100 Days ရက် ၁ဝဝ

အစိုးရသစ်နဲ့အတူ ရက် (၁ဝဝ) အစီအမံတွေ ဆက်တိုက်ဆိုသလို ကြားသိမြင်တွေ့လာရပါတယ်။ ဗဟိုအဆင့်သာမက တိုင်းနဲ့ပြည်နယ်တွေမှာလည်းရှိတယ်။ အဲတာကို ပြောစရာရှိသူတွေက ပြောကြတာလည်းဖတ်ရပါတယ်။ ရက် ၁ဝဝ အစိုးရ လို့ ကင်ပွန်းတပ်ပေးတာတခုလည်းပါတယ်။

ရုစ်ဗဲ့ ပဌမဆုံးရက် (၁ဝဝ) စာတပုဒ်ကို ၆-၃-၂ဝ၁၆ နေ့က ရေးခဲ့ပါတယ်။ အမေရိကန်သမတဖြစ်ခဲ့သူ ဖရင့်ကလင် ဒီ ရုစ်ဗဲ့ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပေါင်း (၁ဝဝ) မှာ ဘာတွေလုပ်ခဲ့သလည်း၊ ဘဏ်စနစ်ပြုပြင်မွမ်းမံရေး လုပ်ခဲ့တယ်။ အစိုးရအသုံးစရိတ် အများကြီးသုံးတယ်။ စီးပွါးရေး တိုးတက်လာအောင် နှိုးဆွပေးဖြစ်တယ်။ သူဟာ စတုတ္တအကြိမ်ထိ သမတဖြစ်ခဲ့သူဖြစ်တယ်။ သူ့ကိုတော့ ဘယ်အမေရိကန်ကမှ ရက် ၁ဝဝ သမတလို့မခေါ်ပါ။

အိန္ဒိယမှာ ရုပ်ရှင်ကမ္ဘာလို့ခေါ်ရမယ့် (ဘောလီဝုဒ်) ရုပ်ရှင်တကာကလည်း 100 Days ခေါ်တယ်။ ၁၉၉၁ က ထွက်တယ်။ နာမည်ကြီးမင်းသမီး Madhuri Dixit ပါတယ်။ ထူခြားတဲ့အာရုံခံနိုင်စွမ်း Extrasensory perception ရှိတဲ့ အမျိုးသမီး တယောက်အကြောင်း ရိုက်ထားတာပါ။ နာမည်အတော်ကြီးတယ်။ (မဒူရီ ဒစ်ဇစ်) ကိုလည်း ဘယ်အင်ဒီးယန်းကမှ ရက် ၁ဝဝ မင်းသမီးလို့ မခေါ်ကြပါ။

ဒီစာလေးရေးနေရင်း RFA ကနေ မေဇာရဲ့ဆောင်းပါးလာနေပါတယ်။ နိဂုံးမှာ သခင်ကိုယ်တော်မှိုင်းစကား ငှားပါတယ်ဆိုတဲ့ (ကလက်တက်တက်၊ ပျက်တက်တက်နဲ့ ရက်ရက်စက်စက်ပြောတတ်သူ) ဆိုတာကို ကြားမိလိုက်ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး