Liver cancer early detection အသဲကင်ဆာ စောစောဘယ်လိုသိနိုင်သလဲ

ဆရာခင်ဗျား ကျနော်မှာ ဘီပိုး Positive ဖြစ်နေတာ ၁၉၈၉ ခုနှစ်ကထဲကဖြစ်ပါသည်။ ပြီးခဲ့တဲ့လကသွေးစစ်တော့လဲ ဘီ positive ပါဘဲဆရာ။ ကျနော် ကင်ဆာဖြစ်မှာစိုးရိမ်နေပါသည်။ ရောဂါအနုအရင့်နဲ့ ကင်ဆာအတွက် သွေးစစ်ရမဲ့ အချက်အလက်များကို ဖေါ်ပြပေးပါခင်ဗျာ။

• ခက်တော့ ခက်ပါတယ်။ ရောဂါလက္ခဏာတွေက နောက်ပိုင်းရောက်မှသာ ပေါ်လာတတ်လို့ ဖြစ်ပါတယ်။
• ကင်ဆာအကျိတ်က သေးနေပြန်ရင်လဲ တွေ့ဘို့မလွယ်ပြန်ပါ။
• စောစောသိနိုင်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာအတွက် ဆရာဝန်တွေကြား အယူအဆမတူတာတွေ ရှိပြန်တယ်။
• တချို့က နာတာရှည်ဖြစ်နေတဲ့ အသည်းခြောက်တာကနေ ဆက်ဖြစ်တယ်။
• ဆရာဝန်အများစုက အလားအလာရှိနိုင်သူတွေကို ၆-၁၂ လတခါ ဆေးစစ်ဘို့ လမ်းညွှန်တယ်။
• Alpha-fetoprotein (AFP) သွေးစစ်တာနဲ့ အာလ်ထွာဆောင်းရိုက်တာ ၂ မျိုး လုပ်စေပါတယ်။
(၁) Alpha-fetoprotein (AFP) blood test
- AFP ဆိုတာ ပရိုတင်းတမျိုးဖြစ်တယ်။ သန္ဓေသားဘဝများ အများရှိရှိနေခဲ့ပြီး မွေးလာတဲ့နောက်မှာ နည်း-ပျောက်ကွယ် သွားရမယ်။ လူကြီးအရွယ်မျာ သွေးထဲ အဲတာများနေရင် အသည်းကင်ဆာ ဒါမှမဟုတ် ယောက်ျားဆိုရင် Germ cell tumor of the testicle ကျားအစိကင်ဆာ နဲ့ မိန်းမဆိုရင် Ovarian cancer မျိုးဥအိမ်ကင်ဆာဖြစ်မလား သံသယရှိတယ်။
- ခက်တာက မတိကျလှဘူး။ တချို့ အသည်းကင်ဆာမှာ ဒါကများမနေပြန်ဘူး။ များနေတာတွေ့ပြန်ရင်လဲ ကင်ဆာက ကြီးနေနိုင်တာလဲရှိပြန်သေးတယ်။ တခြားကင်ဆာမဟုတ်တဲ့ရာဂါကနေလဲ အဲဒါတွေများနေတတ်သေးတယ်။
(၂) Ultrasound အာလ်ထွာဆောင်း
- ကင်ဆာရှိနေရင် Masses (Tumors) အလုံး-အကျိတ်တွေ့မယ်။ ဒီနည်းကိုလဲ ၆-၁၂ လတခါလုပ်သင့်တယ်။
• ဘယ်လိုလူတွေက စစ်ဆေးသင့်သလဲ
- Chronic hepatitis B virus (HBV) ဘီပိုးကြောင့် နာတာရှည်အသည်းရောင်နေသူတွေ၊
- မိသားစုထဲမှာ အသည်းကင်ဆာရှိသူတွေ။

ဒေါက်တာတင့်ဆွေ
၁-၃-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး