Change Is Hard ပြင်လွယ်နိုင်ကြစေ

ဆရာ့ Doctor’s name သည်တခါ လူနာမည်ပို့စ်က Comment တခုကို ဆရာတွေ့လိုက်လား။ ကလေးမက သူ့ကို လှောင်တယ်ထင်နေတာ။ သမီးပြောပြလိုက်လို့ Comment ပြန်ဖျက်သွားတယ်။

ဆရာ သတိမထားမိဘူး။

ဟုတ် ဆရာ့မပြတော့ပါဘူး။ သမီးကိုလဲ ပြောထားတာ သူနားလည်သွားလို့ သမီးစပေးထားတဲ့ ကောမန့်ပါ ဖျက်ပေးလိုက်ပါတယ်။

ကောင်းတယ်။ လူတချို့က ပြောပြရင် နားလည်လက်ခံကြတယ်။ မှားတာကိုထောက်ပြရင် ပြင်ကြတယ်။ တယောက်ပြင်ပြင် အကျိုးရှိလို့ ဆရာလည်း ကြိုးစားနေတာ။

ဟုတ်ဆရာ။

The Five Stages of Change စိတ်ဆေးပညာမှာ အပြောင်းအလဲဟာ ခက်ခဲတယ်။ အဆင့်ငါးဆင့်နဲ့ ကြိုးစားပါလို့ရှိတယ်။

၁။ Precontemplation ပြောင်းလဲဘို့ လိုအပ်တယ်၊ လုပ်ချင်တယ်လို့ အသိမရှိသေးတဲ့အဆင့်။
၂။ Contemplation အဲလို ပြောင်းလဲဘို့ လိုအပ်တယ်၊ လုပ်ချင်တယ်လို့ အသိစရှိလာတဲ့အဆင့်။
၃။ Preparation ပြောင်းလဲဘို့ စလုပ်လာတဲ့အဆင့်။
၎။ Action ပြောင်းလဲဘို့ တကယ်လုပ်တဲ့အဆင့်။
၅။ Maintenance အကျင့်ကောင်းကို ဆက်ထိန်းတဲ့အဆင့်။

ဆိုဆုံးမရအလွယ်ကူဆုံးလို့ မြတ်စွာဘုရားက ချီးမြှောက်ခံရသူဟာ ရှင်ရာဟုလာ (သားတော်) လို့ ဖတ်ရဖူးတယ်။ အဲဒီဆုမျိုး ဆုပန်ရမလား တခါတခါစဉ်းစားမိတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၆
၂၁-၅-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး