဝန်များက ဖုန်းတဂွမ်ဂွမ်နဲ့ရိကြ ကလော်ကြလုပ်တယ်။ ခင်ဗျားကဘာမို့လို့လဲတဲ့ ဆရာကြီးက ငါကစာရေးဆရာ မြင်တာရေးတယ်။ ပညာရှင်မဟုတ်ဘူး။ ပညာရှင်များအနေနဲ့ သုတေသနပြု့ဖို့လုပ်ပါဆိုတော့ ဘယ်သူမှမလာတော့ဘူး။ လာတာကဂျာမဏီတို့ စင်ကာပူတို့က လာမေးစမ်းစုံစမ်းသွားတယ်။ မောရိယမန်းဆေး ဂျပန်ကလိုင်စင်ယူဖို့လာပြာတယ်။ ဆေးတိုက်ပိုင်ရှင်က သတ္တဝါတွေ ချမ်းသာဖို့ဆေးနည်းပေးတယ်။ ဘာလိုင်စင့်မှ မလုပ်ဘူး။ ဒေါ်လာသန်ချီချမ်းသာမယ့်ကိစ္စကို တခုပဲတောင်းဆိုတယ်။ ဆေးခဲတာင့်လေးတွေ လက်နဲ့ ပွတ်လုံးရတာကြာလို့ စက်နဲ့လုပ်ချင်တယ်။ လက်နဲပွတ်သလိုမျိုးလေးတဲ့။ အဲဒါမြန်မာ့စိတ်ရင်းပါဆရာ။ ဆရာ အမေရိကန်မှာဆိုရင် အမေရိကန်ဆရာဝန် ဒေါက်တာအင်ဒရူးဝယ်လ်ရေးတဲ့ စာအုပ်လေးတွေဖတ်ပြီး ပြန်မျှဝေစေလိုပါတယ်။ ရုက္ခဗေဒပညာရှင်ကနေ လူတွေကိုကယ်ချင်လို့ ဆေးကျောင်းတက် ဆရာဝန်ဖြစ်တော့ အမြစ်ပြတ်ပျောက်ကင်းအောင် မကုသပေးနိုင်တဲ့ရောဂါတွေကို တွေ့လာရတယ်။ (သွေးတိုး ဆီးချို အစရှိသည်ဖြင့်) ဆေးတွေကလဲ ပုံမှန်သုံးစွဲရင်ရောဂါသက်သာပေမယ် side effect က ပိုဆိုးနေလို့ တိုင်းရင်ဆေးတွေကို လေ့လာရင်း ဆရာဝန်များလက်မခံပေမဲ့ လက်တွေ့မှာပျောက်ကင်းနေတဲ့နည်းတွေကို ဖော်ထုတ် ရေးသားနေတာပါ။ မြန်မာနိုင်ငံမှာ တအုပ်ပဲရှိပါတယ်။ စာအုပ်နာမည်က #သဘာသမားတော်လို့ ခေါ်ပါတယ်။ ထွန်းဖောင်ဒေးရှင်းဘဏ်က ထုတ်တာပါ။ Dr အင်ဒရူးဝဲလ်ရဲ့ စာအုပ်များစွာထွက်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ဆရာဖတ်ရှုလေ့လာပြီး ပြန်လည်မျှဝေပေးဖို့ တောင်းပန်ပါတယ်ဆရာ။ USA မှာတော့ သုတေသနပြည့်စုံမယ်ထင်ပါတယ်။ ကျွန်တော် စေတနာဇောနဲ့ရေးသမျှ အမှားပ်ါခဲ့ရင်ခွင့်လွတ်ပါ။ ဆေးပညာဗဟုသုတများဖြန့်ဝေနေတဲ့ဆရာ့ကို အစဉ်လေးစားပါတယ်။

Nyunt Nyunt Aye ဟုတ်ပါရဲ့ဆရာရယ်။ ကျမတို့ဆီမှာဒီမိုကရေစီရပြီးသါးပါ။ သဘါဝကိုက။ ဗုဒ္ဓကို၌က မချုပ်ချယ် အတင်းအကြပ်မစေခိုင်းပါဘူး။ ဥာဏ်တော့လွှာသုံးရမှာပေါ့နော်။ ကလေးအမေ ခေတ်က အရင်လို ၉၆ ပါးမဟုတ်တေါ့ဘူး။ ထွေပြားရောဂါ ၉၆ မျိုးလောက်တိုးလာလို့။ ပြီးခဲ့ပျောက်ခဲ့တာလဲပြီးပြီဆိုတော့ ဆိုင်ရာဒေသဆရာဝန်နှင့်တွေ့ပြီး ၂ လတုံးက နေမကောင်းတာကြုံလို့မထိုးမိတါ။ ခုကာကွယ်ဆေးထိုးချင်ပါတယ်သွားပြောပေါ့။ ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းပါတယ်။

အခုလို စီကာစဉ်ကာရေးပြီး ကွန်မင့်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ လူကအမျိုးမျိုး။ ဆရာဝန်ပြောလည်း ယူချင်သူသာ ယူတယ်။ ကျွန်တော်က ဘယ်သူ့ကိုမှ အတင်းမတိုက်တွန်းပါ။ ကိုယ်ကလည်း ၁ဝဝ% မှန်တာမရှိပါ။ ကာကွယ်ဆေး ထိုးကိုထိုးရမယ်ပြောလိုက်ရင် အဲဒီမိခင်မှာ ဘာလုပ်ရမလည်းအတွက် ခက်ပြီ။ သူအားကိုးတဲ့ ဆေးကုသပေးသူကိုလည်း စော်ကားသလို မရေးချင်ပါ။ သွယ်ဝှိုက်တော့ရေးလိုက်တယ်။ ကလေးကံတရားကနေ ဦးဆောင်သွားမှာပါ။

ဆရာဝန်ဆရာမတွေ ပြောပေါက်ဆိုးတာ၊ ကာကွယ်ဆေးထိုးခိုင်းတဲ့ ကိန်းခန်းကြီးတာတွေက ခေါင်းစဉ်တခုပါ။ ကျွန်တော်က (အင်မ်ဘီဘီအက်စ်) ဆေးပညာဘွဲ့သာရတယ်။ တိုင်းရင်းဆေးတွေကို ဝင်မစွက်ပါ။ တရုပ်တိုင်းရင်းဆေး ထဲကနေ ဆရာဝန်တွေက လက်ခံသုံးတာတွေကိုလည်း ရေးပါတယ်။ ဥပမာ (အာတီဆူနိတ်) ငှက်ဖျားဆေး။

ကာကွယ်ဆေးထိုးတာကို ဥပဒေစည်းကမ်းနဲ့လုပ်ထားရတာတွေရှိပါတယ်။ ယူအက်စ်အေမှာ ကာကွယ်ဆေးကို ဘယ်လို တန်ဘိုးထားကြောင်းနဲ့ နိဂုံးချုပ်ထားပါတယ်။ ယူအက်စ်အေကို အလယ်လာလိုသူတွေကိုတမျိုး အခြေချနေထိုင်မယ့် ဒုက္ခသည်တွေကိုတမျိုးသတ်မှတ်ထားတယ်။ ဆေးစစ်တာနဲ့ ကာကွယ်ဆေးမစုံရင် ပြည်ဝင်ခွင့်မပေးပါ။ ကူးစက်ရောဂါ ဖြစ်ပွါးချိန်တွေမှာ နိုင်ငံတိုင်းကနေ လေဆိပ်၊ သင်္ဘောဆိပ်တွေကနေ စစ်ဆေးတယ်။ ပြည်ပထွက်အလုပ်လုပ်သူတွေ ဆိုင်ရာနိုင်ငံအလိုက် ကာကွယ်ဆေးထိုးဘို့ လိုအပ်ချက် သတ်မှတ်တာတွေ လုပ်ထားတယ်။ တချို့နိုင်ငံတွေက သူတို့ နိုင်ငံသားတွေကို ဘယ်အရပ်ဒေသသွားရင် ဘယ်ကာကွယ်ဆေးထိုးပါလို့ လမ်းညွှန်တွေ အခါအားလျှော်စွာ ထုတ်တယ်။ မလိုက်နာချင်သူတွေကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ နေလို့ရပါတယ်။

သည်လိုကာကွယ်ဆေးတွေကြောင့် ကမ္ဘာပေါ်ကနေ Smallpox ကျောက်ကြီးရောဂါပပျောက်သွားခဲ့ပါပြီ။ Rinderpest ခေါ် အကောင်တွေမှာဖြစ်တဲ့ ဝက်သက်အုပ်စုဝင်ဗိုင်းရပ်စ်ကူးစက်ရောဂါလည်းပပျောက်ခဲ့ပါပြီ။ ဆက်လက်ကြိုးပမ်းနေတဲ့ ကူးစက်ရောဂါတွေကတော့ Poliomyelitis (polio) ပိုလီယိုအကြောသေရောဂါ၊ Yaws ခေါ် ကာလသားရောဂါ တမျိုးနဲ့ Malaria ငှက်ဖျားရောဂါတွေဖြစ်ပါတယ်။ ဒေသအလိုက် ကင်းရှင်းအောင်လုပ်နေတဲ့ ကူးစက်ရောဂါတွေလည်း ရှိသေးတယ်။ Hookworm ချိတ်သန်ကောင်ရောဂါ၊ Lymphatic filariasis ဆင်ခြေထောက်ရောဂါ၊ Measles ဝက်သက်ရောဂါ၊ Rubella ရူဘဲလေားခေါ် ဂျာမန်ဝက်သက်ရောဂါ၊ Onchocerciasis (river blindness) ခေါ် မြစ်မျက်ကန်းရောဂါ၊ Syphilis ဆစ်ဖလစ်ရောဂါ၊ Rabies ခွေးရူးပြန်ရောဂါတွေဖြစ်ပါတယ်။

တချို့နိုင်ငံတွေမှာ ပိုလီယိုရောဂါကင်းသွားပြီ။ ပါကစ္စတန်မှာတော့ တာလီဘန်တွေကနေ ပိုလီယိုကာကွယ်ဆေး ထိုးသူတွေကို လိုက်သတ်နေတယ်။ အစွန်းရောက်တွေနဲ့ ရှေးရိုးစွဲလွန်းတာတွေမရှိတဲ့နေရာတွေမှာ ရောဂါပိုကင်းပါတယ်။ အဲတာကတော့ တိုင်းပြည်ရဲ့ကံကြမ္မာပေါ့။

ဖတ်စရာများ -
1. Adult Vaccines လူကြီးတွေလဲ ကာကွယ်ဆေးလိုတယ် http://dts-medicaleducation.blogspot.in/2012/06/adult-vaccines.html
2. ARV မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း http://dts-medicaleducation.blogspot.com/2010/05/arv.html
3. BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2013/01/bcg-vaccine.html
4. Chickenpox ရေကျောက် http://dts-medicaleducation.blogspot.in/2012/01/chickenpox.html http://dts-medicaleducation.blogspot.in/2012/01/chickenpox.html
5. Child Immunization Chart ကလေးကာကွယ်ဆေးထိုးဇယား၊ (အသက်အလိုက်) http://dts-medicaleducation.blogspot.in/2013/10/child-immunization-chart.html
6. Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
7. HPV Vaccine for Ca Cx သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2013/08/hpv-vaccine-for-ca-cx.html
8. Pentavalent Vaccine (2) မြန်မာကလေးများအတွက် ကာကွယ်ဆေးသစ် (၂) http://dts-medicaleducation.blogspot.in/2012/02/hepatitis-b-vaccine-hepatitis-b-vaccine.html

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး