Antibiotics for Acne ဝက်ခြံအတွက် ပဋိဇီဝဆေးများ

(၁) ဆရာရှင့် သမီးမျက်နှာရဲ့ နှာခေါင်းဘေးနားမှာ ဝက်ခြံပုန်းလားတော့မသိဘူး အကျိတ်လို အဖုလေးထွက်လာပါတယ်။ ရဲနေပါတယ်။ အရမ်းလည်းနာပါတယ်။ ရုတ်တရက်ကြီးထွက်လာပါတယ်။ ဘာဆေးသောက်သင့်ပါလဲရှင့်။ မေးအောက်မှာရော နှာခေါင်းဘေး ပါးနေရာမှာပါ။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။

(၂) ဆရာ ကျနော်ဝက်ခြံတွေ အရမ်းထွက်နေလို့ပါဆရာ။ ဘာဆေးစားရမလည်းဆရာ။ ဘာအစားစာ ရှောင်သင့်လည်း ဆရာ။ ဝမ်းလည်းအမြဲချုပ်နေတယ်ဆရာ။

(၃) ဆရာရိုသေစွာလေးစားစွာဖြင့် စာထပ်ရေးလိုက်ပါတယ်။ ကျွန်မအခု ကလေးမွေးပြီးတာ တစ်လနဲ့၈ရက်ရှိပါပြီ။ ဗိုက်ခွဲမွေးပါတယ်။ ကိုယ်ဝန်လေးလထဲကထွက်တဲ့ ဝက်ခြံခုမွေးပြီး တလကျော်မှာ ပိုဆိုးလာပါတယ်။ ထိုင်းဖက်သွားပြီး အရေပြားဆရာဝန်ရှာတော့ လိမ်းဆေးနဲ့ အမောင်စလင် (၅ဝဝ အား) မနက်၂ လုံးည ၂ လုံးသောက်ခိုင်းပါတယ်။ ၂ ပါတ်လောက်သောက်ပြီး ဆရာဝန်ထပ်ပြတော့ တလထပ်သောက်ခိုင်းပါတယ်။ ကလေးကို မိခင်နို့တိုက်တဲ့အတွက် ကလေးအတွက် ဘေးထွက်ဆိုးကြိုးဖြစ်နိုင်ပါသလား။ ဆေးသောက်လဲ ဝက်ခြံအသစ်တွေက ထွက်မြဲပါ။ ပြည်ဖု အကြီးကြီးတွေထွက်ပါတယ်။ နား၊ ပါး၊ မေးစေ့၊ ရင်ဘတ်၊ နောက်ကျောတပြင်လုံး မြင်လို့မကောင်းအောင်ထွက်ပါတယ်။ ထိုင်းအရေပြားဆရာဝန်ကတွေ ၆ လလောက်ကုရမယ်လို့ပြောပါတယ်။ မိခင်နို့တိုက်တာဖြစ်တဲ့အတွက် ဆေး ဆက်သောက်သင့် မသင့် အကြံညာဏ်လေးပေးစေလိုပါတယ်။ ကလေးအတွက်ဘေးထွက်ဆိုးကျိုးမရှိပဲ တခြား ဘာဆေးများသောက်သင့်ပါသလဲ။ လေးစားစွာဖြင့်။

Antibiotics ပဋိဇီဝဆေးတွေရဲ့ ဝက်ခြံကိုသက်ရောက်စေနိုင်တဲ့ အစွမ်းတွေထဲမှာ အရေးကြီးဆုံးက (ဗက်တီးးရီးယား) တွေရဲ့ အရေအတွက်ကို သိသိသာသာလျော့နည်းစေတာ ဖြစ်တယ်။ သွေးဖြူဥကြောင့်ဖြစ်ရတဲ့ နေမထိထိုင်မသာ ဖြစ်တာကိုလဲ နည်းစေနိုင်တယ်။ ဝက်ခြံအရည်ထဲမှာ အဆီကိုလဲ လျော့နည်းစေတာမို့ ရောင်ရမ်းခြင်းဖြစ်စဉ်ကို သက်သာစေတယ်။ သတိထားဘို့က ဘယ်ပဋိဇီဝဆေးမဆို အမျိုးသမီးတွေမှာ မွေးလမ်းကြောင်း မှိုဝင်တာ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးရဲ့ အာနိသင်ကိုလဲ ထိခိုက်တတ်တယ်။ ကိုယ်ဝန်ရျိရင် ဆေးရွေးရမယ်။

၁။ Tetracycline (တက်ထွာဆိုက်ကလင်း) ကို အများဆုံး သုံးတယ်။ တခါသောက် 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ဘယ်လောက် ကြာကြာလဲဆိုတာ အတိအကျ ပြောမရဘူး။ သက်သာတဲ့အထိလို့ အကြမ်းပြောလို့ ရတယ်။ နောက်ပိုင်းမှာ တခါသောက် 250 mg တနေ့ ၂ ကြိမ် လျော့နိုင်တယ်။ ဆေးကို အစာမရှိချိန် သောက်တာ ကောင်းတယ်။ အသက် ၉ နှစ်အောက် နဲ့ ကိုယ်ဝန်ဆောင်တွေကို ဒီဆေးမပေးရဘူး။ အဆင်ပြေတာက ဒီလူမျိုးတွေက ဝက်ခြံဖြစ်တတ်သူတွေ မဟုတ်ကြပါ။

၂။ Erythromycin (အရစ်သရိုမိုင်စင်) ကိုလဲ သုံးနိုင်တယ်။ သူက (တက်ထွာဆိုက်ကလင်း) ထက်သာတာက ရောင်ရမ်းခြင်း ဖြစ်စဉ်အတွက် ပိုကောင်းတယ်။ အစားနဲ့လဲ သောက်လို့ရတော့ အစားကြီးတဲ့ ငယ်ရွယ်သူတွေနဲ့ ကိုက်တယ်။ တခါသောက် 250 - 500 mg တနေ့ ၂ ကြိမ်ပေးတယ်။ ပျို့အန်ချင်တာ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တွေလဲ ပေးနိုင်တယ်။

၃။ Minocycline ဆေးကို ပြီတည်နေချိန်မှာ သုံးရင်ကောင်းတယ်။ အစာနဲ့ဝေးရင် ပိုကောင်းတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ ခေါင်းမူး၊ ပျို့-အန်၊ အရေပြားနဲ့ သွားညိုတာတွေ ဖြစ်နိုင်တယ်။

၎။ Doxycycline (တက်ထွာဆိုက်ကလင်း) နဲ့ (အရစ်သရိုမိုင်စင်) သုံးလို့ မထူးခြားသူတွေကို ဒီဆေး ပေးတယ်။ တခါသောက် 50 to 100 mg တနေ့ ၂ ကြိမ်ပေးတယ်။ အစာနဲ့လဲနီးလို့ ရတယ်။ ပျို့ချင်တယ်။ နေရာင်နဲ့ မတည့်ဘူး။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးပါ။ အထဲကကလေးကို ထိခိုက်စေနိုင်တယ်။ သွားတွေ အရောင်မလှ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေရဲ့ သတ္တိကိုလဲ ထိခိုက်နိုင်တယ်။ ကိုယ်ဝန်တားဘို့ တခြာနည်း (Condom, Diaphragm, Spermicide) တခုခုသုံးပါ။

၅။ Clindamycin ဆေးကို တခါသောက် 75 to 150 mg တနေ့ ၂ ကြိမ်ပေးတယ်။ သောက်ဆေးထက် လိမ်းဆေး အဖြစ်သုံးတာ များတယ်။ ဘေးထွက်-ဆိုးကျိုးကတော့ Pseudomembranous colitis, Clostridium difficile အူမကြီးရောင်တတ်တယ်။

၆။ Diane-35 ဆေးထဲမှာ Cyproterone acetate 2 mg နဲ့ Ethinyl estradiol 0.035 mg ဆေးတွေရောပါတယ်။ Cyproterone ဆေးကို Antiandrogens ခေါ်တယ်။ Ethinyl estradiol ဆေးက အီစထိုဂျင်ဟော်မုန်းဖြစ်တယ်။ အမျိုးသမီးတွေမှာ ဆိုးဝါးတဲ့ဝက်ခြံအတွက်ပေးတယ်။ တနေ့ ဆေး ၁ လုံး၊ ၂၁ ရက်ဆက်တိုက်သောက်ရမယ်။ ၇ ရက် နားထားရမယ်။ နေ့တိုင်း ဆေးသောက်ချိန်တူရမယ်။ ရာသီလတလ သွေးစဆင်းတဲ့ပဌမနေ့နေစသောက်ရမယ်။ ဝက်ခြံတွေသက်သာလာပြီးနောက်လည်း ၃-၄ လ ဆက် သောက်သင့်တယ်။ ထပ်ပေါက်လာပြန်ရင်ထပ်သောက်ရပါမယ်။ ကြားရက်သွေးနည်းနည်းစွန်းလည်းဆက်သောက်ပါ။ ကိုယ်ဝန်ရှိနေရင် ဆေးမသောက်ရပါ။ နို့တိုက်မိခင်အတွက် တိတိကျကျတားထားချက်တော့မရှိပါ။ အကျိုးကပိုရင် သောက်နိုင်တယ်။ Cholestatic jaundice အသားဝါရောဂါ ရှိဘူးသူမသောက်သင့်ပါ။ အသည်းမကောင်းသူလည်း မသင့်ပါ။ မျက်စိမှာသွေးကြောရောဂါရှိသူ၊ သွေးခဲရောဂါရှိသူ၊ ရင်သားကင်ဆာရှိသူ၊ ဆီးချို ဆိုးဆိုးဝါးဝါးရှိသူတွေဆေးမသောက်သင့်ပါ။ ဆေးကို တားဆေးအဖြစ်မသုံးသင့်ပါ။ မိုင်ဂရင်းရှိသူ၊ သွေးတိုးများသူလည်းသတိထားရမယ်။ ဘေးထွက်ဆိုးကျိုးများ = ရင်သားနာ၊ အရေပြားမှာ အညိုစက်ဖြစ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လိင်စိတ်ပြောင်း၊ ပျို့၊ အန်၊ ခြေထောက်ရောင်၊ မောပန်း၊ ကိုယ်အလေးချိန်ပြောင်း။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး